တနေ့က ကြက်သားနဲ့ အာလူးစားချင်သဖြင့်
ဝယ်ချက်စားသည်။ အဲ့မှာ အမက ပြောပါသည်။
နင့်ဟာက တကဲ့ ဈေးကြီးတာတွေ ဝယ်ချက်တာကို
ဟုပြောပါသည်။ မှန်ပါသည် ကြက်သားက
ပေါင်သားကို အစိတ်သား ငါးထောင်ဖြစ်သည်။
အာလူးက အစိတ်သားနှစ်ထောင်ဖြစ်သည်။
အဲ့မှာ ကြက်အာလူးကို မည်သည်မှ မပါပဲ
ခုနှစ်ထောင်ဖြစ်နေသည်။
စားချင်သည့်စိတ် တဏှာကို အလိုလိုက်သဖြင့်
ပုံမှန်ဈေးဖိုးထက် ငွေပို၍ ကုန်သွားသည်။
သို့ပါသောကြောင့် ထိုနေ့က ငွေကို ပြန်ကာမိရန်
ယနေ့တော့ အိမ်ခြံဝင်းအတွင်းရှိ ကျောက်ဖရုံသီး
နှင့် ဝက်ရိုးကို ကျိုချက်စားပါသည်။ ဝက်ရိုး
နှစ်ထောင်ဖိုးနှင့် ကျောက်ဖရုံသီးကို ကြက်သွန်ဖြူ
ဂျင်းကို ပါးပါးလေးလှီး၍ထဲ့ကျိုချက်သည်။
ငပိလေးအနည်းငယ် ထဲ့ချက်သည်။
သို့မှ အချို လေးသွားပေမည်။
ချက်ပြီးမှ ကြက်သွန်နီထဲ့ရန် မေ့သွားသည်။
ကြက်သွန်နီလေး နှစ်လုံးခန့်ထဲ့ချက်ပါမူ
ပို၍ ချိုပေမည်။ ကြည့်စမ်း လျှာအလိုလိုက်
မိပြန်သည်။ ဝက်ရိုးကို အနည်းငယ်နူးအောင်
ချက်ပြီး ကျောက်ဖရုံသီးစိတ်လေးများထဲ့သည်။
ဝက်ရိုးနူးအိသည့်အခါ ကျောက်ဖရုံသီးစိတ်လေး
များလည်း နူးအိသွားသည်။
ဆား အလေ့အပေါ့ မြည်းကြည့်သည်။
ဟင်းရည်ကိုမြည်းကြည့်ယုံမက ကျောက်ဖရုံစိတ်
ကိုပါမြည့်ကြည့်မှာ ကျောက်ဖရုံစိတ်ကအတွင်းမှာ
အတော်ပူသည်။ ထိုကြောင့် လျှာပူသွားသည်။
ဝက်ရိုးနှင့် ကျောက်ဖရုံဟင်းရည်၊ ပဲပြုတ်ကြော်၊
ငါးပုတ်သင်းကြော်၊ ယခင်နေ့က ငံပြာရည်ချက်
အကျန်ရှိသည်။ ထိုငံပြာရည်ချက်ဖြင့်
အချဉ်အတွက် ဇီးဖြူသီးဆားရည်စိမ်ကို တို့၍
စားသည်။
ကိုယ်တွေ မြန်မာပါးစပ်က ချဉ်ငံစပ်လေးမှ
စားမြိန်သည်။ ဒီတော့ သွေးတိုး၊ ဆီးချိုက
အပေါက်မှ ဝင်ရောက်ရန် ချောင်နေသည်မှာ
အဆန်းတော့မဟုတ်ပေ။ အငံနှစ်မျိုးနှင့်
ထမင်းစား၍ကောင်းလှသည်။ သို့ပေသိ
အငံပါသည်ဟု လျှာကို အသိပေးယုံ တို့ကာ
စားရသည်။ ငါးပုတ်သင်တပိုင်းကို ဟိုကဖဲ့
ဒီကဖဲဖြင့် လျှာကို မျက်လှည့်ပြရသည်။
ငံပြာရည်ချက်ကို ဇွန်ဖျားလေးဖြင့် တို့ထိကာ
စားသည်။
အံမယ် ငထွေးတို့ ထမင်းစားပုံ ရေးနေတာက
မသိရင် သမီရည်းစား တွတ်ထိုးနေသလား
အောင်းမေ့ရမည်။ ပါးစပ်ကြီးကို အဲ့သလို
အလိုလိုက်နေတာကလည်း ဟိုလူကြီးတွေ
ကာရာအိုကေ ကလေးမတွေကို အလိုလိုက်
နေတာနဲ့ တူနေပြန်သလိုလို။ ဟ မယ် မင်း။
November 9, 2024@htwegyi
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our
ဝက်ရိုး၂၀၀၀ဖိုးတန်လိုကိတာ။ရန်ကုန်မှာမရဘူး
ဟုတ်သဗျို့ တစ်ထောင်ဖိုးတောင်ရသဗျ။