Telegram ဟု ပြောလိုက်ရင် ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ ပတ်ဝန်းကျင်က ဟိုလိုလို၊ ဒီလိုလိုတွေ တွေးထင်တက်ကြ၏။ ဒါကလည်း အပြစ်တော့ရယ် မဟုတ် တချို့တွေကလည်း Telegram ကို အမှောင်ဇာတ်ကား ဘာညာ ကြည့်ဖို့ကနေပဲ စသိလာကြသည်ကိုး။ တချို့ကတော့ လင်းလင်းထင်းထင်း ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေ ကြည့်ဖို့လောက်သာ Telegram ကို တွေးထား သုံးထားကြ၏။ တကယ်တမ်းမှာ Telegram က ထိုထက် အများကြီး ပိုမို အသုံးဝင်သည့် အရာ ဖြစ်၏။
နိုင်ငံတော် အဆင့် social app လို့ ပြောယူရအောင် ကျနော်တို့ဆီမှာ Facebook ကို အသုံးများ၏။ မြန်မာနိုင်ငံသူ၊ နိုင်ငံသား ဆိုရင် Facebook account တခုတော့ အနည်းဆုံး ရှိကို ရှိရမယ်လို့ပင် ပြောရမလိုပင်။ ထိုမျှထိကို Facebook က ကြီးစိုးထား၏။ တချို့တွေ အတွက်ဆို Facebook က ဘဝကြီး တခုနှယ်။ မိမိ ဖြစ်နေသမျှ၊ လုပ်နေသမျှကို အိတ်သွန်ဖာမှောက်ကို ရေး၍ တင်နေကြလေ၏။ ထိုသို့သော လူမျိုးတွေကို မြင်တော့ ကိုဟင် ပြောပြဖူးသည့် စင်ကာပူက လူလိမ်ခံလိုက်ရသည့် social media စွဲလမ်းလွန်းသူ အန်တီကြီးကို သွားသတိရမိ၏။ (သိလိုသူများ ကိုဟင့် ပိုစ့်မှာ သွား၍ ရှာဖတ်ပါကုန်)
ကျနော်တို့ အများစုက အာဏာသိမ်းခံရပြီး နောက်ပိုင်းမှသာ Telegram ဖက်ကို ရောက်လာကြသူတွေ ဖြစ်၏။ Telegram အကြောင်းကို သေချာ နားလည်ကြလို့ရယ် မဟုတ် Facebook, Messenger ကို စကစ ဖက်ကနေ (VPN လို) ပိတ်ဖို့ ကြိုးစားလာသဖြင့် လိုရမယ်ရ backup ဆိုပြီး ရွှေ့လာကြခြင်း၊ အကောင့်ဖွင့်ထားခြင်း ဖြစ်၏။ အာဏာသိမ်း ကာလ မတိုင်ခင် ကတည်းက Telegram account ရှိနေပြီး ဖြစ်ပေမယ့် သိပ်မသုံး ဖြစ်နေသေးပေ။ ယခု ကာလမှ ပိုပြီး သုံးဖြစ်လာသည် ပြောရမည်။
Crypto နှင့် ရင်းနှီးသူတွေကတော့ Telegram နဲ့ စိမ်းကြမည် မဟုတ်ပေ။ Airdrop ကောက်သူများအဖို့ Telegram က Crypto တွင်းပင် မဟုတ်လား။ Telegram bot တွေနဲ့ Airdrop တွေနဲ့ ကျနော်တို့တွေ တရင်းတနှီး ရှိခဲ့ကြဖူး၏။ ကျနော်လည်း Airdrop ဘာညာ အနည်းငယ်တော့ ရဖူးခဲ့ပါ၏။ ကာလတခုစာလောက် Airdrop bot တွေ ရပ်သွားခဲ့ပြီး ခု တဖန် ပြန်လည်လို့ ခေတ်စားလာခဲ့ ပြန်၏။
ကျနော့် အတွက် Telegram က Airdrop ထက် phone ကလိဖို့ technology တွင်းကြီးလို့ ပြောရင် ပိုမှန်မည်။ Custom ROM, Magisk modules နှင့် mod APKs တွေ အစရှိသဖြင့် မျိုးစုံ အရာရာကို Telegram မှာ ရနိုင်၏။ မည်သို့ပင် ဆိုစေ တခေတ်ပြန်ထလာသည့် Telegram Airdrop bot ရေစီးကြောင်းထဲ ကျနော်လည်း တဖန် ပြန်လည်စီးဝင် ကြည့်ပါဦးမည်။ မရတော့လည်း အရင်း၊ ရတော့လည်း အမြတ်ပေါ့။
ဒီလောက် ရေးလာမှတော့ ကဒွန် refer ရှာချင်နေပြီ မလား ဟု မေးက ဟုတ်ပါသည်ဟု ဖြေရပေလိမ့်မည်။ ကူညီပါဦးဟုလည်း တပါတည်း ပြောပါရစေ။ မနေ့က အသိတယောက် bot တခု တင်ထား၏။ JEFE tokens Airdrop တဲ့။ Airdrop bot တွေ အများကြီးပဲ ဆိုတော့ သိပ်တော့ စိတ်မဝင်စားနေပေ။ သို့ပေမယ့် သူထပ်ရေးပေးထားသည့် ထဲမှာ trust wallet နဲ့ ချိတ်လို့ရတယ်ဆိုတာလေး ပါနေတော့ စိတ်ဝင်စားလို့ သွားဝင် ကြည့်မိ၏။ Investment လုပ်ခင်းနေရင်တော့ မလုပ်တော့ဘူး၊ Steps တွေ များနေရင်လည်း မလုပ်တော့ဘူး၊ နာရီနဲ့အမျှ နှိပ်နေရတာမျိုးဆိုရင်လည်း မလုပ်တော့ဘူး၊ refer အများကြီး ရှာနေရမှာမျိုးဆိုရင်လည်း မလုပ်တော့ဘူးပေါ့။
လောလောဆယ် investment အကြောင်း မတွေ့သေး။ Twitter နှင့် Telegram accounts ရှိရင် ရပြီ။ Twitter မှာ သူတို့ account ကို follow လုပ်၊ ပိုစ့်တခုကို retweet လုပ်ပေး နောက်ပြီး ပေးထားသည့် Telegram Channel တွေ လိုက် join ပေး ဒါပဲ ဖြစ်၏။ ဒါတွေ လုပ် ပြီးသွားရင် 500 JEFE tokens ပေး၏။ လက်ရှိ ပေါက်ဈေးအရ $20 လောက်တော့ ရှိသည် ဆို၏။
Trust wallet နဲ့ ချိတ်ကြည့်၏။ ရသည်။ ဒါဖြင့် ထုတ်မယ်ကွာပေါ့။ $20 လေ၊ မနည်းဘူးလေနော့်။ အဲ့လောက် လွယ်လွယ်နဲ့ ဘယ်သူက ထုတ်ပေးမှာလဲ။ မင့် balance မှာ အနည်းဆုံး 8000 JEFE tokens ရှိမှ ထုတ်လို့ရမယ်တဲ့။ Refer တယောက်ရရင် 500 JEFE ရမယ်တဲ့။ ဒီအတိုင်းဆို refer 16 ယောက် ရှာရမည်ပေါ့လေ။ ကိုယ့် ရှိပြီးသား 500 ကို ဖယ်ထားလိုက်မယ် ဆိုရင်တော့ 15 ယောက် ရှာရင် ရပြီပေါ့လေ။
ထို့ကြောင့် ရှေ့မျက်နှာ နောက်ထားပြီး အားနာနာနဲ့ပဲ ပေးထားတဲ့ link ကနေ တချက်လေး ကူပေးပါဦးလို့။ ထုတ်လို့ရတယ် ဆိုရင် ပြန်လာ ပြောပြပါ့မယ်။
(Comment မှာ link ချထားပေမယ်နော် ဝင်ပေးပါဦးဗျ)
လငိ့မတွေ့သေးဘူးဗျ
https://t.me/JEFE_Token_Airdropbot?start=Bot2401934
Scam သွားပြီတဲ့ဗျ။
Here Link
https://t.me/JEFE_Token_Airdropbot?start=Bot2401934
ဟုတ်သဗျို့ လင့် မတွေ့ပါ။
!LOLZ
!MEME
Credit: epic-fail
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
High prices.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Scam သွားပြီတဲ့ဗျ။
😂
join မရဘူးဖြစ်နေပါတယ် ကိုဒွန်
Scam ဖြစ်သွားပြီတဲ့။ ကောင်းရော။
😅
Scam သွားပြီတဲ့ဗျ။ မလုပ်ကြနဲ့တော့ဗျ။