ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့် ရမယ့် နောက်ထပ် 4 သင်း ဒီနေ့ မနက် ပွဲစဉ်များ ကစားအပြီးမှာ ထပ်မံ ထွက်ပေါ်လို့ လာခဲ့၏။ ဒီနေ့ကတော့ မနေ့ကလို မဟုတ်ဘဲ ကျနော် မှန်းထားသည့် အသင်းတွေအကုန် နောက်တဆင့် တက်ကြ၏။ မနေ့က လွဲတာကလည်း Liverpool တသင်းထဲရယ်ပါ။
Dortmund, Arsenal, Aston Villa & Real Madrid တို့ နောက်တဆင့် တက်သွားခဲ့၏။ Lille vs Dortmund ပွဲစဉ်မှာ ပထမကျော့ Dortmund ကွင်းမှာ 1-1 သရေကျထားတာမို့ Lille တို့ အိမ်ကွင်း အားသာချက်နဲ့ Dortmund ကို အသားစီး ရသွားနိုင်မယ်လို့ ထင်မှတ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ Dortmund ကပဲ 1-2 ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း ရလဒ် 2-3 ဖြင့် နောက်တဆင့် တက်သွားခဲ့ပါတယ်။
Arsenal vs PSV တို့ ပွဲစဉ်ကတော့ ဒုတိယကျော့မှာမှ လာကောင်းနေခဲ့တယ် ဆိုရမှာပါ။ ပထမကျော့ PSV အိမ်ကွင်းမှာ 1-7 နဲ့ Arsenal တို့က အနိုင်ရထားတာမို့ PSV အတွက် နောက်တဆင့်ဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် ဒုတိယကျော့ Arsenal အိမ်ကွင်းမှာ သူတို့ အကောင်းဆုံး ကြိုးစား ကစားပြီး 2-2 ဆိုတဲ့ သရေရလဒ်ကိုတော့ ရယူနိုင်ခဲ့ပါတယ်။ နှစိကျော့ပေါင်း 9-3 ဖြင့် Arsenal နောက်တဆင့် တက်သွားပါတယ်။
မထင်မှတ်ပဲ ခြေစွာနေတာက Aston Villa ပါ။ အုပ်စု ပွဲစဉ်တွေမှာ ကတည်းက ပြသနိုင်ခဲ့တဲ့ ပုံစံကောင်းကို သူတို့ ဆက်ပြီး ထိန်းထားနိုင်ခဲ့ပါတယ်။ ပထမကျော့ Club Brugge ၏ အိမ်ကွင်းမှာတုန်းက 1-3 နဲ့ အနိုင်ရခဲ့ပြီး ခု ဒုတိယကျော့ ကိုယ့် အိမ်ကွင်းမှာလည်း 3-0 နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ နှစ်ကျော့ပေါင်း 6-1 နဲ့ Aston Villa တို့ နောက်တဆင့် တက်သွားခဲ့ပါတယ်။
Madrid Derby လို့ ဆိုရမယ့် Athletico Madrid vs Real Madrid တို့ ပွဲစဉ်မှာတော့ Liverpool vs PSG တို့တုန်းကလိုပဲ အချိန်ပိုတွေ ပင်နယ်တီတွေအထိ ရောက်သွားခဲ့ပါတယ်။ Real ကွင်းမှာတုန်းက Real က 1-0 နဲ့ နိုင်တယ်။ ခု Athletico ကွင်းကောက်တော့ Tico က 1-0 နဲ့ ပြန်နိုင်တယ်။ နှစ်ကျော့ပေါင်း 1-1 ဖြစ်နေလို့ အချိန်ပို ထပ်ကစားတယ်။ ဂိုးထပ် မသွင်းနိုင်ကြဘူး။ ပင်နယ်တီ အဆုံးအဖြတ် ယူတယ်။ ပင်နယ်တီမှာတော့ 2-4 နဲ့ Real Madrid က အနိုင်ရသွား ခဲ့ပါတယ်။
နက်ဖြန် မနက်မှာတော့ Europa League Round of 16 ဒုတိယကျော့ ပွဲစဉ်များ ကစားကြမှာ ဖြစ်ပါတယ်။ အသည်းကျော် United ကတော့ အိမ်ကွင်းမှာ Real Sociedad နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပထမကျော့ အဝေးကွင်းမှာ 1-1 သရေကျထားတော့ ခု အိမ်ကွင်းမှာ အနိုင်ရမှတော့ ဖြစ်ပေလိမ့်မည်။
!hiqvote
!LUV
!MEME
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !HUG from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our