GG United

in HIVE-MYANMAR4 days ago

ဒီနေ့ညမှာတော့ United အသင်း၏ ပွဲစဉ်တွေ ရှိနေ၏။ Men & Women နှစ်သင်းလုံး၏ ပွဲစဉ်များ ဖြစ်၏။ Men အသင်းက FA, Women အသင်းက WSL ပွဲစဉ်တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ မြန်မာစံတော်ချိန် ည 7 နာရီမှာ Man United women vs Leicester City women, ည 11 နာရီမှာ FA Cup Round 5 ပွဲစဉ် အဖြစ် Man United vs Fulham တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။

8 ပွဲသာ ကစားဖို့ ကျန်တော့သည့် WSL မှာ Chelsea women အသင်းက အမှတ် 40 ဖြင့် ဦးဆောင်ထား၏။ United women အသင်းကတော့ 33 မှတ်ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေ၏။ တတိယ နေရာမှာတော့ Arsenal women အသင်းက အမှတ် 30 ဖြင့် ရပ်တည်နေ၏။ United women အသင်း အနေနဲ့ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးက အတော်လေး နည်းလို့နေခဲ့၏။ အဆင့် 1 က Chelsea women အသင်း ခြေချော်ဖို့က တကယ်တမ်းတော့ မလွယ်လှပေ။ တပွဲတလေ မဟုတ် သုံးပွဲလောက် ခြေချော်မှသာ United women အသင်းဖို့ မျှော်လင့်လို့ ရမည် ဖြစ်၏။

သူများ ခြေချော်တာ စောင့်နေရင်းက ကိုယ် မချော်သွားဖို့လည်း လို၏။ WSL မှာ Chelsea အမျိုးသမီးအသင်းက အစဉ်အလာ သမိုင်းကျောင်း ရှိသည့် အသင်း ဖြစ်၏။ ကစားပြီးထားသည့် 14 ပွဲမှာ 13 ပွဲနိုင်၊ 1 ပွဲ သရေ ဆိုသည့် ကောင်းမွန်သော ရလဒ်ကို ရေးထိုးထားနိုင်၏။ မဖြစ်နိုင် ဆိုပေမယ့်လည်း မျှော်တော့ မျှော်လင့်မိတာပေါ့လေ။ ပထမ မဟုတ်ခဲ့ရင်လည်း ချန်ပီယံလိဂ် ဝင်ခွင့်ရသည့် ဒုတိယ နေရာဆိုရင်လည်း မဆိုးဘူးမလား။ နောက်ထပ် ဒုတိယ အဆင့်နဲ့ ရာသီသိမ်းသော နှစ်တနှစ် ထပ်တိုးတာပေါ့။ နို့ပေမယ့် မမြင်နိုင်သည့် ကံကြမ္မာ ရှိနေသေးသည်မို့ ကိုယ့်အလုပ်ကို ကိုယ် အကောင်းဆုံး ကြိုးစားနေဖို့ လို၏။

EPL မှာ ခြေစွမ်း မပြနိုင်နေပေမယ့် Cup ပွဲစဉ်တွေမှာ ဆိုရင်တော့ မဆိုးဘူးဟု ပြောလို့ရသည့် United အဖို့ Fulham ကိုတော့ ကျော်ဖြတ်နိုင်မယ် ထင်ပါရဲ့။ Fulham က လွယ်ကူသော ပြိုင်ဘက်ရယ်လို့ မဟုတ်ပေမယ့် ခက်ခဲနေသည့် ပြိုင်ဘက်မျိုးလည်း မဟုတ်နေပြန်ပေ။ United သာ သေချာ ကစားရင် Fulham ကို အနိုင်ရနိုင်ပါ၏။ ည 11 နာရီဆိုတော့ ကြည့် ဖြစ်မယ် ထင်ပါ၏။

ကျနော့်လိုပဲ United အားပေးသည့် သူငယ်ချင်းကတော့ ဘောလုံးပွဲ ကြည့်ခြင်းကို ရပ်နားထားသည် ဆို၏။ မီးမလာ၊ အင်တာနက် မကောင်းလို့လား မေးမိတော့ မဟုတ်၊ United က တလွဲတွေ လုပ်နေလို့တဲ့လေ။ ကျနော်ကတော့ တလွဲတွေ လုပ်နေသည့် United ကို ဆက်လက် အားပေးနေပါဦးမည်။ ချစ်မိခဲ့ပြီးမှတော့ ဆက်လက် အားပေးရုံပေါ့။

(photos from Manchester United Facebook pages)

Sort:  

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the February PUM Winners
Feedback from the March Hive Power Up Day
Hive Power Up Month Challenge - February 2025 Winners List

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our