The World with us

in HIVE-MYANMAR9 days ago

လိဂ်ပွဲတွေ ပြန်ကစားနေပေမယ့် မကြည့်ဖြစ်ပေ။ ဘောလုံးပွဲ ကြိုက်သည့် ကျနော် ဘောလုံးပွဲလည်း မကြည့်နိုင် မကြည့်အားပေ။ မအားတာထက် ကြည့်ချင်၊ ကြည့်လို စိတ် မရှိနေခြင်း ဖြစ်၏။ စိတ်တို့ အတော်လေး ပြန်လည် တည်ဆောက် ရပေလိမ့်ဦးမည်။ ကိုယ်တောင် ပြိုလဲနေရင် တကယ် နဖူးတွေ့ ဒူးတွေ့ ခံစားနေရသူတွေဆိုရင် အဘယ်သို့များ နေမည် နည်း။ လဲကျသူကို ထူမတ် အားပေးနိုင်ဖို့ ကိုယ်တွေက သန်မာ နေဖို့ လိုသည် မဟုတ်လား။

အသက်တခု ရောက်လာလို့ရယ်ပဲလားတော့ မပြောတတ် social media အပေါ် မက်မက်စပ်စပ် သိပ် မရှိလှတော့ပေ။ Information, New တွေ သိရန်လောက် အတွက်သာ သုံးတော့၏။ Facebook အသုံး နည်းလာခဲ့ပြီး Telegram ပေါ်မှာပဲ အချိန် ပိုပြီး ပေး ဖြစ်၏။ အထူး အလေးပေး ဖြစ်တာကတော့ Hive platform ပေါ်မှာပေါ့။ Hive ကိုက အနာဂတ် အတွက် ရည်ရွယ်ထား၏။ ဘာမှ မတည်မြဲဘူး ဆိုပေမယ့် Hive platform ရှိနေသရွေ့တော့ စာရေး ပိုစ့်တင်ရင်း အိုစာ မင်းစာလေးအတွက် စုထားရပေလိမ့်မည်။

ဘောလုံးပွဲတွေ မကြည့် ဖြစ်ပေမယ့် ဘောလုံးရပ်ဝန်းကတော့ မြန်မာ့ ငလျင်ဘေးအတွက် ဆုတောင်း အားပေးမှုတွေ ကိုယ်စီ လုပ်ပေးကြ၏။ အထူးသဖြင့် ကျနော် အားပေးသည့် Manchester United အသင်းပေါ့။ အခြား EPL အသင်းတွေ စပိန်လာဂီဂါက အသင်းတွေလည်း ဆုတောင်း မေတ္တာ ပို့သ ပေးကြ၏။ ဝမ်းနည်းစရာကြားထဲ ရယ်ရတာက Arsenal fan တွေ ဖြစ်၏။ Arsenal အသင်းက ဆုမတောင်း ပေးလို့ ဆိုပြီး စိတ်မကောင်းတွေ ဖြစ်နေကြ၏။ တခြားအသင်း fan တွေကလည်း စနောက်ကြသည်ကိုး။ Arsenal မှရယ် မဟုတ် Chelsea ပါ ပါနေတော့ London အသင်းတွေက အားပေးရကျိုး မနပ်ပါဘူးတွေ ဘာတွေနဲ့ ဝိုင်းစကြလေတော့၏။

တခြား အသင်းတွေထက် ရက် နောက်ကျပြီးမှ Arsenal, Chelsea တို့ ဆုတောင်းစာ အသီးသီး တင်ပေးကြလေ၏။ ဒါတောင် Arsenal က Twitter (X) မှာ သွားတင်ထားလို့ X သိပ်မသုံးသည့် မြန်မာတွေ အတော် နောက်ကျမှ သိကြရလေ၏။ နောက်ကျတယ် စောတယ်ရယ်လို့ မဟုတ်ပါဘူးလေ။ တသားထဲ ရှိနေပေးတယ် ဆိုကတည်းက အားဖြစ်ရသည် ဝမ်းသာရသည် မဟုတ်လား။ Fan တွေလည်း အားပေးရကျိုး နပ်တာပေါ့။

မြန်မာ့ အမျိုးသား၊ အမျိုးသမီး လက်ရွေးစဉ် ကစားသမားတွေကလည်း တဦးချင်းသော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများကို အားပေး လှူဒါန်း ကူညီကြ၏။ တချို့ဆို မိမိတို့ တန်ဖိုးထားသည့် Jersey တွေကို လေလံတင် ရောင်းချပြီးလှူတာမျိုးတွေပါ ရှိ၏။ ဘောလုံး ရယ်မှ မဟုတ် အခြားသော အားကစားရပ်ဝန်းတွေကလည်း ဆုတောင်း ကူညီ လှူဒါန်းမှုတွေ ပြုလုပ်ပေးကြ၏။

eSports ရပ်ဝန်းကလည်း နောက်ကျ မကျန်ခဲ့ပေ။ Mobile Legends လို ဂိမ်းကနေလည်း လှူဒါန်းမှုတွေ ရှိ၏။ MPL PH မှာဆို ပြိုင်ပွဲ မစတင်မီ မြန်မာအတွက် တမိနစ် ငြိမ်သက်ကာ ဆုတောင်းပေးကြပြန်၏။ အနုပညာရပ်ဝန်းကလည်း ထိုနည်း တူစွာပင် ဖြစ်၏။ ပြည်တွင်း အနုပညာရှင်တွေမှရယ် မဟုတ် ပြည်ပ အနုပညာရှင်တွေကလည်း ကူညီ လှူဒါန်း ပေးကြ၏။

ကမ္ဘာ အရပ်ရပ်၊ ကဏ္ဍ အသီးသီးကနေ ဘက်ပေါင်းစုံ ကူညီ လှူဒါန်း ဆုတောင်း ပေးကြ၏။ ကမ္ဘာကြီးက ငါတို့ကို ပစ်မထားပါလားဆိုပြီး ဝမ်းနည်း ဝမ်းသာ ဖြစ်ကြရ၏။ ငလျင်ဘေးကြီး လွန်မြောက်ပြီးသွားရင်တောင် ကျနော်တို့မှာ အာဏာရှင်ဘေးကနေ လွတ်အောင် ဆက်လက် ကြိုးစားကြရပေလိမ့်ဦးမည်။ ခု သဘာဝဘေးမှာ နိုင်ငံတကာက ကူညီကြသလို အာဏာရှင်ကို တော်လှန်မှုမှာလည်း ယခင်ကထက် ပိုပြီး ထိထိရောက်ရောက် ကူညီပေးကြရင် ကောင်းမှာပဲလို့ တွေးနေမိပါတော့၏။

(photo & screenshot from Facebook pages)

Sort:  

!LOLZ
!MEME

Have you heard the one about the jump rope?
Never mind, skip it.

Credit: reddit
$LOLZ on behalf of htwegyi

(2/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.@donjaun, I sent you an

!LOLZ. !MEME

Never tell a pun to a kleptomaniac
They're always taking things literally.

Credit: lofone
$LOLZ on behalf of chanmin

(2/6)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@donjaun, I sent you an

!hiqvote