Round of 16

in HIVE-MYANMAR4 days ago

ဒီမနက် လက်ကျန် ပွဲစဉ် 4 ပွဲကနေ 16 သင်းအဆင့် တက်ရောက်နိုင်သည့် နောက်ဆုံး 4 သင်း ထွက်ပေါ် လာခဲ့၏။ ထင်မှတ်ထားသည့် အတိုင်း Dortmund နှင့် PSG တို့ကတော့ အိမ်ကွင်းမှာ ပြိုင်ဘက်တွေကို အသီးသီး အကောင်းဆုံး ဧည့်ခံ ကစားသွားခဲ့၏။ Dortmund vs Sporting CP ပွဲကတော့ ဂိုးမရှိ သရေ ရလဒ်နဲ့သာ အဆုံးသတ်သွားပေမယ့် PSG ကတော့ Brest အသင်းကို အိမ်ကွင်းမှာ 7-0 ဖြင့် အနိုင်ယူကာ နှစ်ကျော့ပေါင်း 10-0 ဖြင့် နောက်တဆင့် တက်သွားခဲ့၏။

မထင်မှတ်ထားသည့် ပွဲက PSV vs Juventus ဖြစ်၏။ Juventus ၏ အိမ်ကွင်းတုန်းက 2-1 နဲ့ Juventus နိုင်ထား၏။ ခု PSV အိမ်ကွင်းမှာ ကစားပြန်တော့ PSV က 2-1 နဲ့ ပြန်နိုင်သဖြင့် အချိန်ပို ဆက်ကစားရ၏။ အချိန်ပိုမှာ PSV က အနိုင်ဂိုး သွင်းပြီး နှစ်ကျော့ပေါင်း 4-3 ဖြင့် နောက်တဆင့် တက်သွားခဲ့၏။ ကျနော်က Juventus နောက်တဆင့် တက်မယ် ထင်မှတ်နေခဲ့တာ။ ခုတော့ အီတလီသားကြီး ချန်ပီယံလိဂ် Round of 16 ၏ Play off အဆင့်ကနေတင် နှုတ်ဆက်ခဲ့ရလေပြီ။

Juventus နဲ့ အဖော်ရသွားသည့် အသင်းကတော့ Man City ဖြစ်၏။ ပထမကျော့ အိမ်ကွင်းမှာ တုန်းက Real ကို 2-3 ဖြင့် ရှုံးထားသဖြင့် ယခု အဝေးကွင်းပွဲက သူတို့အတွက် ခက်ခဲနိုင်၏။ တကယ်လည်း Real က အိမ်ကွင်းမှာ City ကို အကောင်းဆုံး ဧည့်ခံ ကစားသွားခဲ့၏။ Mbappe ၏ Hat-trick သွင်းဂိုးဖြင့် Real Madrid တို့ City ကို 3-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ နှစ်ကျော့ပေါင်း ရလဒ် 6-3 ဖြင့် Real Madrid နောက်တဆင့် တက်သွားခဲ့၏။ Round of 16 အတွက် မဲခွဲဝေမှုကိုတော့ February 21 ရက်နေ့မှာ ပြုလုပ်သွားမည် ဖြစ်၏။

ယူရိုပါလိဂ် အတွက် Round of 16 Play Off တနည်းအားဖြင့် Round of 32 ပွဲစဉ်များကို နက်ဖြန် မြန်မာစံတော်ချိန် မနက် 12 နာရီ 15 မိနစ်နှင့် 2 နာရီခွဲ အချိန်တွေမှာ ကစားသွားမည် ဖြစ်၏။ ပွဲစဉ် 8 ပွဲလုံး ကစားသွားမည် ဖြစ်၏။ ထိုထဲကနေ 8 သင်း ထွက်ပေါ်လာမည် ဖြစ်ပြီး ကြိုတင်စောင့်နေသည့် 8 သင်းနှင့် Round of 16 မဲပြန်နှိုက် ကစားရမည် ဖြစ်။

United ကတော့ ယူရိုပါလိဂ် အမှတ်ပေးဇယားမှာ အဆင့် 3 ရထားတော့ Round of 16 ကို တိုက်ရိုက်ဝင်ခွင့်ရထား၏။ ကြံဖန်ပြီး ဂုဏ်ယူရရင်တော့ ယူရိုပါလိဂ်မှာ ရှုံးပွဲ မရှိသေးသည့် အသင်းကတော့ United တသင်းထဲသာ ရှိလေ၏။

(photos from UEFA champions league page)

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our