အမှောင်ထု

in HIVE-MYANMARlast month

အခုတလော စာတော့ရေးချင်သည်။ရေးဖို့
အကြောင်းအရာကိုတွေးမိသည်။ရေးမယ်ဟုတေးထားရင်းဦးနှောက်ထဲမှပျောက်သွားပြန်သည်။
စီးပွားရေးမပြေလည်၍ စိတ်နှင့်လူနှင့်မ
ကပ်။တယောက်တည်းလောင်နေသည့် စိတ်အား ပဌာန်းရွတ်၍​တည်ငြိမ်အောင်
ကြိုးစားရသည်။
လျှပ်စစ်မီးကမမှန်။Power bankတွေက
အားမခံဖြင့်onlineအလုပ်လုပ်ရသည်မှာ
စိတ်ရှုပ်ဖွယ်အတိပင်။
အမှောင်ကိုမုန်းသည့်မိမိအတွက်မီးမလာ
သည့်အချိန်များသည် ရွံရှာစက်ဆုပ်ဖွယ်
အချိန်များပင်ဖြစ်သည်။
စိတ်ကမကြည်လင်။ထို့ကြောင့်စကားပြောလျှင်ဘုစပ်စပ်ဖြစ်နေသည့်မိမိအသံအား
ထိန်းနေရသည်။စိတ်ကလည်းသိပ်မရှည်ချင်ဘာကိုမကျေနပ်မှန်းမသိဒေါသက
ထွက်နေသည်။
သို့သော်လည်းဆင်ခြင်တုံ့တရားဖြင့် စိတ်ကိုထိန်းသိမ်း၍ အသက်ရှင်နေရသည်။
သို့သော်လည်း ကျဥ်းကြပ်နေသောစိတ်အားလွတ်မြောက်ဖို့သည်မလွယ်ကူလှပေ။
စိတ်ကြည်လင်မှလည်းစာကောင်းထွက်
နိုင်ပေသည်။
မိမိဘဝသည်ဤနေရာဤဌာန၌ ရှင်သန်နေ
ရခြင်းသည် မွန်းကြပ်သိပ်သည်းနေသည့်
အမှောင်ထုကြီးအားဖြတ်ကျော်နေရသကဲ့
သို့ဖြစ်နေသည်ဟုခံစားမိသည်။
သို့သော်လည်းဤတိုင်းပြည်၌ နေထိုင်နေသောလူအတော်များများလည်း မိမိထက်
ပင်တချို့သောသူများခက်ခဲနေပေလိမ့်မည်။
ကုန်စျေးနှုန်းဒဏ် ဝင်ငွေထွက်ငွေမမျှသည့်
ဒဏ်ကအတော်ဆိုးလှသည်။သို့သော်လည်း ကျော်ဖြတ်နေသည့်အမှောင်ထုအဆုံး၌ အလင်းရောင်သည် ဧကန်မုချရှိနေပေမည်ဟု အားတင်းရင်း
ရှေ့ဆက်နေရပေဦးတော့မည်။