Round of 16 (Play Off)

in HIVE-MYANMAR2 days ago

ဒီကြားရက်ထဲ ချန်ပီယံလိဂ် ပွဲစဉ်များ ကစားနေကြ၏။ ထုံးစံအတိုင်း မြန်မာစံတော်ချိန်နဲ့ဆို မနက် အစောတွေပေါ့။ မနက် 2 နာရီခွဲဆိုတော့ စောင့် မကြည့်နိုင်၊ ထ မကြည့်နိုင်။ 12 နာရီခွဲ ပွဲစဉ်လေး ဘာလေး ပါရင်လည်း မဆိုးဘူးရယ်။ ပြောင်းလဲထားသည့် စည်းမျဉ်း စနစ် ပုံစံကြောင့် ပြိုင်ပွဲ ပွဲစဉ်တွေက အရင်နဲ့တော့ မတူဘူး။ ကြိုက်သူတွေလည်း ရှိသလို မကြိုက်သူတွေလည်း ရှိ၏။ ခုပြောင်းလဲလိုက်သည့် စည်းမျဉ်းက ချန်ပီယံလိဂ် တခုထဲမှာ မဟုတ်ပေ။ UEFA က ကြီးမှူး ကျင်းပသည့် ပြိုင်ပွဲတွေ အားလုံး ထိုပုံစံအတိုင်းပင်။ ယူရိုပါလိဂ်၊ ယူရိုပါ ကွန်ဖရန့်လိဂ်တွေမှာကောပေါ့။

ချန်ပီယံလိဂ် အမှတ်ပေးဇယား၏ အဆင့် 1-8 အသင်းတွေက 16 သင်း အဆင့်ကို တိုက်ရိုက် ဝင်ခွင့်ရပြီး အဆင့် 9-24 အသင်းတွေကတော့ 16 သင်း အဆင့်သို့ တက်ရောက်ခွင့်ရရန် play off (အိမ်ကွင်း အဝေးကွင်း) ထပ်မံ ကစားကြရမည် ဖြစ်၏။ ဒီရက်ထဲ ကစားနေတာက 9-24 ကြားက အသင်းတွေ၏ ပွဲစဉ်တွေ ဖြစ်၏။

ဒီနေ့ မနက်မှာ 4 ပွဲ၊ နက်ဖြန် မနက်မှာ 4 ပွဲ ကစားကြမည် ဖြစ်၏။ ယနေ့ မနက် 4 ပွဲကနေ 16 သင်းအဆင့်ကို နောက်ထပ် ဝင်ရောက်ခွင့်ရသည့် 4 သင်း ထွက်ပေါ်လာခဲ့၏။ နက်ဖြန် 4 ပွဲကနေ 4 သင်း ထပ်မံ အဖြေပေါ်မည်။ Play off ကနေ တက်လာသည့် 8 သင်းနှင့် ကြိုစောင့်နေပြီးသား 8 သင်းက Round of 16 ကို ကစားကြရမည် ဖြစ်၏။

ယနေ့ မနက် ပွဲစဉ်များကနေ Feyenoord, Club Brugge, Bayern Munchen, Benfica အသင်းတို့ Round of 16 အဆင့်သို့ တက်ရောက်လာခဲ့ပြီ ဖြစ်၏။ နက်ဖြန် ပွဲစဉ် 4 ပွဲမှာ ပရိတ်သတ် စိတ်ဝင်စားမှု အရှိဆုံး ဖြစ်လာနိုင်သည့် Real Madrid vs Man City တို့၏ ပွဲစဉ်လည်း ရှိနေခဲ့၏။ ပထမကျော့ City အိမ်ကွင်းမှာတုန်းက Real က 2-3 ဖြင့် အနိုင်ရထားခဲ့၏။ ခု Real အိမ်ကွင်းမှာ City တို့ ပြန်လာနိုင်ပါ့မလားကတော့ စိတ်ဝင်စား စရာပင်။

United နည်းပြ Amorim ရဲ့ အသင်းဟောင်း Sporting CP ကတော့ Dortmund အသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ ကိုယ့် အိမ်ကွင်းမှာတုန်းက 0-3 ဖြင့် ရှုံးထားခဲ့သည်မို့ ယခုအဝေးကွင်းပွဲက Sporting အတွက် အားလျော့စေခဲ့၏။ Dortmund ၏ အိမ်ကွင်းလည်း ဖြစ်နေတာမို့ Sporting CP အနေဖြင့် ပြန်လာနိုင်ဖို့ မလွယ်လောက်ပေ။

ဘယ်အသင်းတွေ နောက်တဆင့်ကို တက်နိုင်မလဲဆိုတာ နက်ဖြန်ဆို သိရပြီ ဖြစ်၏။ မကြည့်နိုင်ပေမယ့် ရလဒ်လေးတွေကိုတော့ တစေ့တစောင်း ကြည့်ကြည့်ပါဦးမည်။

(photos from UEFA Champions league page)