အလှ အပ ကို လူတိုင်းနှစ်သက်သည်။
သဘာဝရဲ့ အလှတရားကလည်း ငေးချင်စရာ။
အရေးပြားအလှကလည်း ကြည့်ချင်စရာ။
လှတာလေးပေးပါ၊ လှတာလေးမှ ရချင်တာ။
အလှ ဆိုသည်က လူတိုင်းမှာရှိနိုင်။ ဥပမာ
အနေဖြင့် ပြောရပါမူ ကျွန်တော်သည် မလှပါ။
မလှသည့်ကြားထဲ အရပ်ပါပုသည်။ သို့ပေသိ
အလှကို ကျွန်တော် မက်မောသည်။ ကိုယ်ကသာ
မလှတာ။ လှတာလေးတွေ့ချင်သည်။ ကြည့်ချင်
သည်။ အလှဆိုသည်ကလည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာ
ထုံးစံအရမူ ရှေးဖြစ်ကံ၊ ကုသိုလ်
ကောင်းမှု အကြောင်းပြု၍ဖြစ်သည်ဟု သိကြ
ရသည်။
အလှကို အမျိုးသား၊ အမျိုးသမီးအားလုံး
ကြိုက်နှစ်သက်သည်။ အမျိုးသမီးများက
ပိုမို၍ အလှကိုနှစ်သက်သည်ဟု ယခင်က
ထင်မိသည်။ ယခုအခါ ခေတ်စနစ်တိုးတက်လာသည်နှင့်အမျှ အမျိုးသားထုကြီးကပါ အလှကို
တပ်မက်လာသည်။ ယခင်က ကျွန်တော်အထင်
အကြမ်းမျဉ်းအားဖြင့် အမျိုးသားထုသည်
အမျိုးသမီးထု၏ အလှကို ကြည့်ဖို့သာဖြစ်သည်ဟု
ထင်ခဲ့သည်။
ယခုအခါမှာတော့ ထိုသို့မဟုတ်တော့ပေ။
အမျိုးသားအချို့သည်ကလည်း အလှအပ
အတွက် ငွေကုန်ခံကာ ပြုပြင်လာကြသည်။
အလှအပကို ငွေပေးပြုပြင်သည်မှာ ယခင်က
အမျိုးသမီးထုအတွက်သာ ထင်ခဲ့သည်။
ယခုမူ အမျိုးသားထုကပါ ပြုပြင်လာသည်
ကိုတွေ့ရသည်။ အံမာ အချို့များ အမျိုးသမီး
များထက်ကိုပင် အလှကိုခုံမင်သူများရှိသေသည်။
အရေပြားပေါ်မှ ကိစ္စဆိုပေသိ လှတ ပတ
လေးများကို မြင်ရသောအခါ ကြည့်ချင်မိသည်။
ထိုသို့ အလှအပကိုကြည့်ရာမှ အားမရသော
အချို့သည် ကိုယ်တိုင် အလှပြင်လာကြသလား
မသိပါ။ တနေ့က တူမ၏ သူငယ်ချင်း မင်္ဂလာဆောင်
ရှိသည်။ ထို မင်္ဂလာဆောင်သို့သွာကြရန်
တူမနှင့် သူငယ်ချင်းများသည် အလှပြင်ဆိုင်
သွားကြသည်။ သူရို့သူငယ်ချင်းများဆိုရာဝယ်
ယောင်္ကျားလေး သူငယ်ချင်းများလည်ပါသည်။
ထိုသူငယ်ချင်း ယောင်္ကျားလေးများကလည်း
မင်္ဂလာဆောင်သွားရန်အတွက် အလှပြင်ဆိုင်သို့
သွားကြသည်ဟုသတည်း။
ထိုကြောင့် အလှအပဆိုသည်ကို လူတိုင်း
မက်မောကြသည်။ မလှသည့်သူကလည်း
လှအောင်ပြင်သည်။ လှနေသူကလည်း
လှသထက် လှအောင်ပိုမိုပြင်သည်။
အရေပြားပေါ်အလှတွေကို ပြင်ကြသလို
အရေးပြားအတွင်းမှ စိတ်ထားတွေလည်း
လှဖို့ ပြင်ကြဖို့ စိတ်ကူးများရှိစေကြောင်း
ကိုယ့်ကိုကိုယ် သတိပေးမိတာပါလေ။
January 17, 2025@htwegyi
!hiqvote
ရုပ်လှသည်ထက် ဘဝလှနိုင်ပါစေ
!luv
!hug
(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily@htwegyi, @golden.future
Right 👍.
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our