Champion League Round of 16

in HIVE-MYANMARyesterday

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁၂ နာရီ ၁၅ မိနစ်နှင့် ၂ နာရီခွဲ ချိန်တွေမှာ Champion League Round of 16 ပွဲစဉ် ၈ ပွဲထဲကမှ ၄ ပွဲ ကစားခဲ့ပါတယ်။ နက်ဖြန်မှာတော့ ကျန် ပွဲစဉ် ၄ ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ၄ ပွဲမှာ ၁ ပွဲသာ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ကျန် ၃ ပွဲက အနိုင်အရှုံး ပေါ်ခဲ့ပါတယ်။ Dortmund vs Lille တို့ ပွဲစဉ်ကတော့ တဖက် 1 ဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယအကျော့ Lille အိမ်ကွင်းမှာတော့ ကြည့်ကောင်းဦးမယ့် သဘောပါပဲ။

ထင်မှတ်မထားဘဲ ဂိုးပြတ်သွားတာကတော့ Arsenal အသင်းပဲ ဖြစ်ပါတယ်။ PSV ကို အဝေးကွင်းမှာ 1-7 ဖြင့် အနိုင်ရသွား ခဲ့ပါတယ်။ Arsenal တို့ ကွာတားဖိုင်နယ် အဆင့် တက်သွားပြီလို့တောင် ပြောလို့ရနေပါသည်။ PSV အနေနဲ့ Arsenal ရဲ့ အိမ်ကွင်းကြီးမှာ 7 ဂိုး သွင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။

နောက်ထပ် မထင်မှတ်တာတွေ လုပ်ပြနေတာက Aston Villa ပါ။ တခြား နာမည်ကျော် အသင်းတွေလို Round of 16 Play Off လည်း မကစားရဘဲ တိုက်ရိုက်ဝင်ခွင့်နဲ့ တက်လာခဲ့တာပါ။ အုပ်စု ပွဲစဉ်တွေမှာ ပြသခဲ့တဲ့ ပုံစံကောင်းကို သူတို့ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ Club Brugge ကို အဝေးကွင်းမှာ 1-3 ဂိုး ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ နောက်တဆင့် တက်ဖို့ 80% လောက် သေချာသွားပြီ ပြောလို့ရပါတယ်။ အိမ်ကွင်းမှာတော့ သူတို့ မရှုံးလောက်ပါဘူးလေ။ 1 ဂိုး အသာနဲ့ ရှုံးရင်တောင် Aston Villa တို့က နောက်တဆင့် တက်နိုင်သေးသည် မဟုတ်လား။

Madrid Derby ကတော့ Real Madrid က Athletico Madrid ကို 2-1 ဂိုးဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Athletico Madrid ရဲ့ အိမ်ကွင်းမှာ ဘယ်လို တုန့်ပြန် ကစားမယ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Champion League မှာ Real နဲ့ ဆုံတိုင်း ပြိုင်ပွဲကနေ ထွက်နေရတဲ့ Athletico တို့ အနေနဲ့ ဒီနှစ်မှာ ဒီကျိန်စာဆိုးကို ခြေဖျက် နိုင်မလားကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရပါဦးမည်။

နက်ဖြန် မနက် ၁၂ နာရီ ၁၅ မိနစ်နဲ့ ၂ နာရီခွဲ တွေမှာ ကျန် ပွဲစဉ် ၄ ပွဲကို ကစားကြမှာ ဖြစ်ပါတယ်။ Bayern Munchen vs Leverkusen, PSG vs Liverpool တို့ရဲ့ ပွဲစဉ်ကတော့ ပရိတ်သတ် အကြိုက်တွေ့မယ့် ပွဲစဉ် ဖြစ်မှာ အသေအချာပါပဲ။

Sort:  

@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @donjaun gets !COFFEE from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our