"အမှား" စကားလုံးလေး၂ခုပင်ဖြစ်သည်။
လူတိုင်းအမှားနှင့်မကင်းပါ ဟုဆိုကြပေ
သေးသည်။
မြန်မာလူမျိုးတိုင်း ထိုစကားကိုသိကြပေ
သည်။တချို့ပညာတတ်ကြသည်။ တချို့ပညာမဲ့ကြသည်။
ပညာတတ်သည်ဖြစ်စေ ပညာမဲ့သည်ဖြစ်စေ ဆင်ခြင်တုံ့တရားသည်အရေးကြီးဆုံးဖြစ်သည်။ဆင်ခြင်တုံ့တရားမရှိမှုကြောင့်အမှားတွေကျူးလွန်မိကြသည်။
"ပုထုဇ္ဇနော ဥမ္မတ္တကော"ဟုမြတ်စွာဘုရားဟောကြားတော်မူထားသည်။ပုထုဇဥ်တိုင်းသည်စိတ်ရောဂါဝေဒနာသည်များသာ ဖြစ်သည်။
ဆင်ခြင်တုံ့တရားမဲ့သောကာလများတွင် ပိုဆိုးကြသည်။ဤကာလ၌ ဆင်ခြင်တုံ့တရား မထားနိုင်လျှင်ပိုဆိုးပေသည်။
စီးပွားရေးအခက်အခဲ ငွေကြေးကြပ်တည်း
မှုလူတိုင်းကြုံတွေ့နေရသည့်ကာလဖြစ်သည်။
ထို့ကြောင့် အလွယ်ရမည်ထင်သည့် လောင်းကစားကို ဆင်ခြင်တုံ့တရားမဲ့စွာ ပြုလုပ်ကြသည်။ထို့ကြောင့်ပင် အကြွေးများစွာတင်၍ ရှိသမျှကုန်နေသည့် လူများ
အားလည်းမိမိပတ်ဝန်းကျင်၌ တွေ့မြင်ကြရသည်။
မည်သည့်ကိစ္စ၌ မဆိုချင့်ချိန်၍ ဆင်ခြင်တုံ့
တရားရှိသင့်သည်။မိမိကိုယ်တိုင်လည်း
စီးပွားရေးကြပ်တည်း၍ ငွေကြပ်သည့်ကာ
လများကြုံတွေ့ရသည်။
ထို့ကြောင့်မိမိ၏စိတ်ကိုအလိုမလိုက်ပဲ ချွေတာသင့်ချွေတာထိုက်သည်များကို ချွေတာ၍နေရသည်။
စိတ်ကိုတည်ကြည်စွာထား၍ ခေါင်းအေးအေးဖြင့် ရှေ့နောက်ဆင်ခြင်၍ မဖြုန်းမိအောင် ကြိုးစားနေရသည့်ကာလဖြစ်သည်။
ထို့ကြောင့်မိမိတို့၏ ဘဝ၌ ပျော်ရွှင်ပြည့်စုံအောင်မြင်သည့်ဘဝကို ပိုင်ဆိုင်ချင်လျှင်စိတ်ထင်ရာတစွတ်ထိုးမလုပ်ပဲ ဆင်ခြင်တုံ့တရားဖြင့်ချင့်ချိန်နေသည့်ပါကြောင်း တင်ပြရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။