တပေါင်းလ ဆိုသည်က နတ်ပွဲရာသီဖြစ်သည်။
ခေတ်အခါကောင်းပါရင် ဆိုင်းသံတခြိမ့်ခြိမ့်ဖြင့်
နတ်ပွဲများကျင်းပကြပေမည်။ အခါကောင်းတဲ့
တပေါင်းလရောက်ပါရင် ကန်တော့ပွဲများပေးပါမည်။
လာဘ် လာဘ ကောင်းအောင် မ စတော်မူပါဟု
နတ်များထံဆုတောင်းသမှု ပြုကြသူများလည်း
ရှိပေသည်။ ဆုတောင်းပြည့်၍ နတ်ပွဲသွားကြ
သူအများအပြားလည်းရှိသည်။ ရိုးရာနတ်ပွဲများက
ယခုလို တပေါင်းလ ရာသီမှာ အများအားဖြင့်
ကျင်းပကြသည်။
ဘာရယ်မဟုတ် ယနေ့ ဈေးသွားရာ လမ်းမှာ
နတ်အိမ်ကလေး ဆောက်ထားကာ။ ပန်းအိုးများ
ဖြင့် ကျကျနနပူဇော်ထားသည်ကို တွေ့မြင်ခဲ့ရ၍။
ဤသို့ရေးရန် အတွေးစိတ်ကူးပေါ်လာသည်။
နတ်ပုံတော်သည်က အမေနံကရိုင်းဖြစ်ပေမည်။
ဦးခေါင်းမှာ ကျွဲချိုပုံစံအချွန်နှစ်ခုပါရှိသည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ပေးထားသည်။
အနီးမှာ ရွှေဖရုံသီးတလုံးကို လှူထားသည်။
ပန်းအိုးအတွင်း၌ သစ္စာပန်းအဖြူနှင့် ပန်းရောင်
ရောလျှက် အပွင့်များထိုးထားသည်။
2019 ခုနှစ်၊ အမေကြီးပွဲဈေးခင်း။
ထိုနတ်အိမ်ကလေးကို မြင်တွေ့ပြီး တပေါင်းလ
ကို သတိထားမိသည်။ တပေါင်းလမှာ အမေကြီး၊
အဖေကြီးနတ်ပွဲများရှိသည်။ ကျွန်တော့်အမေ
ကိုးကွယ်သည်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ရှိ
အမေရေယဉ် အမေကြီးနတ်ပွဲဖြစ်သည်။ ထိုအပြင်
မုံရွာအနီး အလုံမှာရှိသော အဖေကြီး အလုံဘိုးဘိုး
ကြီးနတ်ပွဲလည်း သွားရောက်သည်။ ကျွန်တော်က
အမေကြီးနတ်ပွဲသို့ တခါရောက်ဖူးသည်။
အလုံဘိုဘိုးကြီးနတ်ပွဲသို့ မရောက်ဖူးသေးပါ။
အမေက အလုံဘိုဘိုးကြီးနတ်ပွဲသို့ နှစ်စဉ်နှစ်တိုင်း
သွားသည်။ ကျွန်တော်တို့ငယ်စဉ်က အလုံဘိုဘိုးကြီး
နတ်ပွဲသို့ သွားရာတွင် အမေသည် မုံရွာရထားဖြင့်
သွားသည်။ မုံရွာရထားသည် မန္တလေးဘူတာကြီးမှ
မနက်စောစော ငါးနာရီခန့်ထွက်သည်။ အလုံ
ဘိုးဘိုးကြီးနတ်ပွဲရက် ရောက်ပါမူ မုံရွာရထားသည်
ကြိတ်ကြိတ်တိုး၊ တိုး ဝှေ့စီးရပါသည်။
2019 ခုနှစ်၊ အမေကြီးပွဲဈေးခင်း။
နတ်ပွဲသွားမည်နေ့ မနက်စောစော အစောကြီး
ထကာ ရထားထိုင်ခုံနေရာဦးကြရသည်။ ထိုခေတ်
အခါက ရထားကို ထိုင်ခုံလက်မှတ်ဖြင့် မရောင်းပါ။
လက်မှတ်တစောင် လူတဦးနှုန်းဖြင့် ကိုယ်ကြိုက်
သည့် ရထားတွဲတက်ရောက်ပြီးစီးနင်းကြသည်။
ကျွန်တော်တို့က ကလေးပီပီ ထိုနေ့မနက်
ရောက်ပါလျှင် စောစောထကာ ရထားထိုင်ခုံ
နေရာဦးကြသည်။ ကလေးသဘာဝ ထိုသို့
နေရာဦးရသည်ကပင် ပျော်စရာကောင်းသည်။
မနက်စောစော တွဲစစ်ကျင်းပေါ်မှ သန့်ရှင်းရေး
ပြုလုပ်ပြီး။ ဘူတာပလက်ဖောင်းသို့ တွဲဖင်ထိုး
လာသော မုံရွာရထားပေါ်သို့။ ရထားအရှိန်မရပ်ခင်
ကပင် တွဲပေါ်သို့ အပြေးအလွှားတက်ရောက်သည်။
ထိုသို့ ရထားအရှိန်မရပ်ခင် တွဲပေါ်သို့ တက်ရသည်
ကပင် ကလေးဘဝ ဟီးရိုးဟု ထင်မိသည်။
အဘယ်ကြောင့်ဆိုသော ရထားအမှန်တကယ်
စီးကြမည့်သူများက ရထားအရှိန်မရပ်ခင်၊
ရထားမရပ်ခင် တွဲပေါ်သို့ မတက်ရဲရှာကြပေ။
ကျွန်တော်တို့ ကလေးတသိုက်သည်က မီးရထား
မြေမှာ ကြီးပြင်းကြသူများဖြစ်၍ ရထားတွဲပေါ်သို့
အတက် အဆင်း ကျွမ်းကျင်ကြသည်။ ထိုသို့
ဘူတာပလက်ဖောင်းပေါ်သို့ ရထားတွဲထိုး
ဝင်လာပြီး ရထားရပ်သည်နှင့် ကျွန်တော်တို့
ကလေးများက တွဲပေါ်ရှိထိုင်ခုံများကို ကိုယ်ကြိုက်
သည့်နေရာများကို ဦးယူထားပြီးဖြစ်ပေသည်။
ဦးယူထားသော ထိုင်ခုံများကို အမေနဲ့ ဆွေမျိုး
သားချင်းများကို ထိုင်စေသည်။ ထိုသို့ထိုင်ပြီး
ကျန်နေသေးသော ထိုင်ခုံနေရာများကို
ဆရာမအတွက် ပေးလိုက်သည်။ ဆရာမ
သည် ကျွန်တော်ငယ်စဉ် သူငယ်တန်းမှာ
သင်ကြားခဲ့ရသော ဆရာမဖြစ်သည်။ ကျွန်တော်
တို့ ကလေးများအားလုံး၏ ဆရာမလည်းဖြစ်သည်။
ထိုဆရာမသည်က ကျွန်တော်တို့ကို က ခ စာလုံလေးများနှင့်
စတင်ကျွမ်းဝင် ထိတွေ့စေခဲ့သူဖြစ်သည်။
ကျွန်တော်တို့ဘဝအတွက် အမှတ်တရ မေ့မရသော
ဆရာမတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။
ဆရာမသည်လည်း အမေတို့ကဲ့သို့ နှစ်စဉ်
အလုံဘိုးဘိုးကြီးသို့ သွားရောက်သူဖြစ်သည်။
တပေါင်းလရာသီ၏ သတိရစရာများက
လွမ်းမောစရာပါ။ ယခုအချိန်မှာတော့
ကျွန်တော်တို့၏ ဆရာမ လူ့လောကမှာ
ရှိနေပါသေးလား။ ရှိသေးပါရဲ့လားလေ။
March 8, 2025@htwegyi
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our
!LUV. !LOLZ. !MEME
lolztoken.com
They both measure wait.
Credit: reddit
$LOLZ on behalf of chanmin
(4/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.@htwegyi, I sent you an
Credit: lolz.burner
Earn Crypto for your Memes @ HiveMe.me!
ကျေးဇူးပါ။