Sleepy Don

in HIVE-MYANMAR25 days ago

အိပ်စက်ခြင်း အကြောင်း မနေ့က ပိုစ့်တင်ပြီးနောက် ဒီနေ့ မနက်မှာတော့ အစောကြီး နိုးနေခဲ့၏။ ‌ဘယ်အချိန်လဲဆို မနက်ခင်း 3 နာရီခွဲ ဖြစ်၏။ တပို့တပါး သွားချင်လို့ နိုးတာမျိုးလည်း မဟုတ် ဒီအတိုင်း ကြည်ကြည်လင်လင်ကြီးနဲ့ နိုးလာခြင်း ဖြစ်၏။ ယခင်ကလည်း ခုလို မကြာခဏ တရေးနိုးလေ့ ရှိ၏။ ဒါပေမယ့် ပြန်အိပ်ပျော် သွားတာများ၏။ ခုက ထိုသို့ မဟုတ်ပေ။ တော်တော်နဲ့ ပြန် အိပ်မပျော်ပေ။ ပြန် အိပ်လို့ မရသည့် ကြားထဲ ဗိုက်နာလာသဖြင့် သန့်စင်ခန်း ဝင်၏။ သန့်စင်ခန်း ဝင်ပြီး ပြန်အိပ်မယ်ပေါ့။

သန့်စင်ခန်း ဝင်ပြီးမှ လူက ပိုပြီး လန်းနေပြန်၏။ အိပ်ချင်စိတ်က ပြန်မပေါ်လာတော့ပေ။ ပသို့ကြောင့်နည်း။ လုပ်စရာလည်း ဘာမှ မရှိ၊ ပူပန် စရာလည်း ဘာမှ မရှိဘဲ ဘာလို့ကြောင့်များ ပြန်အိပ် မရနေသည် မသိပေ။ မျက်‌လုံးက ကြောင်နေ၏။ ကြိုးစားပြီး အိပ်ကြည့်၏။ ဟိုလှည့် ဒီလှိမ့်နဲ့သာ အချိန်ကုန် သွားခဲ့၏။ အိပ်မရလို့ phone ကြည့်မယ် လုပ်လိုက်တာ ပိုပြီး အိပ်မရ ဖြစ်သွား၏။ Phone screen အလင်းရောင်က အိပ်စက်ခြင်းကို ပို၍ပင် အနောက်အယှက် ဖြစ်စေသည် မလား။

ပုံမှန်အားဖြင့် ကျနော် တရေးနိုးလေ့ မရှိ၊ နိုးခဲ၏။ စ အိပ်လိုက်တာနဲ့ မနက်ထ တခါထဲ တရေးသာ။ ကြားထဲ အိပ်မက်ဆိုး ဘာညာတွေကြောင့် လန့်နိုးတဲ့အခါမျိုးတော့ ရှိ၏။ ဒါကလည်း အင်မတန် နည်းပါ၏။

ကိုယ့်ကိုက ပြန် အိပ်မရပါဘူးဆိုနေ အခန်းထဲ ကြွက်က ဝင်ပြန်၏။ မီးဖိုခန်းထဲမှာ ကြွက်ထောင်ချောက် ထား၏။ အသေဖမ်း မဟုတ်၊ အရှင်ဖမ်းပါ။ အမြဲ မဟုတ်ပေမယ့် မကြာခဏ ထောင်ရလေ့ ရှိ၏။ ကြွက်ထချိန် ထောင်ပြီး သူတို့ ပြန်ငြိမ် တနည်းအားဖြင့် ပျောက်သွားရင်တော့ မထောင် ဖြစ်ပေ။ တလောတုန်းကဆို 3,4 ရက် ဆက်တိုက်မိ၏။ အိမ်ကြွက် အသေးလေးတွေပါ။ လူနေအိမ်တွေနဲ့ ဝေးရာ ချုံ၊ တော လေးတွေနား သွားပစ် (လွှတ်) ပေးလေ့ ရှိ၏။

တခါတလေ တခြားအိမ်မှ ကြောင် အလည်လာပြီး အပျော်သဘော ကြွက်ခုပ် သွားတာမျိုးလည်း ရှိ၏။ ကြောင်က ကြွက်ခုပ်ပြီး မစားသွားတာမျိုး မဟုတ်၊ သူ စားချင်တဲ့ အပိုင်းတွေ ရွေးစားသွားပြီး ကျန်တာတွေ ထားခဲ့၏။ ကိုယ်က နောက်က လှဲကျင်း မြေမြှုပ် ပေးရ၏။ အလုပ်တော့ ရှုပ်ပေမယ့် ကြွက်ရန်တော့ အေးတာပေါ့လေ။ ဒါပေမယ့် ကိုယ့် အိမ်က ကြွက် မဟုတ်ဘဲ တခြားအိမ်က ခုပ်လာသည့် ကြွက် ဆိုရင်တော့ မပြောတတ်ပေ။

ခုလည်း ကြွက်တကောင် သွားသွားလာလာ လုပ်နေတာကို အမေတွေ့သဖြင့် ကြွက်ထောင်ချောက် ပြန် ထောင်ထားခြင်း ဖြစ်၏။ ကိုယ်ရွှေကြွက်က ထောင်ချောက်ထဲ မဝင်ဘဲ ကျနော့် အခန်းထဲ ဝင်ခြင်း ဖြစ်၏။ ကိုယ့်ကိုက အိပ်မရပါဘူးဆိုမှ ဒင်းက ဟိုပြေး ဒီပြေးနဲ့။ ကြွက်က ထမောင်းရသေး၏။ ပြန်လည်း အိပ်မရမယ့် အတူ ပိုစ့်ပဲ ရေးလိုက်တော့၏။ ဆွမ်းလောင်းပြီးမှပဲ ပြန်အိပ်ပါတော့မယ်လေ။

photos created by Canva

Sort:  

အဲ့ကြွက်တွေ ညဆိုး အတော်သောင်းကျန်တာ။
!LOLZ
!MEME

Have you heard the one about the jump rope?
Never mind, skip it.

Credit: reddit
$LOLZ on behalf of htwegyi

(1/8)

PLAY & EARN $DOOM

@donjaun, I sent you an

ဟုတ်ပ

!LUV. !MEME
ကြွက်က ဘော်ဒါကြီးဆီ အလည်လာတာနေမှာပေါ့

(4/4) sent you LUV. | tools | discord | community | HiveWiki | <>< daily@donjaun, @chanmin

"Keep your heart open to dreams, for as long as there’s a dream, there is hope."

If you'd like to suggest a quote to be included in the LUVshares reply, go here.
Made with LUV by crrdlx

ဟုတ်ပဗျာ။
😁

!hiqvote