မင်္ဂလာ

in HIVE-MYANMAR17 days ago

မင်္ဂလာ" မြန်မာစကား၌ တွင်တွင်သုံးသော
စကားလုံးဖြစ်သည်။"မင်္ဂလာပါ" "မင်္ဂလာရှိလိုက်တာ" အစရှိသဖြင့်သုံးနှုန်းကြလေ
သည်။
မင်္ဂလာဆိုသောစကားလုံးသည် မင်္ဂလ ဆိုသည့် ပါဠိစကား မှဆင်းသက်လာသော
စကားလုံးဖြစ်သည်။ မင်္ဂလဆိုသည့်စကား
၏ အဓိပ္ပါယ်မှာ မကောင်းမှုကိုရှောင်ကြဥ်
၍ကောင်းသည့်အမှုကိစ္စကိုပြုလုပ်ရမည်
ဟုအဓိပ္ပါယ်သက်ရောက်သည်ဟုစာရေး
သူနားလည်ထားသည်။
မိမိတို့ဗုဒ္ဓဘာသာ၌လည်း မင်္ဂလသုတ်၌
မြတ်စွာဘုရားက လူသားတို့၏ အကျိုးစီး
ပွားအတွက်လိုက်နာရမည့် နည်းလမ်းများ
အား လမ်းညွှန်ဟောပြောခဲ့ပေသည်။
မင်္ဂလာရှိသောလူတစ်ယောက်ဖြစ်ဖို့ရန်အတွက် မင်္ဂလသုတ်ပါလမ်းညွှန်ဟောပြော
ချက်များကို မလွဲမသွေလိုက်နာကျင့်သုံးရပေမည်။
မင်္ဂလသုတ်၌ အသေဝနစဗာလာနံ လူမိုက်
ကိုရှောင်ကြဥ်ရမည်ဆိုသောဘုရားရှင်
ဟောကြားချက်ကိုစာရေးသူနည်းနည်းအကျယ်ချဲ့ရေးချင်ပါသည်။
လူမိုက်ဆိုသည်မှာ မိမိအားအကျိူးမဲ့အောင်လုပ်မည့်သူဟုစာရေးသူနားလည်ထားသည်။တချို့သောသူများသည် ခိုးဆိုးလုနှိုက်အရက်သမားမဟုတ်သော်လည်း
တွေ့လိုက်သည်နှင့် မိမိအားစိတ်အနှောင့်အယှက်ဖြစ်စေမည့်စကားများအားအကြိမ်ကြိမ်ပြောဆိုကြသည်။
ထိုနည်းတူစွာ တချို့သောနေရာ ပွဲများ လူစုလူဝေးများ၌ မိမိအားသိမ်ငယ်စေရန်
ပြုလုပ်သည့်အပြုအမူများအား ကြုံတွေ့
ဖူးပေလိမ့်မည်။ မည်မျှပင်စိတ်ဓါတ်မာကျောခိုင်မာသောသူဖြစ်ပါစေ ပုထုဇဥ်
ဖြစ်သောကြောင့် စိတ်ဒဏ်ရာအနည်းငယ်ရသွားကြသည်ပင်ဖြစ်ပေသည်။ထိုသို့သောသူများသည်လည်း အသေဝနစဗာလာနံ လူမိုက်များပင်ဖြစ်သည်ဟု စာရေးသူယူဆမိသည်။
ကြည်လင်နေသောမိမိစိတ်လေးအားနောက်ကျိအောင် အကုသိုလ်စိတ်ဖြစ်အောင်ပြောဆိုသူများအားအတတ်နုင်ဆုံး
ရှောင်ကြဥ်ခြင်းသည်သာ ကောင်းကျိုးချမ်းသာရပေလိမ့်မည်။
ထို့ကြောင့်မိမိအတွက်ကောင်းကျိုးချမ်းသာမရှိစေသည့်သူများနှင့် အတတ်နိုင်ဆုံးမပတ်သတ်ဖြစ်အောင်ရှောင်ကြဥ်သင့်သည်ဟုထင်မြင်မိသည်။
ထိုသူများကြောင့် မိမိ၏energy များဆုံးရူံးရသည်။အကြည်ဓါတ်များဆုံးရှုံးရပေသည်။ လူတိုင်းလူတိုင်းသည်မိမိတို့၏ မိဘများအတွက် အဖိုးထိုက်တန်သောရတနာများပင်ဖြစ်ပေသည်။ လူသားတိုင်းသည် မိမိ၏အားသာချက်အားနည်းချက်များ အသီးသီးရှိကြပေသည်။
မိမိ၌ထူးချွန်သောစွမ်းရည်အချို့သည်ရှိနေသူချည်းသာဖြစ်သည်။ သူတပါး၏စကားလုံးပေတံများ၌ မိမိစိတ်ဓါတ်များ မပျက်ပြားစေရန် ရှောင်ကြဥ်သင့်သည့်လူများ အားစာရင်းပြုစု၍ အတတ်နိုင်ဆုံး ပတ်သတ်မှုကင်းအောင်နေထိုင်ရပေမည်။
မိမိအားစေတနာအပြည့်ဖြင့် ငွေကြေးဥစ္စာချို့တဲ့နေသောအချိန် နိမ့်ပါးနေသောအချိန်များ၌ ကူညီဖေးမတတ်သော မိတ်ဆွေစိတ်မိတ်ဆွေမှန်များအတွက်သာ မိမိ၏အဖိုးထိုက်တန်သောအချိန်များအား
ကုန်ဆုံးသင့်ပေသည်။ထို့ကြောင့်လူရွေး၍
ပေါင်းသင်းဆက်ဆံခြင်းသည် လောကီလောကုတ္တရာကောင်းကျိုးချမ်းသာမင်္ဂလာအတွက်အရေးကြီးဆုံးအချက်ဖြစ်
ကြောင်းရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ရပေတော့သည်။