Earthquake App

in HIVE-MYANMAR11 days ago

Weather app ဆိုပြီး သီးသန့် သုံးလေ့ မရှိပေ။ Phone မှာ build in ပါသည့် weather app လောက်သာ သုံးဖြစ်၏။ ကျနော့် အတွက် မလိုဟုလို့လည်း တွေးထားလို့လည်း ပါမပေါ့။ ပြီး ကျနော်နေသည့် ဒေသမှာက သဘာဝ ဘေးအန္တရာယ် ကျရောက်ဖို့ ခဲယဉ်း တနည်းအားဖြင့် မကျရောက်သေး၊ ကျရောက်ဖို့ မရှိနေတာကြောင့်လည်း ပါမည် ထင်ပါ၏။ မည်သို့ပင် ဆိုစေကာမူ သဘာဝဘေးကတော့ အချိန် နေရာ မရွေး ဖြစ်ပေါ် လာနိုင်သည် မဟုတ်လား။ သိပ်မသုံး ဖြစ်ဘူး ဆိုပေမယ့်လည်း ဖြစ်ပေါ် ပြောင်းလဲ လာသည့် သဘာဝ ပတ်ဝန်းကျင် ရေမြေ အနေအထားတွေကိုတော့ မျက်ခြေမပြတ် လေ့လာ စောင့်ကြည့် ဖြစ်ပါ၏။

28 ရက်နေ့ ငလျင်ကြီး လှုပ်ပြီးနောက်မှာတော့ ငလျင်နဲ့ ပတ်သက်ပြီး ပိုပြီး သတိထားမိလာ၏။ ကျနော်တို့မြို့က စစ်ကိုင်း ပြတ်ရွေ့နဲ့ ဆက်စပ်မှု ရှိနေ၏။ ထို့ကြောင့် အခြား ဘေးအန္တရာယ်ထက် စာရင် ငလျင်ကိုတော့ ပိုပြီး သတိထားရမည် ဖြစ်၏။ ငလျင်နဲ့ ပတ်သက်သည့် Telegram Channel မှာတော့ join ထား၏။ (https://t.me/mm_earthquake_alert) ဒါပေမယ့် App လေး ဘာလေးလည်း လိုရမယ်ရ install လုပ်ထားရင် ကောင်းမလား ဆိုပြီး DeepSeek မှာ သွားမေးလိုက်၏။

သူ suggestion ပေးသည့် App တွေထဲကမှ တခုကို download လုပ်လိုက်၏။ My Earthquake Alerts - Map ဆိုသည့် App လေး ဖြစ်၏။ ‌Download ဆွဲပြီး location ထဲမှာ Myanmar ရွေးထားလိုက်၏။ အဆိုပါ App က တကမ္ဘာလုံးက ငလျင် အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ update လုပ်ပေး၏။ သူခိုး ပြေးမှ ထိုးကွင်း ထတယ်ပဲ ဆိုဆို ခုလိုတွေ ကြုံဆုံရမှ ငလျင် အသိ၊ ငလျင် သတိတွေ နိုးကြားလို့ လာခဲ့၏။

ခုမှ သတိဆိုတာ ပိုတယ်လို့ မရှိကို သေချာ နားလည် သဘောပေါက် လက်ခံမိလေတော့၏။ အာဏာသိမ်း ခံရပြီး နောက်ပိုင်း နှစ်တွေမှာ ကိုယ်တွေ ပြည်သူတွေမှာ ဘေးဒုက္ခ ပေါင်းစုံနဲ့ကို ကြုံနေရ၏။ နောင် ကြုံစရာ အဆိုးတွေ မရှိရတော့လောက်အောင်ထိကို ကြုံဆုံရသည့် အဆိုးတွေက များလွန်းလှ၏။ လက်မခံ နိုင်လောက်အောင် များပြား လွန်းလှ၏။ လက်မခံ နိုင်လည်း လက်ခံ နိုင်အောင် ကြိုးစားကြရုံပေါ့။ ဒါတွေ ကြုံကို ကြုံရမယ့် ကံက ပါလာခဲ့ပြီကိုး။

အဆိုးတွေ ပြီးရင်တော့ အကောင်းတွေ လာမှာပါလေ။ အကောင်း လာနိုး လာနိုး မျှော်နေရာကနေ အဆိုးတွေ ထပ်မလာဖို့ကိုလည်း ဆုတောင်း နေမိ၏။ အဆိုးတွေ ဒီမျှနဲ့သာ ကုန်ပါစေတော့။

Sort:  

အဆိုးတွေ ကုန်သင့်ပါပြီလေ။
!hiqvote
!PIZZA
!MEME

PIZZA!

$PIZZA slices delivered:
(1/10) @htwegyi tipped @donjaun

Moon is coming

!LOLZ. !MEME

Why was an insomniac shot by the police?
He was resisting a rest.

Credit: reddit
$LOLZ on behalf of chanmin

(4/6)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP@donjaun, I sent you an

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the March PUM Winners
Feedback from the April Hive Power Up Day
Hive Power Up Month Challenge - March 2025 Winners List