Traditional Medicine ရသာရန ဆင်တုန်းမနွယ်

in HIVE-MYANMAR3 years ago

မင်္ဂလာပါ။
တစ်နေ့က စစ်ကိုင်းမြို့ မှာ ရှိတဲ့ မိတ်ဆွေတွေဆီ အလည်ရောက်ဖြစ်ခဲ့ပါတယ်။
ထိုမိတ်ဆွေတွေက ရသာရန တိုင်းရင်းဆေး ထုတ်လုပ်ရောင်းချသူတွေပါ။
ရသာရန တိုင်းရင်းဆေး မှာ အဓိက အားဖြင့် ဆင်တုန်းမနွယ် နှင့် ရှောက်သီး ပါဝင်ပါတယ်။
အခြားသော ပရဆေးဘက်ဝင်ပစ္စည်းများလည်း အနည်းငယ် ပါဝင်ပေမယ့် ကျွန်တော်က ဆေးဖော်စပ်သူ မဟုတ်လို့ ဆေးထဲမှာ ပါဝင်သည့် ဆေးဘက်ဝင်ပစ္စည်းများကို အတိအကျ မဖော်ပြတော့ပါဘူး။

img_0.33049703836525524.jpg

Image Source

ရသာရန ဆင်တုန်းမနွယ် တိုင်းရင်းဆေးကို သောက်သုံးပါလျှင် ထုံကျဉ်ကိုက်ခဲညောင်းညာ ပြေစေပြီး၊ စားကောင်း ဝမ်းမှန် အသက်ရှည်စေပါမယ်။

ကျွန်တော်ကတော့ ထို ဆင်တုန်းမနွယ် ရသာရန တိုင်းရင်းဆေး ထုတ်လုပ်နေပုံကို ကြည့်ရှုပြီး အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

ကျွန်တော့်မိတ်ဆွေတွေက ဒီတိုင်းရင်းဆေး ကို မိဘထံမှ အမွေ ဆက်ခံရယူခဲ့ပြီး အသေးစား စက်မှု၊ လက်မှု လုပ်ငန်း အဖြစ် တစ်ပိုင်တနိုင် လုပ်ကိုင်နေကြတာပါ။

ဆင်တုန်းမနွယ်ပင်စည်ကို သေးသေးလေးတွေ စိတ်ပိုင်းကာ အခြောက်လှန်းပြီး ပုံထဲမှာ မြင်ရသည့် စက် ဖြင့် အမှုန့်ကြိတ်ပါတယ်။

img_0.1732961310746495.jpg

အောက်ပါ စက် ကတော့ ဆေးဘက်ဝင်ပစ္စည်းများကို ရောသမမွှေတဲ့ စက်ပါ။

img_0.92985864318809.jpg

‌ဆေးမှုန့်များကို ရေ ဖြင့် ရောသမမွှေပြီးနောက် အောက်မှာ မြင်ရသည့်အတိုင်း စက်ငယ် လေးဖြင့် နန်းဆွဲပါတယ်။
img_0.8829089830489735.jpg

နန်းဆွဲလို့ရတဲ့ ဆေး‌ချောင်းတွေကို ဆေးလုံးသည့် စတီးလှိမ့်တုန်းစက် ဖြင့် အလုံးလုံးပါတယ်။

img_0.29372067126148016.jpg

img_0.8829089830489735.jpg

ထိုနောက်တော့ ဆေးလုံးများကို နေရောင်ဖြင့် အခြောက်ခံပါတယ်။
ဆေးလုံးတွေ ခြောက်လျှင်တော့ ဗူးများဖြင့် ထည့်ကာ ရောင်းချပါတယ်။

ဒါကတော့ ကျွန်တော် တိုင်းရင်းဆေး ထုတ်လုပ်ရောင်းချသည့် မိတ်ဆွေ၏ အိမ် အလည်ရောက်တုန်း လေ့လာကြည့်ရှုခဲ့တဲ့ မှတ်တမ်းတစ်ခုပါပဲ။

img_0.8235861498161943.jpg

Image source
ဒီဆေးက အသက် ၅၀ ကျော် လူကြီးတွေ အတွက်ကတော့ ဆောင်ထားပြီး စားသုံးသင့်တဲ့ သက်ရှည်ကျန်းမာဆေးတစ်မျိုးပါပဲ။

ကဲ ဝယ်ယူသောက်သုံးချင်ရင်တော့ Image source ထဲမှာ လိပ်စာ နှင့် အကျိုးအာနိသင်တွေ ပါတယ်နော်။

@golden.future

Sort:  

အသက်ကြီးရင် ဆင်စီးရတယ် ဆိုတာ ဆင်တုန်းမနွယ် စားရတယ် ဆိုသဗျို့

ဟုတ်ပေါ့

အသက်ရှည်ဆေး မှီဝဲတော့မယ်ပေါ့
!LUV

ဒါပေါ့

မြန့်မာ့ဆေး ထုတ်လုပ်ပုံလေး ပေါ့။ တစ်နိုင်တစ်ပိုင် စိတ်ဝင်စားစရာပါပဲ။
!LUV

ဟုတ်တယ် တနိုင်လေးပါ ဆိုပေမယ့် သာမန်လူအတွက် အရင်းက မနည်းလှဘူး

တိုင်းရင်းဆေးကလည်း တိုးတက်နေပါတယ်။
!PIZZA

ဒါပေါ့ဗျာ

တစ်ဘူး ဘယ်လောက်လဲ။
!LOL
!PIZZA

Archaeology
Now there is a career in ruins.

Credit: reddit
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(4/6)@golden.future, I sent you an on behalf of @walarhein

ဆေး ရောင်းတော့မလား။
!LOL
!PIZZA

Why don't eggs tell jokes?
They'd crack each other up.

Credit: gillianpearce
$LOLZ
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(6/6)@golden.future, I sent you an on behalf of @tin.aung.soe

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
walarhein tipped golden.future (x1)
(1/5)
tin.aung.soe tipped golden.future (x1) @htwegyi tipped @golden.future (x1)

Learn more at https://hive.pizza.

Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more, by @golden.future.