မြန်မာစံတော်ချိန် မနေ့ည ၁၀ နာရီခွဲနှင့် ဒီနေ့ မနက် ၁ နာရီခွဲတို့မှာ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ ကစားကြ၏။ ည ၁၀ နာရီခွဲပွဲမှာတော့ Switzerland က Italy ကို 2-0 ဖြင့် အနိုင်ယူပြီး နောက်တဆင့်သို့ တက်လှမ်း သွားခဲ့၏။ Euro 2020 ချန်ပီယံ Italy တို့ ၁၆ သင်းဆင့် ရှုံးထွက်ကနေပဲ လှည့်လို့ ပြန်သွားခဲ့ရပြီ ဖြစ်၏။ ချန်ပီယံဟောင်းတွေ ဘာမှကို မလုပ်ပြနိုင်ခဲ့ပေ။ Swit တို့၏ လက်ခုပ်ထဲက ရေလိုကို ဖြစ်လို့ နေခဲ့၏။ သွန်လိုသွန် မှောက်လိုမှောက်၊ လုပ်ချင်သလိုကို လုပ်နေသလားဟု ထင်မှတ်ရလောက်အောင် Switzerland တို့ ကစားပြ သွားခဲ့၏။
ပထမပိုင်း ၃၇ မိနစ်မှာ ပထမဂိုး သွင်းယူ၏။ ဒုတိယပိုင်း ပွဲပြန်စလို့ ၁ မိနစ်သာသာမှာပဲ ဒုတိယဂိုးကို Swit တို့ ထပ်မံသွင်းယူ၏။ Swit တို့ ဒုတိယဂိုးရပြီး ပွဲအနေအထားကို ကြည့်ပြီးနောက်မှာတော့ ဒီပွဲက Switzerland ပွဲပဲဆိုတာ သေချာလို့ သွားခဲ့၏။ Switzerland က ကောင်းလွန်းနေတာထက် Italy ကကို ချာတူးလံနေခြင်း ဖြစ်၏။ ချန်ပီယံဟောင်းမှ ဟုတ်ပါလေစဟု ထင်မှတ် မှားရလောက်အောင်ပင်။
၂ ဂိုးပေးထားရတာ Italy မှ ဟုတ်ရဲ့လားဟု ထင်မှတ် မှားရလောက်အောင် ကစားပုံက လျော့တိ လျော့ရဲ ဆန်လွန်းလှ၏။ ၂ ဂိုးသွင်းထားသည့် Switzerland ကတောင် မထင်ရင် မထင်သလို တိုပ်စစ်တွေဆင် ဖိအားတွေ ပေးခဲ့၏။ Switzerland ကစားသမားတွေ၏ အဆုံးသတ် မသေချာမှုကြောင့်သာ။ ယခုပွဲ အနိုင်ရခဲ့ခြင်းကြောင့် Switzerland တို့ အနေဖြင့် ကွာတားဖိုင်နယ် အဆင့်မှာ England vs Slovakia ပွဲစဉ်မှ အနိုင်ရသည့် အသင်းနှင့် တွေ့ဆုံ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။
အိမ်ရှင် Germany ကတော့ ခုထိ အကောင်းဆုံး ပုံစတွေ ပြသထားဆဲ ဖြစ်၏။ Denmark ကို 2-0 ဖြင့် အနိုင်ယူပြီး နောက်တဆင့် တက်လှမ်း သွားခဲ့၏။ ကွာတားဖိုင်နယ် အဆင့်မှာ Spain vs Georgia ပွဲစဉ်က အနိုင်ရသည့် အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်၏။ ရာသီဥတုဆိုးရွားမှုကြောင့် Germany vs Denmark ပွဲစဉ်ကို ပထမပိုင်းမှာ မိနစ် အနည်းငယ်လောက် ခဏ နားလိုက်ရသေး၏။ အိမ်ရှင် Germany တို့ Euro 2024 မှာ ဘယ်အဆင့်ထိ ရောက်အောင် သွားနိုင်မလဲကတော့ စောင့်ကြည့်ရပေလိမ့်မည်။
ဒီနေ့ည ၁၀ နာရီခွဲမှာတော့ England vs Slovakia တို့၏ ပွဲစဉ် ရှိနေ၏။ နာမည်ကြီး England တို့ အနေဖြင့် အုပ်စုပွဲနှင့် မတူသည့် စွမ်းဆောင်ရည်တွေကို ပြသဖို့ လိုနေပြီ ဖြစ်၏။ ကျနော့် အမြင်ကတော့ England ၏ အဓိက ပြဿနာက နည်းပြသာ ဖြစ်မည်။ နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ Spain vs Georgia တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။
Copa America ဖက်မှာတော့ Group A ၏ အုပ်စုပွဲစဉ်များ ကစားလို့ ပြီးသွားခဲ့ပြီ ဖြစ်၏။ Argentina က Peru ကို 2-0 ဖြင့် အနိုင်ရပြီး အုပ်စုပွဲစဉ် အားလုံးကို အနိုင်ကစားပြီး အုပ်စုဗိုလ်ဖြင့် နောက်တဆင့် တက်သွားခဲ့၏။ Canada နှင့် Chile တို့ ပွဲစဉ်မှာတော့ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်လာခဲ့ပြီး Canada က အုပ်စု ဒုတိယဖြင့် နောက်တဆင့် တက်သွားခဲ့၏။ နက်ဖြန် မနက် ၆ နာရီခွဲမှာတော့ Group B ၏ အုပ်စု နောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။
(photos from Euro 2024 Facebook page)
!hiqvote
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts:
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻