ဖွဘုတ်

in HIVE-MYANMAR2 days ago

ခုတလော Facebook မှာ friend request တပတ်ကို တယောက်လောက် noti တက်တက်လာလေ့ ရှိ၏။ ခုနောက်ပိုင်း Facebook ကို သိပ်မသုံးဖြစ်ပေ။ ကြေငြာတွေကလည်း အရင်ထက်ကို များလာခဲ့၏။ ယခင်က video တွေ၊ messenger တွေ မှာပဲ ကြေငြာ ပြပေမယ့် ခုဟာက my day တို့ reel တို့မှာပါ ကြေငြာတွေ လာလာပြနေတော့ အင်မတန် မျက်စိနောက်လှ၏။ ဒါတောင် ကိုယ်က Facebook ကို ခဏတဖြုတ်ပဲ သုံးတာ။ ခုနောက်ပိုင်းက Telegram မှာပဲ အချိန်ကုန်တာ ပိုများ၏။ Facebook ထက် စာရင် Telegram က ကျနော်တို့ အတွက် ပို အကျိုးများစေ၏။

Friend request တက်လာတာကို အထူးအဆန်း လုပ်လို့ ပြောနေသည်ဟု ထင်ကောင်း ထင်ကြပေလိမ့်မည်။ ဘာများ ဆန်းလို့လဲပေါ့။ မဆန်းပါဘူး ဒါပေမယ့် ဆန်းနေတာက လာပြီး request လုပ်သမျှသူတွေက ဘောလုံးပွဲ လောင်းကစား ကိုယ်စားလှယ်တွေချည်း ဖြစ်နေတာ။ မိန်းကလေးနာမည် (မိန်းကလေး အစစ် ဖြစ်ရင်လည်း ဖြစ်၊ အတုလည်း ဖြစ်ရင် ဖြစ်) နဲ့ လာလာ၊ ယောင်္ကျားလေး နာမည်နဲ့ လာလာ သူတို့ profile တွေထဲ ဝင်ကြည့် လိုက်ရင် ကြေးတွေ ဈေးတွေ ငွေသွင်း ငွေထုတ် အကြောင်းတွေ ချည်း။

ဘယ်သူကမှလည်း profile အစစ်၊ အမှန်အကန် တင်ထားတာမျိုး မရှိပေ။ အင်းလေ လောင်းကစား ကိစ္စပါဆို ဘယ်သူက အမှန်အကန် ကိုယ့်ပုံကြီးနဲ့ တင်မှာလဲ။ Profile အမှန်နဲ့ကိုမှ သူ့ friend list ထဲမှာ ကိုယ်သိတဲ့သူ ပါနေမှ friend request လက်ခံတတ်သူ၊ ကိုယ့် ကိုယ်ပိုင်ပိုစ့် မရှိဘဲ သူများ၏ ပိုစ့်တွေချည်း ထိုင် share နေတတ်သူ (တနည်းအားဖြင့် ကိုယ်ပိုင် ခံယူချက် မရှိသူ) တွေ ကိုတောင် ကျနော့်အဖို့ friend အဖြစ် လက်ခံလေ့ မရှိတာ ခုလိုဟာတွေဆို ပိုဆိုးပေါ့။ ပြီး လောင်းကစား ကိုယ်စားလှယ်တွေ။

ကျနော် တလောက ပြောခဲ့သလိုပါပဲ ဘောလုံးပွဲ အကြောင်းတွေ ရေးနေပေမယ့် မလောင်းဘူး ဆိုတာ။ ကိုယ်တိုင်လည်း မလောင်း လောင်းမည့်သူကိုလည်း အားမပေးပေ။ အသိထဲ slot ကစားနေသူ ရှိရင်တောင် မလုပ်ဖို့ တားနေသူ တယောက် ဖြစ်၏။ ထိုသို့သော သူကိုမှ လာပြီး request ပို့သူတွေကိုလည်း ကြည့်ဦး။ ဘာပြောလို့ ပြောရမယ်မှန်းကို မသိတော့ပေ။

Facebook ၏ အလုပ် လုပ်ပုံက ကောင်းလည်းကောင်း၊ ကောင်းလည်း မကောင်းပေ။ ဘောလုံး အကြောင်းတွေကို ကျနော် Hive မှာပဲ ရေးလေ့ ရှိ၏။ Facebook မှာ ရေးတင်လေ့ မရှိပေ။ တခုပဲ Hive မှာ ပိုစ့်တင်ဖို့ ပုံလိုတဲ့အခါ ဘောလုံး အသင်းတွေရဲ့ နာမည် (page) ရိုက်ရှာပြီး သင့်တော်သည့် ပုံကို ယူသုံးတာမျိုးတော့ ရှိ၏။ ကျနော် search မှာ ရိုက်တာ ဆိုလို့လည်း Manchester United men & women page သာ အများဆုံး ဖြစ်၏။ ဒီလောက်လေးနဲ့ကို Facebook က လောင်းကစား ကိုယ်စားလှယ်တော်တို့၏ friend you may need to know စာရင်းထဲ ကျနော့် account ကိုများ သွားပြ လိုက်လေသလား မပြောတတ်တော့ပေ။

တခါတလေကျ Facebook မှာ တခုခု ရှာဖို့တောင် ကြောက်လာ၏။ တခါလေး တခုပဲ ရှာမိလဲ Facebook ပွတ်တိုင်း ထိုအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ဟာတွေချည်း ပြပြနေသောကြောင့် ဖြစ်၏။

Sort:  

ဟုတ်မယ် ကိုယ်ပွတ်တဲ့အတိုင်း သူက လာပြတာ‌ပ။
!LOLZ
!MEME

Have you heard the one about the jump rope?
Never mind, skip it.

Credit: reddit
$LOLZ on behalf of htwegyi

(2/8)

PLAY & EARN $DOOM

@donjaun, I sent you an

!LOLZ. !MEME

What's a dry orange good for?
Nothing at all. It's juiceless.

Credit: reddit
$LOLZ on behalf of chanmin

(3/6)

PLAY & EARN $DOOM

@donjaun, I sent you an

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIMP from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our