အဆင်မပြေတာတွေ အများကြီးထဲမှ
အဆင်မပြေမှု အနည်းငယ်ကို ရေးသားရ
ပါအုံးမည်။ အဆင်မပြေမှု ဆိုသည်က
ယခုအချိန်မှာ လူတိုင်းဖြစ်နေသည်။
ဒီတော့ အဆင်မပြေ ဆိုသည့် စကားလုံးကို
မကြားချင်ပါဘူး။ ကိုယ်လည်း မကြားချင်။
အများလည်း မကြားချင် နေသည်ကို
ဘာကြောင့်များ ရေးချင်တာလဲဗျာ။
ဘယ်လိုမှ မအောင်းမေ့ကြပါနဲ့ဗျာ။
ကျုပ်ရဲ့ အဆင်မပြေမှု အနည်းငယ်ကလေးကို
နည်းနည်းချင်ပဲ ရေးသား ပြောပြပါရင်
နည်းနည်းလေး ရင်ထဲပေါ့သွားမလားလို့ပါ။
ဒီလိုဗျာ Hive မှာ ပိုစ့်တင် ရေးသားနေတာ
ကျုပ်က အတော်ကြာပြီဗျ။ အတော်ကြာပြီလို့ပဲ
ကျုပ်ကိုယ်ကျုပ် ထင်တာပါ။ အင်း ဒီလို
ကြာပြီဟု ကျုပ်ကိုယ်ကျုပ် ထင်နေစဉ်
အခုတလောမှာ ကျုပ်ရဲ့ ပိုစ့်တွေက တဒေါ်လာထိ
မရတာ အတော်ကြာပြီဗျာ။
Ecency မှာ Point 1500 ပေးပြီ Boots
တာလည်း Point 1500 သာ ဆုံးတယ်
တစ်လသာ ကြာရော့ ဒင်းက လာမဗုတ်ဘူး။
ဘယ်လိုကြောင့်ပါလိမ့်။ Ecency ကို
Update မလုပ်လို့လား။ Update လည်း
ကျုပ်လုပ်ထားသလားမှတ်တာ။ ဘာလို့လဲ
ဆိုတော့ သူက Update လုပ်မလား မေးတိုင်း
ကျုပ်ဖြင့် လုပ်ပေးလိုက်တယ်မှတ်ပါ့။
နောက်တခုက Ecency မှာ post တင်တိုင်း
ဘာဖြစ်သည်မသိ။ Fail! ဆိုတာကြီးက
လာလာ ပြနေသည်။ ထိုကြောင့် Ecency
မှာ ထွက်၍ ခဏနေပြန်ဝင်၍ ပိုစ့်တင်သည်။
နှစ်ခါ သုံးခါ ပြန်ထွက် ပြန်ဝင် ပြုလုပ်သော်လည်း
ထို Fail! ဆိုတာက ပေါ်နေတာပင်။ သို့နှင့်
စိတ်မရှည်သဖြင့် ထိုပေါ်သည့်အတိုင်း ပိုစ့်တင်
လိုက်သည်။ ထိုကြောင့်ပင် Ecency က
Vote လာမပေးတာလား။ ဘာလား ညာလား။
တခါတလေတော့ ကိုယ့်ရဲ့ပိုစ့်လေးကို
တဒေါ်လာလောက်တော့ ရချင်သပေါ့။
တရက်ခြား တစ်ပိုစ့်တင်နေရင် Hive ဈေး
တက်နိုးနိုး စောင့်နေရသူကြီးဖြစ်မှန်းမသိ
ဖြစ်နေပါ၏။ ကိုယ်ရဲ့ post မှာ ကိုယ်တိုင်
hiqvote မန့်၍ ဗုတ်များအောင် ကြံဆောင်
ခဲ့သည်။ သို့ပေသိ hiq တိုကင်က နည်းသဖြင့်
ဗုတ်နည်းသည်။
HIQS and DHEDGE Tokens ဝယ်နိုင်သလောက်
ဝယ်ထားပြီး ဗုတ်ခိုင်းပါ။ လို့
ပြောကြပေသိ အဲ့သဟာတွေဝယ်ဖို့ tribaldex
ထဲ ဝင်ဖို့ရာ ဝင်၍မရဖြစ်နေသည်။
ထိုသို့သော အဆင်မပြေမှုများ ရှိနေသည့်အထဲ
ကျုပ်ရဲ့ ဖုန်းစတိုးက ပြည့်ပြည့်နေ၍
ထပ်ပြီး အဆင်မပြေမှုက အဖော်ခေါ်လာသလို။
ဒီတော့ ဖုန်းဆက်တင်ထဲဝင်၍ Apps များမှ
Cache များကို ဒလိလုပ်သည်။ အချို့သော
Apps များကို SD ကတ်သို့ပြောင်းပစ်သည်။
ဆိုတော့ဗျာ ဖုန်းရဲ့ စတိုးလည်း အနည်းငယ်
ပေါ့သွားသည်။ ယခုလို ပိုစ့်တင်ရေးလိုက်တော့
လည်း ကျုပ်ရဲ့ အဆင်မပြေတာလေးလည်း
အနည်းငယ် ပေါ့သွားသလိုလို ပေါ့ ဗျာ။
"အဆင်မပြေတာတွေ သိပ်များနေတယ် အချစ်"
"အဆင်မပြေဘူး ဟူး ဟူး အချစ်ရေ"
ဒါက ကိုညီထွဋ်
အသံဖြင့် ဆိုပါရန်။
ဟော့ဒါက ကိုထီး အသံဖြင့် ဆိုကြည့်ကြပါရန်။
"အဆင်မပြေတာတွေ ကြုံ လာတော့လည်း
အားတင်းထားပါ အချစ်ကလေးရယ်"
မိတ်ဆွေများအားလုံး အနည်းငယ်ဖြစ်ဖြစ်
အဆင်ပြေပါစေ ......။
@htwegyi
November 26, 2024
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !HUG from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
@hiq.smartbot, sorry!
You are out of hugs for today.
You can call the HUG bot a maximum of 2 per day.
The current call limits are:
အားတင်းထားပါ ချစ်ထွေးကြီးရာ
ဟုတ်ကဲ့ပါဗျာ။
Point နဲ့ boost တာက power delegate 1 ပတ်လား လုပ်ပေးတယ် သူက။ Vote တော့ မလာတော့ဘူးရယ်။ တခါတလေတော့ လာပါရဲ့။ Tribldex ကိုက Hive keychain ကနေ ဝင်ပါဗျ။
ကေျးဇူးပါ ကိုဒွန်ရေ။