Congratulations New Castle United

in HIVE-MYANMAR12 days ago

Super Sunday ၏ ပွဲစဉ်တွေက ကြည့်ကောင်းပြီး အကြိတ်အနယ် ရှိလှ၏။ ဧည့်သည် အသင်းတွေ အရှုံးနဲ့ ရင်ဆိုင်ကြရ၏။ United က လွဲလို့ပေါ့လေ။ Tottenham က အဝေးကွင်းမှာ Fulham ကို 2-0 နဲ့ရှုံးပြီး Chelsea က Arsenal ကို 1-0 နဲ့ ရှုံးခဲ့၏။ ယခုပွဲစဉ် အနိုင်ရမှုကြောင့် Fulham က အဆင့် 8 နေရာသို့ တက်လှမ်း လာနိုင်ခဲ့၏။ Arsenal & Chelsea တို့ကတော့ ပိုနေမြဲ ကျားနေမြဲ အဆင့် 2 နဲ့ အဆင့် 4 နေရာမှာပဲ ရပ်တည်နေ၏။ ယခုပွဲ ရှုံးနိမ့်မှုကြောင့် Chelsea အသင်း၏ အဆင့် 4 နေရာကလည်း ချိန်းချောက်ခံ စိုးရိမ်စရာ အခြေအနေသို့ ရောက်သွားပြီ ဖြစ်၏။

Super Sunday မှာ EPL ပွဲတွေ အပြင် EFL Cup final ပွဲစဉ်လည်း ရှိ၏။ Liverpool vs New Castle တို့၏ ပွဲစဉ် ဖြစ်၏။ မနှစ်က ချန်ပီယံ Liverpool ကပဲ ဒီနှစ်မှာပါ ချန်ပီယံ ထပ်ဖြစ်သွားမလား ဒါမှမဟုတ် 2022/23 မှာ ဗိုလ်လုပွဲထိ တက်လှမ်းနိုင်ခဲ့တဲ့ New Castle ကပဲ ဒီနှစ်မှာ ချန်ပီယံ ဖြစ်သွားမလားက စိတ်ဝင်စားစရာပင်။ 2022/23 တုန်းက New Castle တို့ Final မှာ United ကို 2-0 နဲ့ ရှုံးနိမ့်ကာ ချန်ပီယံ ဖြစ်ခွင့် လက်လွှတ်ခဲ့ရ၏။ ဒီနှစ်မှာတော့ ကံကြမ္မာက သူတို့ကို မျက်နှာသာ ပေးလေမလားပေါ့။

Liverpool အနေနဲ့ကလည်း Champion League မှာ Round of 16 အဆင့်ကနေပဲ ထွက်ခွာခဲ့ရသည့် နာကျင်မှုကလည်း ရှိနေသေး၏။ အဆိုပါ ဒဏ်ရာကို ကုစားဖို့ ယခု ဖလားကလည်း အရကို ယူရမည့် ဖလား ဖြစ်၏။ ပြီး သူတို့က မနှစ်က ချန်ပီယံ မလား။ တကယ် ယှဉ်ပြိုင် ကစားချိန်မှာတော့ တဖက်နဲ့ တဖက် အကြိတ်အနယ်ရှိလှသည့် ပွဲကောင်း ဖြစ်ခဲ့၏။ Liverpool ထက်စာရင် New Castle က ကစားပုံ ပိုမို ကောင်းမွန်ခဲ့၏။ အဓိကကတော့ စိတ်ဓါတ် ဖြစ်၏။ New Castle အသင်း၏ နိုင်လိုစိတ် ပြင်းပြမှုက Liverpool အသင်းထက်ကို သာလွန်နေခဲ့၏။ သူတို့ ကစားနိုင်တာထက် ပိုပြီးတော့ကို ရေကုန် ရေခမ်း ကြိုးစားခဲ့ကြ၏။

New Castle တို့ 1-2 ဖြင့် အနိုင်ရပြီး Carabao Cup ချန်ပီယံ ဖြစ်သွားခဲ့၏။ နှစ်ပေါင်း 70 နီးပါး ဖလား တစုံတခု မရရှိခဲ့မှုကိုလည်း သူတို့ အဆုံးသတ်လိုက်နိုင်ပြီ ဖြစ်၏။ 2022/23 တုန်းက ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရသူတွေ ယခုနှစ်မှာတော့ အနိုင်ရ ဗိုလ်စွဲ နိုင်ခဲ့ပြီ ဖြစ်၏။ New Castle အသင်း ကစားသွားတာများ တကယ်ကို ဩချရလောက်အောင် ကောင်းလွန်းပါ၏။ ကစားသမားတွေ ပရိတ်သတ်တွေ ပျော်ရွှင်စွာ အောင်ပွဲခံကြတာ မြင်တော့ ကိုယ်ပါ အပျော်တွေ ကူးစက်လာခဲ့၏။ ဂုဏ်ယူပါတယ် New Castle ရေ။

မနေ့က New Castle အတွက် ပျော်ရသလို Man United အတွက်လည်း ဝမ်းသာရ၏။ Leicester City အသင်းကို 0-3 ဖြင့် ဂိုးပြတ် အနိုင်ရခဲ့၏။ ဒီတပတ် အတွင်း နှစ်ပွဲဆက် ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်၏။ သိပ်ပြီး ကျေနပ်ဖို့ မကောင်းတာက ဂိုးပြတ်သည့်ပွဲတွေကို Live မကြည့်ရခြင်း ဖြစ်၏။ မနက်ခင်း 1 နာရီခွဲ၊ 2 နာရီတွေဆိုတော့ မကြည့်နိုင်တော့ပေ။ ဘာပဲ ပြောပြော ကိုယ် မကြည့်ရ၊ မကြည့်နိုင်ပေမယ့် United နိုင်တယ် ဆိုတာလေး ကြားရ မြင်ရရင် ကျေနပ် ပါပြီလေ။ သိပ် ညမနက်တဲ့ အစောပိုင်း ပွဲချိန်တွေဆိုရင်တော့ ကြည့်ဖြစ်လေ့ ရှိပါတယ်။ စိတ်ညစ်စရာ အစား ပျော်ရွှင်စရာသာ ထပ်ပေးတဲ့ United ကိုလည်း ကျေးဇူး တင်ပါတယ်လို့။

(photos from respective Facebook pages)

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

PIZZA!
Hive.Pizza upvoted this post.

$PIZZA slices delivered:
(1/5) @hiq.smartbot tipped @donjaun

You can now send $PIZZA tips in Discord via tip.cc!