မဆန်းတော့ပေ

in HIVE-MYANMAR2 days ago

လျှပ်စစ်မီးကား ယခင်ထက် ပို၍ပင် ပျက်၊ မမှန်ဘဲ ဖြစ်လို့ နေခဲ့၏။ WiFi UBS တောင် မီးမမှန်တာတဲ့ အားကုန်ကုန်သွားလို့ power bank နဲ့ ပြန်ပြန်ချိတ်ပြီး သုံးနေရ၏။ ကိုယ့်ထက် ဆိုးနေသူ၊ အဆင်မပြေသူတွေမှ အများကြီးမို့ သူတို့ကို ကိုယ်ချင်းစာရင်း ဒီအတိုင်း အားတင်း ဖြတ်ကျော်နေရ၏။ အခြေခံ လိုအပ်ချက် ဖြစ်သည့် လျှပ်စစ်မီးက မမှန်နေတော့ ဘာမှ အဆင်မပြေတော့ပေ။ လုပ်ငန်းသုံး မပြောနဲ့ အိမ်သုံး သမားတွေ အတွက်တောင် အဆင် မပြေနေမှတော့ ဘာများ ပြောနိုင် ပါမည်နည်း။

တန်ဆောင်တိုင် မတိုင်ခင်က လာချိန် ပျက်ချိန် မှန်နေသေးသည့် မီးက တန်ဆောင်တိုင် တွင်းမှာ မူမမှန်တော့ပေ။ တန်ဆောင်တိုင်လည်း ပြီးရော ပိုလို့ပင် ဆိုးသွားတော့၏။ လာချိန်လည်း ပျက်၊ ပျက်ချိန်လည်း မလာတော့ပေ။ မီးလာချိန်နဲ့ ကိုက်ပြီး လုပ်စရာ ရှိသည်များကို ခပ်သွက်သွက်လေး လုပ်ကြရ၏။ အခြား လုပ်ရမည့် အရာတွေကို ဘေးဖယ်ထားရ၏။ ခက်လှ၏။

ရှေ့လျောက် ပိုကောင်းဖို့ထက် ပိုပြီး ဆိုးဖို့သာ ရှိ၏။ ဘယ်လို ဖြတ်ကျော်ကြမည်နည်း။ အာဏာရူးတွေ မရှိဖို့က အရေးကြီးဆုံးနှင့် အမှန်ကန်ဆုံး ဆိုပေမယ့် လောလောဆယ် ဆိုးရွား ခက်ခဲနေမှုတွေကို ကြံ့ကြံ့ခံ ဖြေရှင်း နိုင်ဖို့ကလည်း လိုသေး၏။ ဆိုလာ ဆင်မလား တွေးကြည့် ပြန်တော့ လူလတ်တန်းစားတွေ အတွက်တောင် အနားမကပ်နိုင်သည့် အနေအထားပင်။ ကုန်ဈေးနှုန်းက ကြောက်စရာပင်။ ဒီကြားထဲ မြန်မာငွေ တန်ကြေးက ကျနေတော့ သွားရော။

မီးလာချိန် စားဖို့ သောက်ဖို့ ခပ်မြန်မြန် ချက်ပြုတ် ရ၏။ ရှိသမျှ power bank တွေ၊ အားသွင်းမီးသီးတွေကို အားသွင်းထားရ၏။ မီးလာ ပေမယ့် မီးအားက မပြည့်ပေ။ လာချိန်ကနည်းတော့ အားလုံး ပြုံပြီး အသုံးပြုကြတော့ ဝန်နဲ့အားက မမျှတော့ပေ။ ကျနော်တို့ရပ်ကွက်မှာက လူနေအိမ်နဲ့ Transformer အားက မမ‌ျှနေပေ။ အမေစု လက်ထက်မှာ ကျနော်တို့ ရပ်ကွက်အတွက် Transformer အသစ်ချပေးရန် အစီအစဉ် ရှိထားပေမယ့် ကြောင်ချီးကြောင့် အဆိုပါ အစီအစဉ်က ဘယ်ဆီနေလို့ ဘယ်ရောက်သွားခဲ့သည် မသိတော့ပေ။

ခုလည်း မီးပျက်နေ၏။ မှောင်မှောင်မဲမဲထဲ စာရေးပြီး ပိုစ့် တင်လိုက်ရပါ၏။

Sort:  

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 3300 posts.
Your next target is to reach 3400 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

မီးကတော့ ပျက်ချက်ဗျို့။
!LOLZ
!MEME

Hotel receptionists are creepy.
They spend all day checking people out.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(2/8)

PLAY & EARN $DOOM


YOU HAVE BEEN !PIMP SLAPPED!
Thank you for being an !LOLZ supporter.