ညညဆို တော်တော်နဲ့ မအိပ်ဖြစ်ပေ။ ခုမှရယ် မဟုတ် ဟိုးယခင် ကတည်းက ဖြစ်၏။ နောက်ကျမှ အိပ်တတ်သည့် အကျင့်က အရိုးစွဲလို့ နေပြီ ဖြစ်၏။ နေမကောင်းသည့် အခါမျိုးလောက်သာ ခပ်စောစော အိပ်ဖြစ်၏။ နောက်ကျမှ အိပ်သည်ါ အကျင့်က မပျောက်ပေမယ့် နေ့လည်နေ့ခင်း တရေးတမော အိပ်သည့် အကျင့်ကတော့ မရှိတော့ပေ။ တခါတလေမှသာ ကျောဆန့်ရင်း ခဏလောက် လဲလျောင်း ဖြစ်၏။
နောက်ကျမှ အိပ်သည် ဆိုပေမယ့် စာသင်သည့် အလုပ် လုပ်နေချိန်တုန်းကတော့ အလွန်ဆုံး မနက် ၁ နာရီဆို အိပ်ပြီ။ ခုက မနက် ၂ နာရီ၊ ၂ နာရီခွဲထိ မအိပ်ဖြစ်၊ တခါတလေဆို မနက် ၃ နာရီပင် ထိုးသွားတတ်သေး၏။ ဘောလုံးပွဲ ကောင်းသည့် ရက်မျိုးတွေပေါ့။ ဘောလုံးပွဲ မကြည့်ဖြစ်သော်လည်း မနက် ၂ နာရီလောက်မှ အိပ်ဖြစ်တာကတော့ ပုံမှန်လို ဖြစ်နေခဲ့၏။
စာသင် အလုပ် လုပ်နေချိန်တုန်းက တခါတလေ မနက် အတန်းချိန် ရှိတတ်တော့ အစောထရလေ့ ရှိသဖြင့် ညကို သိပ်ညနက်တဲ့အထိ မနေဘဲ အိပ်လေ့ ရှိ၏။ ဒါတောင် ကျနော့် အကြောင်း သိသည့် ဆရာ၊ ဆရာမတွေက ကျနော့်ကိုဆို မနက်ခင်း အတန်းချိန်ထက် ညနေခင်း၊ ညဘက် အတန်းချိန်တွေသာ ပေးလေ့ ရှိ၏။ စာသင်နှစ်ပြီးတိုင်း ကျင်းပလေ့ ရှိသည့် ဆရာကန်တော့ပွဲမှာတောင် မနက်ပိုင်း တရားနာဆွမ်းကပ်ကို မဖြစ်မနေ လာပါဟု မပြောဘဲ အကျွေးအမွေးနှင့် ကန်တော့ချိန်မှသာ လာပါဟု ပြောပေးကြသည်အထိပင်။
ခုက စာလည်း မသင်ဖြစ်၊ ဘာမှလည်း မလုပ်ဖြစ်တော့ အိပ်ချင်တဲ့ အချိန်အိပ်၊ ထချင်တဲ့ အချိန်ထ ဖြစ်နေ၏။ ထို့ကြောင့်ပင် ယခင်ထက် အိပ်ချိန်နောက်ကျပြီး အိပ်ရာထချိန်လည်း နောက်ကျနေခြင်း ဖြစ်ချေ၏။ အိပ်ချိန် မမှန်ပေမယ့် အိပ်ရေးကတော့ ဝပါ၏။ မဝ နေရိုးလား၊ မနက်ခင်းက ၉ နာရီခွဲ၊ ၁၀ နာရီလောက်မှ အိပ်ရာက ထလေ့ ရှိ၏။
နို့ပေမယ့် ခုတလော မနက်ခင်း အစောထဖို့ အကြောင်းဖန်လာ၏။ ခုတလော မိုးချုပ်ညနေတွေ သွားလာဖို့ မကောင်းပေ။ ခေတ်ကာလကြီးက စိတ်မချရပေ။ ဒီကြားထဲ စကစ၏ စစ်မှုထမ်းအမိန့်နှင့် ပေါ်တာဘာညာ သတင်းတွေကြောင့် ည ၈ နာရီနောက်ပိုင်းဆို အပြင်မှာ ရှိနေလို့ မကောင်းပေ။ နားခိုရာ ကိုယ့်အိမ် ကိုယ့်ရာမှာ နေတာက ပိုစိတ်ချရ၏။ ညနေခင်းမှသာ Futsal ကန်ဖြစ်သည့် ကျနော်တို့ သူငယ်ချင်းတစုမှာ ဘာလုပ်လို့ ဘာနေရမယ်မှန်း မသိတော့ပေ။
ဘာတွေ ဘယ်လို ဆက်ဖြစ်မယ် မသိတော့ Futsal လေးကလည်း ရသလောက် ကန်ချင်သေး၏။ ကျနော်တို့အဖို့ စိတ်ထွက်ပေါက်ကလည်း ဒါပဲ ရှိသည်ကိုး။ သို့နှင့် မနက်ဘက် ပြောင်းကန်ဖို့ လုပ်ကြ၏။ မဲခွဲ ကြည့်တော့ မနက်ပိုင်း အဆင်ပြေသူ များသဖြင့် မနက်ဘက် ပြောင်းကန်ကြ၏။ မနက် ၇ နာရီ ကန်၏။ ၇ နာရီဆိုတော့ ၆ နာရီခွဲလောက် ထရ၏။ ထပေါ့ ကန်ချင်တယ်မလားဟု ပြောပြီး ထနေရ၏။
ထိုသို့ ထကန် ဖြစ်တာ ၂ ပွဲရှိသွားပြီ။ (ကျနော်တို့က တပတ်ကို အနည်းဆုံး ၂ ပွဲတော့ ကန်၊ ကစား ဖြစ်၏။) ညခင်း ကန်နေကြကို မနက်ပြောင်းကန်တော့ သိပ်တော့ အသားမကျသေးပေ။ ပိုလည်း မောသလိုပင်။ ပြီး အေးကလည်း အေး၏။ ဆောင်းကာလမှာ မနက်ခင်းပိုင်းက ပိုအေးသည် မလား။ ဒါတောင် ဆောင်းကုန်ခါနီးမလို့။ ခေတ်မကောင်းခင်လေးတော့ သည်းခံကြရမှာပါပဲလေ။ ခေတ်ကောင်းအောင် ပြန်ကြိုးစားရင်း အဆင်ပြေသွားတဲ့ တနေ့တော့ ယခင်လို ညနေ၊ ညခင်း လူစုံ တက်စုံ အေးအေးလူလူ Futsal ပြန် ကစားကြပါဦးမည်။
photo from @wearecygnus I'm also the player of Cygnus FC
!LOLZ
!MEME
lolztoken.com
They each got six months.
Credit: vcclothing
$LOLZ on behalf of htwegyi
(2/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@donjaun, I sent you an
Credit: amigoponc
Earn Crypto for your Memes @ HiveMe.me!
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our
မနက်ဘက်ရော ညဘက်ပါ ဘာအားကစားမှ မလုပ်ဘူး !PIZZA😀
မပင်ပန်းတော့ဘူးပေါ့ဗျာ။
😂
!pizza