စကားလုံးများစွာရဲ့
ဆွဲဆောင်မူ့အောက်မှာ
ဘဝဟာတစ်ခါတစ်ခါ
သာယာသွားတယ်
လွတ်သွားတဲ့သတိကို
အသိတရားကပြန်ချုပ်တယ်
ဘဝဟာရိုးရိုးရှင်းရှင်းလေးနဲ့
အသက်ပြန်ဝင်လာတယ်
မီးမှန်းသိတယ်
ပူလောင်မယ်ဆိုတာလဲသိတယ်
ပိုးဖလံလိုအသိဥာဏ်မနည်းဘူးဆိုတာလဲ
သိနေတာပဲလေ
သိသိကြီးနဲ့
ဇွတ်တိုးမိနေတာ
တစ်ခါတစ်လေ
ဆန္ဒဟာသိက္ခာကို
ပြန်ထိန်းနေရသလိုမျိုး
ဖရိုဖရဲနဲ့ကွဲလွဲနေတယ်
ကဲ.........
ဘဝကိုရိုးသားခြင်းတွေနဲ့ပဲ
ရှေ့ဆက်အသားကျအောင်နေရမယ်.....။
ဘဝ ဆိုတာ ဘာလဲ တာဝန်တွေက ပြည့်လျှံကဲ
ရပ်နားငေးမော တဒင်္က နားစရာပင် ချိန်မရ
ခရီးမသွားရလို့ ဖြစ်မယ် ဘုရား နောက်တော့ နေသားကျသွားမှာပါ