ကိုအရိုး ရေးပြီး ကိုကျား ဆိုသည့် 33 သီချင်းစာသားလိုပေါ့။ မဆိုချင်ပေမယ့်လည်း အစအဆုံး တခေါက်ထပ် ဆိုဦးမယ်လို မပြောချင် မရေးချင်ပေမယ့်လည်း ထပ်ပြော ထပ်ရေး ပါဦးမည်။ သိကြသည့် အတိုင်း United ပေါ့။ မပျော်ရတဲ့ ကိုယ်တွေ အဖို့ ထပ်ဆင့် မပျော်ရသည့် အဖြစ်။ စိတ်ဒုက္ခတွေ ထပ်ခါ ထပ်ခါ ပေးနေသည့် အသင်း။ ဒါကြီးကိုပဲ ခဏခဏ mention လုပ်နေရတာ United fan တယောက်အဖို့ မခံချိမခံသာပင်။ အသင်း အခြေအနေ အမှန်ကလည်း ဒါပဲကိုး။
ဂလေဇာ မိသားစု လက်ထဲ ရောက်ပြီး ကတည်းက အသင်းက တဖြည်းဖြည်း လုံးပါး ပါးလာခဲ့၏။ အသင်း တိုးတက်ဖို့ အရေးထက် သူတို့ မိသားစု အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ ဦးတည်သည့် တဘို့ (တဖို့) ထဲ သမားတွေ လက်ထဲမှာ အသေး၏ အခြေအနေက ဆိုးပြီးရင်း ဆိုးလို့သာ လာခဲ့၏။ Sir Alex အလွန်မှာ ဘယ်နည်းပြမှ နှစ်ရှည်ကြာစွာ ကိုင်တွယ်ခဲ့ရသည်လို့ မရှိပေ။
နည်းပြတို့၏ သင်္ချိုင်းဟု ပြောရလောက်အောင် United ကို ရောက်လာသည့် နည်းပြတိုင်း အဆင်ပြေခဲ့သည်ဟု မရှိပေ။ တနည်း မဟုတ် တနည်း၊ အကြောင်း တခုခုကြောင့် အသင်းနဲ့ လမ်းခွဲ နှုတ်ဆက်ခဲ့ရသည် ချည်းပင်။ ပြီး ကောင်းသော လမ်းခွဲခြင်းမျိုးလည်း မဖြစ်ခဲ့ပေ။ သူ့ဟာနဲ့သူ၊ သူ့နေရာမှာ သူ အောင်မြင်နေသည့် နည်းပြများ ဖြစ်နေစေကာမူ United ကို ရောက်လာပါက ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရလေတော့၏။
နည်းပြ တွေတင်ပဲလား ဆိုတော့ မဟုတ်ပေ။ ကစားသမားတွေကလည်း ဟုတ်ကို မဟုတ်နေပေ။ အဟောင်းတွေက မစွံ၊ အသစ်ခေါ်ထားတဲ့ ကစားသမားတွေက ဖိအားဒဏ် မခံနိုင်နဲ့ အသင်းက ဘယ်လိုမှ မျှခြေမှာ မရှိနေခဲ့ပေ။
United မှာ Format မရှိတော့တာ သေချာ၏။ ဘယ်ကတည်းကလဲ ဆိုရင် နည်းပြကြီး Sir Alex ထွက်ခွာ သွားပြီး ကတည်းကဟု ဆိုရပေလိမ့်မည်။ Sir Alex အနားမယူခင် ကတည်းက ထိုအချက်ကို စိုးရိမ် မိခဲ့၏။ ခုတော့ စိုးရိမ် မိတဲ့ အတိုင်း တကယ်ကို ဖြစ်လို့လာခဲ့၏။ ဘယ်အထိ ဆက်ဖြစ်နေမှာလဲ ဘယ်တော့ ရပ်တည့် သွားမလဲကတော့ မပြောတတ်သေးပေ။
!PIZZA
!MEME
Credit: idmr500
Earn Crypto for your Memes @ HiveMe.me!
Hive.Pizza upvoted this post.
$PIZZA slices delivered:
(1/10) @htwegyi tipped @donjaun
Join us in Discord!
!LOLZ
!MEME
lolztoken.com
Because he hated capitalism.
Credit: reddit
$LOLZ on behalf of chanmin
(3/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.@donjaun, I sent you an
Credit: antisocialist
Earn Crypto for your Memes @ HiveMe.me!