Hive ဈေးလေး အရင်ထက် စာရင် ကောင်းလာတော့ စာရေးရတာ နည်းနည်း စိတ်ပါလက်ပါ ရှိလှ၏။ ရေးထားတာရှိမှ ပိုစ့်တင်လို့ ရမည်၊ ပိုစ့်တင်ရပါမှလည်း reward ရနိုင်မည် မဟုတ်လား။ ထို့ကြောင့် Hive ဈေးကောင်းခြင်းနဲ့ စာရေးခြင်းက တိုက်ရိုက် ဆက်စပ်နေသည်ဟု ဆိုရပေလိမ့်မည်။ BTC ကြီးကို ကျေးဇူးတင်ရပေလိမ့်မည်။ ခရစ်ပတို ဘိုးအေကြီး ဈေးတက်တော့ အခြား tokens ငယ်လေးတွေလည်း ဈေးကောင်းကြလေ၏။ ရေမြင့်တော့ ကြာတင့်တာပေါ့လေ။
BTC ဈေးတက်ရခြင်းကလည်း အမေရိကန် သမ္မတကြောင့်လည်း ပါပေလိမ့်မည်။ Crypto currency ကို အားပေးသည့် ဒေါ်နယ်ထရွန့် တကျော့ပြန် သမ္မတ ဖြစ်ခြင်း နှင့်အတူ Crypto market ကြီးလည်း စိမ်းစိမ်းစိုစို ဖြစ်လို့နေ၏။ မတက်သည့် tokens ဈေးမကောင်းသည့် tokens ရယ်လို့တော့ မရှိဘူး ထင်ပါ၏။
Hive က ဒီတကြိမ်မှ ဈေးလိုက် မတက်ရင် မဟုတ်တော့ဟု ဆိုရမည်။ ယခင်က BTC တက်လည်း သူမတက်ပေမယ့်၊ BTC ကျချိန်ကြ လိုက်ကျလေ့ ရှိ၏။ ဆန်းကြယ်သည့် Hive ပင်။ ခုတော့ အနည်းငယ် တက်ရိပ်လေး ပြလာနေ၏။ ဘယ်အချိန် ပြန်ကျမည်တော့ မသိပေ။ ကိုရွှေဟိုက်က ကြာကြာ မတက်သည့် သူ မလား။ 1$ မဖြစ်ရင်တောင် 0.5$ အောက် မရောက်ရင်ကို ဟုတ်နေပြီ။ ခက်တာက ခု တက်လာတာတောင် ဈေးက 0.5$ မရောက်နေဘူးရယ်။
ဘာပဲ ပြောပြော ဈေးလေးတက်နေတော့ vote ပေးရတာလည်း အားရ ကျေနပ်၏။ 100% နဲ့ vote ပေးရင် 0.05$ လောက် ဖြစ်နေတာက အတော် ပျော်စရာပင်။ ခုဈေးတန်းမှာ အကြာကြီး ဒါမှမဟုတ် ခု ဈေးတန်းထက် ပိုတဲ့ ဈေးမှာ အကြာကြီး ရှိနေစေဖို့ မျှော်လင့်ပါရဲ့။
ဟုတ်သဗျို့ ပြားငါးဆယ်လောက်ရောက်ရင်ဖြင့်
ဟန်ကျသပ။
!LOLZ
!MEME
lolztoken.com
It was a knick knack paddy whack.
Credit: playbyhive
$LOLZ on behalf of htwegyi
(2/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@donjaun, I sent you an
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
အမှန်ပဲ။ ရောက်သင့်နေပြီ။
Vote ဘယ်လိုပေးရတာလဲ။
Like ပေးသလိုပါပဲ