ဒီရက်ပိုင်း ပိုစ့်တင်ဖို့ အတော်လေး လုပ်နေရသလို ဖြစ်နေ၏။ ဘာတွေ အလုပ်များနေလို့လဲ မေးက ကျနော် မဖြေတတ်။ ဘာမှန်းတော့ မသိ၊ ရှုပ်တော့ ရှုပ်နေခဲ့၏။ တရက်သားကဆို ပိုစ့် မတင်လိုက်ရပေ။ ပိုစ့် တင်ရမည့် အချိန် ရောက်သည့်တိုင် ရေးထားပြီးသည့် စာပိုဒ်က 2 ပိုဒ်ခွဲလောက်သာ ရှိနေသေးသဖြင့် စိတ်လျော့ကာ ပိုစ့် တင်ဖို့ကို နောက်ဆုတ်လိုက်ရ၏။
နဂို ကတည်းက Quality content မဖြစ်နေပါဘူးဆို ခပ်လောလောတွေ သွားရေးမိပါက ဘယ်လိုမှ ဖတ်လို့ အဆင်ပြေမည် မဟုတ်ပေ။ စာလုံးရေ ပြည့်၊ စာပိုဒ်ရေ ပြည့်သည် ဆိုရုံလေးသာ ဖြစ်နေပေလိမ့်မည်။ Perfect မဖြစ်နေရင်တောင် အနေအထားတခု၊ တန်းတခု ရှိသည့် စာမျိုး ဖြစ်စေချင်၏။ ပိုစ့် ဖြစ် ပြီးရော ရေးမတင်ချင်ပေ။ (ထိုသို့ ပြောပြီး ပိုစ့် ဖြစ် ပြီးရော စာတွေပဲ ရေးဖြစ်နေတယ်လို့ ကိုယ့်ကို ခံစားမိနေပါရော)
တကယ်တော့ စာကို ကြိုရေးထားသင့်၏။ ပိုစ့် တင်ခါနားနီးမှ ကောက်ရေးတော့ အချိန် မမှီဘဲ ဖြစ်ရလေ၏။ အကောင်းဆုံးက တရက် ကြိုရေးခြင်း ဖြစ်၏။ လွန်လေပြီးသော လတုန်းက ပိုစ့်တွေ အများကြီး တင်ကြို ရေးထား ဖြစ်၏။ နို့ပေမယ့် အဆိုပါ စာတွေကို ခုရက်ပိုင်း အတွက်လည်း မတင်ချင်နေပြန်ပေ။ အသစ်ရေး ပြန်တော့ အလျင်က မမှီတော့ပေ။
ညနေ ပိုစ့်တင်နေကြ ဆိုပါက မနက်ပိုင်း ကတည်းက ကြိုပြီး ရေးထားသင့်၏။ ညနေ ၅ နာရီ ပိုစ့်တင်မယ် ဆိုက ညနေ ၄ နာရီလောက်မှာ စာကို အပြီးရေးထား နိုင်ရင် ပိုကောင်း၏။ ခု ကျနော် ဖြစ်နေတာက ပိုစ့်တင်ချိန် နီးနေရုံသာ မက တင်ချိန် ကျော်သွားသည့်တိုင် စာရေးလို့ မပြီးနေခြင်း ဖြစ်၏။
တချို့ရက်တွေမှာ မနက်ကတည်းက ရေးလို့ရပေမယ့် အလုပ်များသည့်ရက်မျိုးတွေမှာတော့ နေ့လည်မှပဲ ရေး ဖြစ်တော့၏။ ဒါတောင် တခါတလေ ညနေ ထိ မရေးဖြစ်သေးတာမျိုးလည်း ရှိတတ်၏။ အမှန်တော့ မရှက်တမ်း ဝန်ခံရရင် ကျနော် အပျင်းထူ၊ အချိန်ဆွဲနေမိလို့သာ အချိန်မှီ ရေးမပြီးလို့ ပိုစ့် မတက်ရခြင်း ဖြစ်၏။ ထိုသို့ ဖြစ်တာ ဒီလထဲ ၂ ကြိမ် ရှိသွားခဲ့ပြီ။ ကျနော့် အတွက်တော့ မည်သည့် နည်းနှင့်မျှ လက်မခံ ချင်စရာပင်။
သို့နှင့် ပျင်းရိစိတ်ကို ဖျောက်လို့ တင်ကြိုရေး အစီအစဉ်ကို ပြန်လည် အသက်သွင်းဖို့ လိုအပ်လာခဲ့ပြီ ဖြစ်၏။ အချိန် ရှိ၊ ရနေချိန်ကတည်းက ကြိုတင်ရေးထားပါက ပိုစ့်တင်ချိန် မမှီမှာကိုလည်း စိတ်ပူစရာ မလိုတော့ပေ။ ထို့ကြောင့် ယခင်လို ကြိုတင်ရေး ကဒွန် ဖြစ်ဖို့ ကြိုးစားပါဦးမည်။
နက်ဖြန် ပိုစ့်အတွက် ဒီနေ့ ကြိုရေးပါပေါ့လေ။
!hiqvote
မရေးဆို ၂လတောင် ဖြစ်သွားရဲ့ အားနာမိ
Fighting ပါဗျ။ အားတဲ့ အချိန်သာရေးဗျ။
ကျွန်တော်လည်း ကြိုတင်ရေးတဲ့ အကျင့်လေး
လုပ်ရအုံးမယ်။
!LOLZ
!MEME
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
Now I have all Kenny logins
Credit: reddit
$LOLZ on behalf of htwegyi
(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.@donjaun, I sent you an
ချဗျာ။
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our
$PIZZA slices delivered:
(1/5) @hiq.smartbot tipped @donjaun