၂၀၂၄ ၌ ရှင်သန်နေထိုင်ခြင်း

in HIVE-MYANMARlast year

"ဟဲ့ မနက်၆နာရီမီးပျက်မှာထတော့လေ"
မောင်ငယ်အားနိုးလိုက်ရင်းအိပ်ယာမှထလိုက်ပါသည်။
တနေ့တာအတွက်ချက်ပြုတ်ဖို့ ရေတင်ဖို့အစရှိသောလုပ်
ငန်းဆောင်တာများအား လျှပ်စစ်မီးလာချိန်၌ပြီးစီးအောင်
ဝီရိယရှိရှိလုပ်ကိုင်ဆောင်ရွက်ရပါသည်။
စာရေးသူတို့ဤနိုင်ငံ၌ လူဖြစ်ရသည်မှာ လူဖြစ်ရကျိုးနပ်လှ
ပေသည်။မည်သည့်ကိစ္စကိုပြုလုပ်ဆောင်ရွက်ရသည်ဖြစ်
စေ ဝိရိယရှိရှိလုပ်ဆောင်တတ်စေရန် စိတ်ရှည်သည်းခံ
တတ်စေရန် စားဝတ်နေရေးလူနေထိုင်မှူ၌ သင်ကြားပေး
ခံနေရသကဲ့သို့ပင်ဖြစ်ပေသည်။
လုပ်ဆောင်ရမည့်အလုပ်များအားလုပ်ကိုင်ဆောင်ရွက်
ရင်းမည်သည့်အကြောင်းအရာများကိုစာရေးလျှင်ကောင်း
မလဲဟုစဉ်းစားနေမိသည်။
စာရေးသူသည်ဂျပန်ဘာသာဆရာမသီးသန့်သာလုပ်ကိုင်
ခဲ့သည်မှာနှစ်အနည်းငယ်ကြာခဲ့၍ အင်္ဂလိပ်စာလုံးတော်
တော်များများမှာမေ့လာခဲ့သည်။ထို့အတူလုပ်ရမည့်လုပ်
ငန်းဆောင်တာများ၌လည်းသတိထားနေသည့်ကြားမှပင်
မေ့နေတတ်သည်။
ပစ္စည်းတခုကိုမိမိကိုယ်တိုင်သိမ်းဆည်းပြီးဘယ်နားထားမိ
မှန်းမသိမေ့နေတတ်သည်။ယခုအရွယ်၌ မေ့တတ်သည့် မိမိစိတ်အားသတိလေးထားနေရပေသည်။
ယနေ့၌မူကြိုကျောင်းကတည်းကပေါင်းသင်းလာသည့် သူငယ်ချင်းမနှင့်video callဖြင့်စကားပြောဖြစ်သည်။
သူလည်းအသက်၄၀ကျော်လာတော့စာရေးသူလိုပင်
ဒူးတွေနာကိုယ်လက်ကိုက်ခဲဖြစ်သည်ဟုပြောသည်။
ထို့နောက်သူငယ်ချင်း၂ယောက်စကားပြောရင်းကုန်ဈေး
နှူန်းအကြောင်းဘက်ရောက်သွားကြပြန်သည်။

စာရေးသူတို့အိမ်၌မုန့်ပဲသရေစာကိုပင်အပြင်မှအတတ်နိုင်
ဆုံးဝယ်မစားဖြစ်တော့ပေ။ပေါက်စီ၊ဒန်ပေါက်၊ကြာဇံချက်
စသဖြင့်အိမ်မှာပင်လုပ်စားဖြစ်သည်များသည်။
အတော်ပင်တွက်ချေကိုက်လှသည်။
ပေါက်စီ၁လုံးသည် ဝယ်စားလျှင် မြန်မာငွေ၁၅၀၀ကျပ်ခန့်ကုန်ကျပေသည်။အိမ်၌ ပြုလုပ်သောအခါ၌ မွှေးဂျုံမှူန့်
၄ထုပ်ခန့်သည် ၂၄၀၀ကျပ်ခန့်ကုန်ကျသည်။yeast တထုပ်သည်၅၀၀ကျပ်ခန့်နှင့်ကြက်သားသို့မဟုတ် ဝက်သား
၂ဆယ်သန့်ခန့်၃၀၀၀ကျပ်ကုန်ကျသည်။တခြားကြက်
သွန်နီအစရှိသဖြင့်သည် အိမ်၌ရှိသည်ကိုသုံးသည်။
ပေါက်စီ၁၆လုံးခန့်ထွက်သည်။စုစုပေါင်း၆၅၀၀ကျပ်ခန့်
သာကုန်သည်။တဝကြီးစားရပေသည်။ရေခဲသေတ္တာထဲ၌ ခဲထား၍ ပြန်ပေါင်းပြိးစားသုံးသည်။
ထို့အတူမုန့်ဟင်းခါးအစရှိသဖြင့်အိမ်၌ချက်စားဖြစ်သည်။
လယ်ငါးခူလေး၁၅ကျပ်သားခန့်၂၀၀၀ကျပ်ဖိုးလောက်
ကိုပြုတ်၍ ဆီသတ်ကာမွှေးမုန့်ဟင်းခါးအမှူန်ထုပ်၁ထုပ်
ထည့်သည်။မွှေးမုန့်ဟင်းခါးထုပ်၁ထုပ်တွင်ရွှေကြည်မှူန့်
ပဲမှူန့် ဆန်မှူန့် ငရုတ်ကောင်းစသည်ဖြင့် စပ်ပြီးသားပါပေ
သည်။စုစုပေါင်းဟင်းရည်ဖိုး ၃၅၀၀ကျပ်ခန့်သာကုန်
သည်။ မုန့်ဟင်းခါးဟင်းရည်သည် မုန့်ဖတ်၁ပိဿာခန့်နှင့်
စား၍ရသောပမာဏရသည်။ရေခဲသေတ္တာထဲဟင်းရည်ကို
ခဲထား၍ စားခံနီး၌ ပြန်နွှေးကာ မုန့်ဖတ်ဝယ်ပြီးစားသည်။
အတတ်နိုင်ဆုံး အကုန်အကျနည်းပြီးတွက်ချေကိုက်သည့်
နည်းလမ်းများကိုသုံး၍ ချက်ပြုတ်သုံးစွဲနေရပေသည်။
ရသည့်ဝင်ငွေဖြင့်လောက်ငအောင်သုံးစွဲရသည်မှာမ
လွယ်ကူလှပေ။
သို့သော်လည်းမိမိတယောက်တည်းသည်သာမဟုတ်
တနိုင်ငံလုံးဤအကြပ်တည်းနှင့်ရင်ဆိုင်နေရသည်ဟု
တွေးရင်း အရိပ်ရဖို့နေပူထဲမှကြံ့ကြံ့ခံကာ စောင့်နေ
ရပေမည်ဟုတွေးရင်းနိဂုံးချုပ်လိုက်ရပေတော့သည်။

၁၈.၂.၂၀၂၄
ရေးသားသူ အိအိခိုင်

Photo credited from facebook

Sort:  

အသက်က ၄ ထိပ်စီးရောက်သွားရင် အိပ်ဖို့ ခက်သလို တခါတလေ နံနက် ၃ နာရီ တရေးနိုးရင် ထပ်အိပ်မရတော့ဘူး။ အိပ်ယာထသင့်တဲ့ အချိန် ရောက်ရင် အရမ်းအိပ်လို့ကောင်း နေရောပဲ။ !PIZZA

ဟုတ်တယ်အစ်ကိုရေ အခုတလောပိုဆိုး စိတ်နဲ့လူနဲ့မကပ်ချင်ဘူး

PIZZA!

$PIZZA slices delivered:
(8/10) @kachinhenry tipped @eieikhing