အိမ်တအိမ်၏ငွေယိုပေါက်သည်မီးဖိုချောင်မှစသည်ဟု ဆိုစမှတ်ပြုကြသည်။ခေတ်ကာလအခြေအနေနှင့် မိသားစုစားဖို့စျေးဝယ်ချက်ပြုတ်ရသည့်မိန်းမသားတို့၏ အခက်အခဲမှာများစွာရှိနေပေသည်။မိသားစုများလေ စျေးဝယ်စီမံခန့်ခွဲရသည်မှာမလွယ်ကူလှပေ။
မိမိ၏ မောင်နှမ၂ယောက်တည်းနေသည့်အိမ်၌ပင် ဝင်ငွေနှင့်ထွက်ငွေမမျှတလှပေ။အလုပ်အကိုင်မကောင်းလှ၍တိုက်ခန်းဌားထာသည့်ဝင်ငွေသည်အဓိကဝင်ငွေဖြစ်၍နေပေသည်။
မနက်မိုးလင်းသည်နှင့်breakfastကိစ္စမှစ၍
ခေါင်းခြောက်လှသည်။အာဟာရပြည့်စေရန်လည်း ထည့်သွင်းစဥ်းစားရသည်။ငွေကုန်ကြေးကျမများဖို့သည်လည်း ပဓာနကျလှပေသည်။
လျှပ်စစ်မီးမမှန်၍ Gasသုံးရန်ကြောက်သည့်မိမိအတွက် မီးသွေးဖိုးကလည်း အပိုကုန်ကျပေသည်။အဓိကဖြစ်သည့်ဆန်နှင့်ဆီကိုဝယ်၍ ဟင်းချက်စရာဝယ်ရာ၌ ချွေချွေတာတာသုံးစွဲရသည်။
ယခင်ကာလ၌ သိပ်ချကိမစားဖြစ်သည့် ငါးပဲလိုငါးကလေးနှင့် ပုဇွန်အသေးဆုံးလေးများကို အမျိုးမျိုးလုပ်စားဖြစ်သည်။ပင်တိုင်စားဖြစ်သည့်ကြက်ဥ၏စျေးမှာ
လည်းမသေးလှပေ။ယခင်အမြဲစားဖြစ်သည့် ကြက်သား ဝက်သား ဆိတ်သား၏ ချက်ဖြစ်သည့် အကြိမအရေအတွက်မှာ နည်းပါးသွားခဲ့သည်။
ကြက်ပေါင်အရေအတွက် ၅ခုဝယ်လာလျှင် ထမင်း၁နပ်အတွက် ကြက်ပေါင်၁ခု အား အတုံးသေးကလေးများတုံး၍ အမျိုးမျိုးစီမံခန့်ခွဲ၍ ချက်ပြုတ်ရသည်။
အာလူးနှင့်ရော၍ တခါ ဗူးသီးနှင့်ရော၍ တဖုံ အသီးအရွက်ကလေးနည်းနည်းနှင့် ကြက်ကုန်းဘောင်လေးလုပ်၍ တမျိုးဖြင့်ကြက်ပေါင်၅တုံးအား ၅နပ်စား၍ ရအောင်ကြံဖန်ရသည်။
ပုဇွန်အသေးဆုံးစုပ်ဖွားကလေး ၁၀၀၀ကျပ်ဖိုးလောက် ဝယ်လာ၍ တဝက်ကိုထောင်းပြီး အကြော်မှုန့်ဖြင့် ရောနယ်၍ ကြော်ပြီးပြန်ချက်ပြီး ဟင်းတခွက်ရအောင် ဖန်တီးရသည်။
ကျန်ပုဇွန်တဝက်အား ငရုတ်သီးခွဲခြမ်းဖြင် စပ်စပ်လေးကြော်၍ ချဥ်ပေါင်ဟင်းကလေးဖြင့်တနပ် ဖန်တီးရသည်။
အရွက်ကြော် အသီးအနှံစားရာတွင်လည်း စျေးချိုသည့် အသီးအရွက်များကိုသာဝယ်၍ ချက်ပြုတ်စီမံရသည်။
ချွေတာလွန်း၍ ကျန်းမာရေးထိခိုက်လာလျှင် ဆေးကုရသည်မှာ ငွေကုန်ကြေးကျများလှသည်။
ထို့ကြောင့်အာဟာရဓါတ်လည်းမျှတစေ ရန်ချက်ပြုတ်ရပေသည်။မီးဖိုဆောင်ချွေတာရေးအကြောင်းရေးရရင်ဖြင့်မကုန်နိုင်အောင်ရှိပေတော့သည်။
Sort: Trending