ငိုပြီးရင်း ငို

in HIVE-MYANMAR20 days ago

EPL Week 17 ကတော့ ကစားလို့ ပြီးသွားခဲ့ပြီ။ ပြောစရာတွေ၊ မပြောချင်တာတွေကော အများကြီး။ မပြောချင်ပေမယ့်လည်း ပြောရပေလိမ့်ဦးမည်။ United ကနေပဲ စပြောကြပါစို့။ မနေ့က ရေးထားသည့် ပိုစ့်လိုပဲ ပျော်တလှည့် မပျော်တလှည့် United ဖြစ်လို့ နေခဲ့ပြီ။ ခုက မပျော်သည့်အပေါ် မပျော်တာ ထပ်ဆင့်ခြင်း ဖြစ်၏။ ကြားရက် EFL မှာ Tottenham ကို 4-3 နဲ့ ရှုံး၏။ ညက EPL ပွဲစဉ်မှာတော့ အိမ်ကွင်းကြီးမှာ Bournemouth ကို တဂိုးမှ ပြန် မသွင်းနိုင်ဘဲ 0-3 ဖြင့် ရှုံး၏။ ကောင်းလေစွ။

Tottenham နဲ့ပွဲက မကြည့်လိုက်ရလို့ထား။ မနေ့က Bournemouth နဲ့ပွဲကတော့ လုံးဝကို အဆင် မပြေပေ။ နည်းပြရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်လို့ကတော့ ဝေဖန်စရာ မရှိပေ။ ပြဿနာက ကစားသမားတွေ ဖြစ်၏။ အားမနာတမ်းပြောရရင် ငပျင်းတသိုက်တွေ ဟု ဆိုရမည်။ ဘာတွေ လုပ်လို့ လုပ်နေကြမှန်းကို မသိပေ။ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်တွေက မေးခွန်းထုတ်စရာ ဖြစ်နေတာက တပိုင်း ကိုယ့်အသင်းကကို မဟုတ်နေတာ။ မနေ့က Liverpool ကစားသမားတွေကို ကြည့်ပြီးနောက်မှာတော့ ထိုအချက်က ပိုသေချာ သွားခဲ့၏။ United က အသင်းကြီး မဟုတ်တော့ အမှန်ပင်။ Liverpool မပြောနဲ့ Bournemouth ကစားသမားတွေကိုပင် မမှီသည့် အနေအထား ဖြစ်နေခဲ့၏။

United မှ မဟုတ် City ကလည်း အခြေအနေ ဆိုးနေ၏။ စနေနေ့က ပွဲမှာ Aston Villa ကို 2-1 ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြန်၏။ Guardiola တယောက် သူ့နည်းပြ သက်တမ်းတလျောက် အဆိုးဆုံး အခြေအနေ၊ ရလဒ်တွေနဲ့ ရင်ဆိုင်နေရသည်ဟု ပြောရပေလိမ့်မည်။ နောက်ထပ်သာ ခုလို ရလဒ်တွေ ထပ်ဆိုးနေရင် Guardiola နဲ့ Man City တို့ရဲ့ ဇာတ်လမ်းက တခန်းရပ် ဖြစ်သွားနိုင်၏။ လှပသော လမ်းခွဲလေး ဖြစ်စေချင်ပေမယ့် မဖြစ်လာနိုင်လောက်တော့ဘူး ထင်ပါရဲ့။ United fan ပေမယ့် နည်းပြကောင်း တဦး ဖြစ်သည့် Guardiola ကိုတော့ ခုလို အဖြစ်မျိုးနဲ့ မကြုံဆုံစေချင်ပေ။

ဒီတပတ်ရဲ့ သွင်းဂိုး အများဆုံးပွဲကတော့ Tottenham vs Liverpool တို့၏ ပွဲစဉ် ဖြစ်၏။ 3-6 ဖြင့် Liverpool က အနိုင်ရသွားခဲ့၏။ အပြန်အလှန် သွင်းဂိုးတွေနဲ့ ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့၏။ အပြန်အလှန် ဆိုပေမယ့် Liverpool က ပိုကောင်းခဲ့တာကတော့ အသေအချာပင်။ ပေါ့ပေါ့ပါးပါးနဲ့ ကစားနေကြ ပုံစံအတိုင်း သွင်းဂိုးတွေ သွင်းယူသွားခဲ့ခြင်း ဖြစ်၏။ Liverpool က next level အသင်းတသင်း ဖြစ်နေခဲ့ပြီ။ တခြား EPL အသင်းတွေက လောလောဆယ် သူတို့ အသင်းထက် သာလွန်ဖို့ မပြောနဲ့ ခြေရည်တူ အနေအထားမျိုးမှာ မရှိနေခဲ့ပေ။

အနီးဆုံး ပြိုင်ဘက် City ကလည်း ရလဒ်တွေ တောက်လျောက် ဆိုးနေတာရယ်၊ Arsenal & Chelsea တို့ကလည်း ဟုတ်မလိုလိုနဲ့ မဟုတ်သွားလိုက်နဲ့ရယ်။ လောလောဆယ် Liverpool က တပွဲလျော့ 39 မှတ်ဖြင့် ဒုတိယနေရာက Chelsea ကို 4 မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထား၏။

United အနေနဲ့ကတော့ January လ အပြောင်းအရွှေ့မှာ အပြောင်းအလဲ တခုခုတော့ လုပ်ဖို့ လိုကို လိုအပ်နေပြီ ဖြစ်၏။ ဒီကစား သမား၊ ဒီစိတ်ဓါတ်တွေနဲ့ကတော့ ဒီအတိုင်းပဲ ဖြစ်နေပေလိမ့်ဦးမည်။

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Zwei Kannibalen unter sich: Stell dir vor - ich habe gestern einen Schauspieler gegessen. Und?
Sehr gut, kein Rückgrat und ne riesige Leber!

Credit: solymi
@donjaun, ich habe dir im Namen von @hiq.smartbot einen $LOLZ Token gesendet
Verwende den Befehl !WITZ oder !LOOL, um einen Witz und ein $LOLZ zu teilen.

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
.(1/8)