ဒီတပတ်မှာတော့ EPL အစား FA Cup ပွဲစဉ်များ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေခဲ့၏။ Round 5 ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ မနက်ခင်း အစော ကစားသွားသည့် Aston Villa vs Cardiff ပွဲစဉ်မှာတော့ Aston Villa က 2-0 ဖြင့် အနိုင်ရသွားခဲ့၏။ Round 5 မှာတော့ EPL က 11 သင်း၊ Championship က 5 သင်း ပါဝင်နေ၏။ Championship အသင်းတွေ နောက်တဆင့် တက်နိုင်ဖို့က အတန်ငယ် ခက်ခဲသွားပြီ ဖြစ်၏။ Championship အသင်း အချင်းချင်း တွေ့ဆုံမှု ရှိနေသည့် တခုထဲသော ပွဲစဉ်ကနေသာ တသင်းထဲသော အသင်း အဖြစ် ကျန်ရှိနေဖို့ များ၏။
အသင်းကြီး တော်တော်များများ ထွက်သွားခဲ့ပေမယ့် ဒီရာသီ ခြေစွာနေသည့် အသင်းတော်တော်များများ ကျန် ရှိနေပါသေး၏။ Nottm Forest, New Castle, Brighton အစ ရှိသဖြင့်ပေါ့။ အဆိုပါ အသင်းတွေ နှင့်အတူ Manchester ညီနောင်လည်း ကျန် ရှိနေပါသေး၏။ United ထက် စာရင် City က အသင်း နည်းနည်းချောင်သည် ပြောလို့ရမည်။ Plymouth နဲ့ ကစားရမည် ဖြစ်၏။ Man United ကတော့ Fulham နဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ နှစ်သင်းလုံး မိမိတို့၏ အိမ်ကွင်းမှာ ကစားရမှာမို့ တပန်းတော့ သာမယ် ထင်ပါရဲ့။
New Castle vs Brighton တွေ့ဆုံမှုကလည်း ကြည့်ကောင်းမယ့် ပွဲစဉ်တပွဲ ဖြစ်လာမယ် ထင်၏။ နောက်ထပ် EPL အသင်း အချင်းချင်း တွေ့ဆုံသည့် Nottm Forest vs Ipswich တို့၏ ပွဲစဉ်ကလည်း စိတ်ဝင်စားစရာပင်။ Championship အသင်း အချင်းချင်း တွေ့ဆုံသည့် Preston vs Burnley တို့၏ ပွဲစဉ်ကလည်း အကြိတ်အနယ် ရှိမှာ အသေအချာပင်။
League ထက်စာရင် Cup ပွဲစဉ်တွေမှာ ပိုကောင်းလေ့ ရှိသည့် United အနေနဲ့ Fulham ကို ကျော်ဖြတ် နိုင်မယ်လို့ ထင်မိပါ၏။ အသင်း အတွက် ဖလား မျှော်လင့်ချက်ကလည်း FA နဲ့ Europa ပဲ ကျန်၏။ ထို့ကြောင့် အမှား မလုပ်မိဖို့ လို၏။ နောက်ရာသီ ဥရောပ ပြိုင်ပွဲတွေ ကစားခွင့်ရဖို့ FA ဖလားကို United တို့ မဖြစ်မနေ အရယူဖို့ လိုမည် ဖြစ်၏။
(photos from Emirates FA Cup page)
!hiqvote
!PIZZA
!MEME
Credit: fun.miner
Earn Crypto for your Memes @ HiveMe.me!
Hive.Pizza upvoted this post.
$PIZZA slices delivered:
(1/10) @htwegyi tipped @donjaun
Learn more at https://hive.pizza.
!LUV
!MEME
(1/4) sent you LUV. | tools | discord | community | HiveWiki | <>< daily@donjaun, @chanmin
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !WEED from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our