လူ ကပြား၊ လိုင်းတန်းလျား ဆိုသည့်
စကားက ဘာအဓိပ္ပာယ်ကို ပြောသလဲ။
လူကာပြား လား၊ ကပြား လားတော့မသိ။
လူကပြား ဆိုသည်က လူမျိုးခြင်းမတူ သူ
နှစ်ဦး အိမ်ထောင်ပြု၍ ရရှိသည့်
ကလေးကိုခေါ်သည်။ အဆိုပါ လူကပြားက
မည်သို့ရှိသည်မသိ သူရို့နှင့်ပေါင်းသင်း
ဆက်ဆံဖူးသူတို့ သိပေမည်။
အဲ လာပါပြီး လိုင်း တန်းလျားဆိုသည်က
ငထွေးတို့လို လူကိုဆိုလိုသည်။ ငယ်စဉ်
ကတည်းက ယခု အသက်ငါးဆယ် အဲ
ယောင်လို့ ဟုတ်ပေါင်း လေးဆယ်ကျော်အထိ
လိုင်းတန်းလျားမှာ နေလာခဲ့သူဖြစ်သည်။
လိုင်းတန်းလျား ဆိုသည်မှာ အဟမ်း
အစိုးရ အဆောက်အဦများကိုဆိုလိုသည်။
အဆိုပါ အဆောက်အဦများအနက်
ရာထူးကြီးကြီးများနေသည့်
အဆောက်အဦများကို မဆိုလိုပါ။
ငထွေးတို့လို ရာထူးငယ်၊ ရာထူးပိစိလေးတွေ
ပြွတ်သိပ်နေသည့် အဆောက်အဦများကို
ဆိုလိုသည်။ ယခုခေတ်မှာတော့ ရာထူးငယ်နှင့်
လုပ်သားများကို ခေတ်မီတိုက်တာများ
ဆောက်လုပ်ပေး၍ နေထိုင်စေသည်။
အဲ အဲ့ ခေတ်မီတိုက်တာများကိုပင် တန်းလျား
ဟုခေါ်ဆိုနိုင်သည်။ အဲ့ ခေတ်မီတိုက်တာများ
၏ အခန်များက မျက်နှာဖွင့် 10ပေ၊15ပေနှင့်
အနောက်ဖက်သို့ ပေ30 ရှိသည်။
အဆိုပါ 10ပေ၊15ပေ အခန်းလေးများကို
မိသားစု တစ်စု နှစ်စု နှင့် အချို့အခန်းများတွင်
သုံးစုထိ ပြွတ်သိပ်နေထိုင်ကြသည်။
တိုက်တစ်တိုက်ကို အခန်းသုံးဆယ်၊ တိုက် 12တိုက်ဆိုတော့
ဘာပြောကောင်းမလဲ ပရိတ်သတ်ဆိုသလို
ဆူဆူညံညံ ပွက်လောရိုက်လိုက်သမှ
ပျော်စရာတောင်ကောင်းသေး။
ကာရာအိုကေဗွီစီဒီခေတ်များဆီက အပြိုင်
အဆိုင် သူ့အခန်း ကိုယ့်အခန်း ဆောင်းဘောက်
တွေနဲ့ အပီမိုက်ခဲချိန်က မင်္ဂလာဆောင်တွေ
အလှူခံဌာနတွေ ကို သနားတယ်ပ။
သာမာန်လူတန်းစားတစ်ရပ်ရှိသည့် အုပ်စု
ဆိုတော့ နေ့စဉ်မဟုတ်တောင် ရံဖန်ရံခါ
နပန်းပွဲနှင့် အပြိုင်အဆိုင်အော်ဟစ် ရန်ဖြစ်
သံများက အင်ပါယာနဲ့ အိုင်စီ ဖျားသွားပေမည်။
ဒီလို ဆူညံ ပူညံပါတယ်ဆို ဟော့ တိုက်တန်း
ထိပ်မှာ အခွန်လွတ်ဈေးနဲ့ဆိုတော့။
စဉ်းစားကြည့်လေး နေချင်စိတ်တွေ
ပေါက်လာလေ မဟုတ်လား။ ဒီကြားထဲ
မနက် ညများမှာဆိုပါရင် ရထားဥဩသံလေးက
တချက်တချက် အားဖြည့်သံပေးသေး။
ဒီလို အသံတွေနဲ့ နှစ်ပေါင်းကြာအောင်
နေလာတဲ့ငထွေးတစ်ယောက် ဟော့
တိတ်ဆိတ်လွန်တဲ့ရပ်ကွက်ကို
မမျှော်လင့်ပါပဲ ရောက်ရှိလာ
သောအခါ ဒန် တန့်တန့်.....။
ဟွာလေး ဂျိန်းစဘွန်း တီးလုံးလေးနဲ့လား
တွမ်ခရုရဲ့ အမ်အိုင် တီးလုံးလေးနဲ့လားပေါ့
ဖြည့်စွက် နားဆင်းခံစားကြည့်ပါလေ။
10-10-2021@htwegyi
ခုကျတော့ ရန်ဖြစ်သံဆူဆူညံလေးတွေလွမ်းနေပြီပေါ့
မညာချင်ပါဘူး ဟုတ်ပ။
နေရာဟောင်းက အကျင့်ပါနေတော့ နေရာသစ်မှာ အကျင့်ရဖို့ အချိန်တစ်ခုတော့လိုပေမပေါ့ ဉီးထွေးရေ
နေရာဟောင်းက ငယ်ကျွမ်းဆွေလောက်ရှိတာပါလေ။
နေရာအပြောင်းအလဲကြောင့်ထင်တယ်...
ဟုတ်ပါတယ်
သိခွင့်ရတာကျေးဇူးပါ
ဟုတ်ကဲ့
ညနေဘက် ကလေး လူကြီး ဆော့ကစား စကားပြောကြနဲ့ အတော်စည်ကားမှာပဲ
စည်လွန်လို့ ခက်သပ
အမင်း ကိုထွေးရာ ဖတ်ရတာနဲ့တင် နားထဲကို အသ့စုံတီးဝိုင်းဝင်လာသလိုပ 😂😂😆 !PIZZA
ပျော်စရာကြီးပ
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped htwegyi (x1)
(9/10)
Learn more at https://hive.pizza. @uthantzin tipped @htwegyi (x1)