We are Quarter Final List

in HIVE-MYANMAR15 days ago

Europa League Round of 16 ဒုတိယကျော့ ပွဲစဉ်များ ဒီနေ့ မနက် အစောပိုင်းမှာ ကစားသွားခဲ့၏။ အဆုံးအဖြတ် ပွဲစဉ်များ ဖြစ်နေခဲ့သည်မို့ အကြိတ်အနယ် ရှိလှ၏။ စိတ်လည်း ပူရ၏။ စိတ်ပူရတာက ကိုယ်တွေ United အတွက် ဖြစ်၏။ မတည်ငြိမ်သည့် ခြေစွမ်းကြောင့် အိမ်ကွင်း ပေမယ့်လည်း စိတ်ပူမိ၏။ ပွဲကို ကြည့်ချင်ပေမယ့်လည်း မနက် 2 နာရီခွဲကြီး ဆိုတော့ ထမကြည့်နိုင်တော့ပေ။ စောင့်လည်း မကြည့်နိုင်။ ခုနောက်ပိုင်းက အိပ်ရေး ဝဖို့ကိုပဲ ဦးတည်ထား၏။ ကိုယ့် ပြိုင်ပွဲ ကလည်း နီးနေပြီကိုး။ အိပ်ရေးဝပြီး အားပြည့်နေဖို့ လို၏။

မနက် အိပ်ရာထမှပဲ result & highlight ကြည့်တော့မယ် တွေးပြီး အိပ်လိုက်၏။ မနက် အိပ်ရာ နိုးတာနဲ့ result ကို အပြေးအလွှား ကြည့်မိ၏။ အံ့ဩ စရာ 4-1 နဲ့ နိုင်သတဲ့။ နိုင်မယ် ထင်ထားပေမယ့် ခုလို ဂိုးပြတ်သွားမယ်လို့ ထင်မှတ် မထားမိပေ။ ပိုပြီး ကျေနပ်စရာ ကောင်းတာက အသင်း ခေါင်းဆောင် Fernandes က Hat-trick သွင်းယူ သွားနိုင်ခဲ့ခြင်း ဖြစ်၏။ ပင်နယ်တီဂိုးတော့ နှစ်ဂိုး ပါတာပေါ့။ Real Sociedad ရဲ့ တလုံးထဲသော ဂိုးကလည်း ပင်နယ်တီ ဂိုး ဖြစ်၏။

Highlight တွေ အရ United က ပိုမို ဖိအားပေး ကစားနိုင်ခဲ့၏။ ကစားကွက်လည်း ကောင်းမွန်၏။ အဆုံးသတ် ပိုင်းသာ သေချာခဲ့ရင် ယခုထက် ဂိုးပိုပြတ်နိုင်၏။ တသင်းလုံး ယခင်ထက်စာရင် ပိုမို ကောင်းမွန်လာခဲ့သည်ဟု ပြောလို့ရ၏။ Quarter Final မှာတော့ ပြင်သစ် ကလပ် Lyon အသင်းနဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

EPL အသင်း တသင်း ဖြစ်သည့် Tottenham လည်း AZ Alkamaar အသင်းကို 3-1 ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း 3-2 ဖြင့် အနိုင်ရကာ နောက်တဆင့် တက်သွားခဲ့၏။ နည်းပြကြီး မော်ရင်ဟို၏ Fenerbahce ကတော့ အဝေးကွင်းမှာ Ranger အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ 3-2 ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခါခဲ့ရ၏။ ပထမကျော့ ကိုယ့်အိမ်ကွင်းမှာ 0-2 နဲ့ရှုံးထားလို့ ဒုတိယကျော့ကို သေချာလေး အားထုတ် ကစားခဲ့၏။ ခု အဝေးကွင်းမှာ 0-2 နဲ့ ပြန်လည် အနိုင်ရတော့ အချိန်ပိုတွေ ပင်နယ်တီတွေထိပါ ရောက်သွားခဲ့လေ၏။

ခုထိတော့ မဆိုးနေသေးသည့် United ဟု ပြောရပေလိမ့်မည်။

(photos from Manchester United page)

Sort:  

!LOLZ. !MEME

Me and my mates are in a band called Duvet.
We're a cover band.

Credit: reddit
$LOLZ on behalf of chanmin

(4/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.@donjaun, I sent you an