Can United or Can't

in HIVE-MYANMAR8 days ago

EPL Round 27 ၏ ပွဲစဉ် 4 ပွဲကတော့ ဒီနေ့ မနက် 2 နာရီဝန်းကျင်တွေမှာ ကစားသွားခဲ့ပါတယ်။ Round 26 တုန်းက ရှုံးပွဲ တွေ့ခဲ့တဲ့ Chelsea တို့ Round 27 မှာ နိုင်ပွဲ ပြန်ရခဲ့ပါတယ်။ အိမ်ကွင်းမှာ Southampton ကို 4-0 နဲ့ အနိုင်ယူပြီး အဆင့် 4 နေရာကို တက်လှမ်းလာခဲ့ပါပြီ။ နက်ဖြန် မနက်မှာတော့ လက်ကျန်ပွဲစဉ်တွေထဲကမှ 5 ပွဲ ကစားမှာ ဖြစ်ပြီး သဘတ်ခါမှာတော့ တပွဲ ကစားသွားဖို့ ရှိပါမယ်။

နက်ဖြန် ပွဲစဉ်ထဲမှာ စိတ်ဒုက္ခပေးနေကြ အသည်းကျော် Man United ၏ ပွဲစဉ်လည်း ရှိနေပါသေးတယ်။ အိမ်ကွင်းမှာ Ipswich နဲ့ပါ။ နိုင်ချင်နိုင် ရှုံးချင်ရှုံး စိတ်ထဲ သိပ် အတေးအမှတ် မထားနေတော့ပေ။ စိတ်နှစ်ရင် နှစ်သလောက် ခံစားရလို့ပါ။ နက်ဖြန်မှာလည်း အကြိတ်အနယ် ဖြစ်မည့် ပွဲကောင်းတွေပါ၏။ နို့ပေမယ့် မြန်မာစံတော်ချိန်နဲ့ တွက်ရင် မနက်ခင်း အစောတွေမို့ မကြည့်ဖြစ်လောက်ပေ။

ချန်ပီယံ အိပ်မက် အသက် ဆက်နိုင် မဆက်နိုင်ကို ထပ်ပြီး အစမ်းသပ် ခံရမယ့် Arsenal, Nottm Forest ၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ Arsenal က အဆင့် 2, Nottm Forest က အဆင့် 3 မှာ ရပ်တည်နေ၏။ Forest တို့ အနေဖြင့် ချန်ပီယံ မဖြစ်နိုင်တော့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခွင့်အရေး ရှိနေသည်မို့ Arsenal ကို ကောင်းကောင်း ဒုက္ခ ပေးပေလိမ့်မည်။ Arsenal ၏ EPL အိပ်မက် ဆက်လက် ရှင်သန် နေဦးမလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။

Round 26 မှာ Liverpool ကို အရှုံးပေးခဲ့ရသည့် Man City အနေနဲ့က ဒီရာသီမှာ သူ့ကို ဒုက္ခ ပေးနေသည့် Tottenham နဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရပေဦးမည်။ အိမ်ရှင် Tottenham က ဧည့်သည် City ကို ဘယ်လိုများ ဧည့်ခံ လေဦးမလဲက စိတ်ဝင်စားစရာပင်။

Liverpool vs New Castle ပွဲကလည်း ကြည့်ကောင်းမှာ အမှန်ပင်။ Liverpool အနေနဲ့ Arsenal ကို ယခုထက်ပိုပြီး အမှတ်ဖြတ်ထားနိုင်ဖို့ ဒီပွဲကို အနိုင်ကစားဖို့ လိုသလို New Castle အနေဖြင့်လည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် Liverpool ကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ဖို့ လို၏။ သူများ အသင်းတွေ မျှော်လင့်ချက် ကိုယ်စီဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေကြချိန် ကိုယ်တွေ United မှာတော့ ခုထက် ပိုမဆိုးသွားရင် ရပါပြီလေ ဆိုသည့် စိတ်လေးဖြင့်သာ စိတ်နာနာနဲ့ ဆက်လက် အားပေးနေရလေတော့၏။

Sort:  

!MEME. !LUV. !LOLZ

What is Victorias Secret?
High prices.

Credit: reddit
$LOLZ on behalf of chanmin

(6/6)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP@donjaun, I sent you an

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

PIZZA!

$PIZZA slices delivered:
(4/5) @hiq.smartbot tipped @donjaun