အိမ်ဝိုင်းထဲက ပိန္နဲပင်ကတော့ အသီးတွေ သီးနေပြီ ဖြစ်၏။ ဒီနှစ် သီးတာ စောနေသလားလို့ပါ။ မနှစ်က မိုးတွင်းကြီးမှာ သီး၏။ အင်း စောပြီး သီးတော့လည်း တမျိုးတော့ ကောင်းတာပေါ့လေ။ မိုးကျချိန်မှဆို အသီးထဲ ရေဝင်တာတွေ ဘာတွေ ရှိ၏။ မိုးကျချိန်မှ သီးတယ်ဆိုရင် အဲ့လိုပဲ။ ရှေ့နှစ်တွေမှာ တွေ့ခဲ့ရပြီးပြီ။ အိမ်း ခပ်စောစော သီးလို့ မိုးများ ခပ်စောစော ရွာလေ မလားတော့ မသိပေ။ မိုးရာသီ အရောက်စောမယ်ထင်။
ပိန္နဲသီးတွေက နေရာတခုထဲမှာ ပြွတ်ခဲပြီး သီးနေကြသဖြင့် တချို့အလုံးသေး၊ မဖြစ်ထူးလောက်ဘူးဟု ထင်မြင်ယူဆရသည့် အသီးတွေကို ခူးပစ်၊ ချွေပစ်ဖို့တော့ လိုမည် ဖြစ်၏။ ကျနော်က ထိုသို့ ပြောပေမယ့် အမေက တော့ သိပ်သဘောမကျပေ။ ဘာတဲ့ အစိမ်းချက်စားလို့ ရတဲ့ အနေအထားရောက်မှ ခူးပစ်တဲ့လေ။ ရော် အမှည့်အတွက် ဒီအတိုင်း အချိုစားဖို့အတွက် ကျနော်က အလုံးအသီး အဆင်ပြေအောင်လို့ ချွေလိုခြင်း ဖြစ်၏။ တနှစ်တုန်းက မချွေလို့ အသီးတွေ အဆင်မပြေတာမျိုး ရှိခဲ့၏။ တခိုင်ထဲမှာ အလုံးတွေ ပြုံနေအောင်သီးပြီး ဘယ်အလုံးကမှ ကောင်းကောင်းမွန်မွန် ဖြစ်ထွန်းသွားတာမျိုး မရှိပေ။
ပိန္နဲပင်နဲ့ အပြိုင် သီးနေတာကတော့ သရက်သီး ဖြစ်၏။ ထိုသို့ ဆိုလိုက်လို့ အများကြီး သီးသည်ဟု ထင်နေဦးမည်။ နည်းနည်းလေးပါ။ ဒါပေမယ့် ယခင်က လုံးဝမသီးခဲ့သည့် အပင်က သီးတာမို့ ထိုအပင်အတွက်တော့ ဂုဏ်ယူပေးရမည် မလား။ အိမ်ဘေး အပင်၊ အိမ်ရှေ့အပင် ၂ ပင်လုံး သီး၏။ အိမ်ဘေးကတော့ မချစ်စု၊ အိမ်ရှေ့ပင်ကတော့ စိန်တလုံးပင်ဟု အမေပြော၏။
မနှစ်က အိမ်ဘေးက အပင်က တလုံးကြီးများတောင် သီး၏။ အိမ်ဘက်မှာ မသီးဘဲ သူများ ခြံဘက်မှာ သီးခြင်း ဖြစ်၏။ ဒီနှစ်တော့ အိမ်ဘက်မှာပဲ ၂ လုံးသီးနေ၏။ အိမ်ရှင့်အပင် မှာကတော့ တလုံး သီးနေ၏။ အိမ်ရှေ့အပင်က ထောပတ်ပင်နဲ့ နီးကပ်နေ၏။ အမေ စိုက်တုန်းက ကပ်နေခြင်း ဖြစ်၏။ စိုက်တုန်းက ကျနော် ပြောသေး၏။ အမေက လက်မခံ စိုက်လိုက်ဟု ပြောသဖြင့် သူ စိတ်ချမ်းသာအောင် ထားပေးလိုက်၏။
အပင်ကြီးတွေ ကြီးလာရင် အမြစ်တွေ လိမ်လာနိုင်၏။ ငယ်ငယ်က စာထဲမှာ သင်ခဲ့ဖူးသည့် သရက်ပင်နဲ့ တမာပင်တွေ ရောထွေးပြီး အချိုအရသာ ပျက်အောင် လုပ်ခဲ့သလိုပေါ့။ ထောပတ်သီးများ ချဉ်သွားလေမလား၊ သရက်သီးများ ပိုချိုလာလေမလား၊ ဒါမှမဟုတ် အရသာ ရောထွေးသွားပြီး ထောသရက်တွေများ ဖြစ်သွားမလားကတော့ သရက်သီးတွေ ထောပတ်သီးတွေ ထပ်ပြီး သီးလာမှပဲ သိရပေတော့မည်။
တောင်ကြီးသရက်ဆိုတော့ အချိုတော့နည်း
မယ်ထင်ပ။
!LOLZ
!MEME
Credit: epic-fail
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
One catches drops, the other drops catches.
Credit: reddit
$LOLZ on behalf of htwegyi
(1/8)
PLAY & EARN $DOOM
@donjaun, I sent you anပိုးပါ ပါတယ်ဗျ။
တောင်ပေါ် သရက်က ကျိန်စာမိနေတယ် ဆိုလားပဲ။
!LUV. !MEME
(3/4) sent you LUV. | tools | discord | community | HiveWiki | <>< daily@donjaun, @chanmin
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!