Round 26

in HIVE-MYANMAR2 days ago

ဒီ စနေမှာတော့ EPL Round 26 ပွဲစဉ်များ ကစား ကြမည် ဖြစ်၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် 2 နာရီခွဲမှာ ကစားသွားသည့် Leicester City vs Brentford တို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် Brentford အသင်းက 4 ဂိုးပြတ်နဲ့ အနိုင်ရသွား၏။ ယခုပွဲ ရှုံးနိမ့်မှုကြောင့် ရမှတ် 17 မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် 19 မှာ ရပ်တည်နေ၏။ Leicester City အနေနဲ့ တန်းဆင်းဇုန် ဖိအားဒဏ်ကို ဆက်လက်ခံနေရဦးမည် ဖြစ်၏။ EPL မှာ တင်ကျန်ဖို့ အနည်းဆုံး အဆင့် 17 နေရာကို အရယူထားနိုင်ဖို့ လို၏။ လောလောဆယ် အဆင့် 17 နေရာက Wolves က ရမှတ် 19 မှတ် ဖြစ်၏။

အဆင့် 20 က 9 မှတ်သာ ရထားသည့် Southampton အသင်းကတော့ တန်းဆင်းရဖို့ များနေပြီ ဖြစ်၏။ စုစုပေါင်း 38 ပွဲ ကစားရမယ်၊ 12 ပွဲ ကစားဖို့ ကျန်နေသေးတယ် ဆိုပေမယ့် Southampton အတွက်ကတော့ EPL မှာ တင်ကျန်ဖို့ မလွယ်တော့ပေ။ အဆင့် 16 နေရာက West Ham က 27 မှတ် ဖြစ်၏။ သူ့ အထက်မှာတော့ United က 29 မှတ်နဲ့ အဆင့် 15 ပေါ့လေ။ ဒီလို တွက်ကြည့်တော့ ကိုယ်တွေ အသင်းက တန်းဆင်းဇုန်နဲ့ မဝေးနေပြန်ဘူးရယ်။ တန်းဆင်းဇုန်ထဲ ရောက်နေသည့် Ipswich, Leicester City တို့ထက် 12 မှတ် သာနေသေးတယ် ဆိုပေမယ့် ပြောလို့ မရပေ။

တော်နေကြာ United က 4 ပွဲလောက် သွားရှုံးပြီး ဟိုအသင်းတွေက လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ထယူသွားရင် ခက်ပေလိမ့်ဦးမည်။ United အနေအထားနဲ့ တန်းမဆင်းနိုင်မှန်း သိပေမယ့် စိတ်တော့လည်း ပူရသေးတယ် မလား။ ဒီရာသီမှာ အတော်လေး စိတ်ဒုက္ခ ပေးထားခဲ့ပြီးပြီလေ။

ဒီနေ့ ည 7 နာရီမှာတော့ Everton အသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ Everton က ရမှတ် 30 နဲ့ အဆင့် 14, ကိုယ်တွေက ရမှတ် 29 နဲ့ အဆင့် 15 နိုင်ခဲ့ရင်တော့ အဆင့် တက်မပေါ့။ ပြီးခဲ့သော တပတ်က Tottenham ကို ရှုံးပြီး အမှတ်ပေးဇယားမှာ အဆင့် 15 ထိ ဆင်းပေးလိုက်ရတာကိုး။ Calendar အရ ဆိုရင်တော့ ဒီတပွဲတော့ United ပြန်နိုင်မယ် ထင်ပါရဲ့။ သူက နိုင်တလှည့် ရှုံးတလှည့်ကိုး။

ချန်ပီယံ မျှော်လင့်ချက် ရှိနေသေးသည့် Arsenal အနေဖြင့် ဒီနေ့ည 9 နာရီခွဲ အိမ်ကွင်းမှာ West Ham အသင်းနဲ့ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ တန်းဆင်းဇုန် ဖိအား ကင်းအောင် West Ham တို့ကလည်း ကြိုးစားမှာမို့ Arsenal အတွက်တော့ ခက်ခဲမည့် ပွဲပင်။ ချန်ပီယံ မျှော်လင့်ချက်အတွက် Arsenal အဖို့ ဒီပွဲကို အနိုင်ကစားထားဖို့လို၏။ အနိုင်ရခဲ့ရင် အဆင့် 1 က Liverpool နဲ့ အမှတ်ကွာဟမှုကို 5 မှတ်ထိ လျော့ချနိုင်မည် ဖြစ်၏။

ဒီကြားထဲ Liverpool ၏ သရေ ရလဒ်ပွဲတွေကြောင့် Arsenal တို့ အနေနဲ့ ချန်ပီယံ မျှော်လင့်ချက်တွေ ပြန်လည်လို့ နိုးထလာခဲ့ပြန်ပြီ ဖြစ်၏။

(photos from Everton & EPL Facebook pages)

Sort:  

@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

I haven't sold a single copy of my autobiography.
Sigh. That's the story of my life.

Credit: reddit
$LOLZ on behalf of hiq.smartbot

(3/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP@donjaun, I sent you an

!LOLZ
!MEME

Why should you never play poker in the jungle?
Too many cheetahs.

Credit: marshmellowman
$LOLZ on behalf of htwegyi

(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@donjaun, I sent you an

!LOLZ. !MEME

Elevator jokes are the best
They just work on so many levels.

Credit: reddit
$LOLZ on behalf of chanmin

(1/6)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP@donjaun, I sent you an