ကျွန်တော်က အမှတ်သညာကြီးသူ မဟုတ်ပေ။
အမှတ်သညာ ကြီးသည်က ကောင်းသည်
မကောင်းသည်ရှိပေသည်။ အများအားဖြင့်
လူအချို့သည် အမှတ်သညာကြီးကြသည်။
အမှတ်သညာ ဆိုသည်က အယူအဆ အမျိုးမျိုး
ရှိပေမည်။ လူအများ၏ အမှတ်သညာကြီးမှု
ဆိုသည်က။ သူက ငါ့ကို အဲ့သလို လုပ်သတဲ့လား။
ရတယ် သူ့ကိုလည်း ငါက အဲ့သလို ပြန်လုပ်ရတာပေါ့
စသဖြင့် ထိုသို့သော အမှတ်သညာသည်က
လူအချို့မှာ ရှိတတ်ကြသည်။
ကျွန်တော့် အမှတ်သညာနည်းသည်က
ကောင်းတော့ မကောင်းလှပေ။
ကျွန်တော့်ကို အမှတ်သညာနည်းသဖြင့်
ကျွန်တော့်အမက တဗြစ်တောက်တောက်
ပြောမပြီပေ။ အမှတ်သညာနည်းဆို
ကျွန်တော်က နမူမစိုက်/ ဂရုမစိုက်ခြင်းသည်လည်း
ပါသည်ဟုဆိုပြန်သည်။
အမှတ်သညာ ဆိုသည်ကလည်း ရှိသင့်သည့်
နေရာမှာ ရှိသင့်ပေသည်။ မရှိသင့်သည့်နေရာ
လည်း ရှိသည်။ ကျွန်တော်သည်ကား နေရာတကာ
အမှတ်သညာ မရှိနေ၍ အမ၏ အပြောအဆို
ခံနေရတတ်ပါသည်။ တချို့အရာများမှာတော့
အမှတ်သညာနှင့် ဆိုင်သည်ဟု မထင်မိပါ။
စိတ်ဝင်စားခြင်းနဲ့သာ သက်ဆိုင်သည်ဟု ထင်မိပါသည်။
ယနေ့ ဈေးသို့ ကျွန်တော်သွားသည်။ မနက်ဖန်
ဆွမ်းလောင်းရန်အတွက်ဖြစ်သည်။ ကိုရင်လေး
များကို စနေနေ့တိုင်း ကျွန်တော်က ဆွမ်းလောင်း
လှူသည်။ ထိုသို့ ဆွမ်းလောင်းရာတွင် ဝက်သားနှင့်
မျှစ်ချဉ်ကို အမြဲလို လောင်းလှူသည်။ တခါတရံ
ယခုလို ဆောင်းဝင်ပါက မုန့်ညှင်းချဉ်ဖြင့် ဝက်သား
ချက်၍ လှူသည်။
ဝက်သားကို မျှစ်ချဉ်၊ မုန့်ညင်းချဉ်နှင့် သရက်ချဉ်
အစရှိသဖြင့် အချဉ်များဖြင့် သောကြာနေ့မှာ
ချက်ထားပါက စနေ မနက်လောင်းလှူသည့်အခါ
ဟင်းကိုနွှေး၍ လှူလိုက်သည်။ စနေမနက်အစောမှာ
ဆွမ်းကိုသာချက်ရသည်။ ဆွမ်းဟင်းကို ထပ်မံချက်စရာ
မလိုပေ။ ဒီတော့ စနေမနက်အတွက်
ဆွမ်းဟင်းချက်ဖို့ အချိန်ကုန်သက်သာသည်။
အမှန်က ကျွန်တော်သည် ဆွမ်းဟင်းချက်ဖို့
ပျင်းတာလည်းပါသည်။
ဆွမ်းအိုးပင် ဆွမ်းလောင်းမှီအောင် မနည်း
ထချက်ရသည်။ မီးလာပါမူ အချိန်ရသော်လည်း
မီးမလာပါက ထင်းဖြင့် ချက်ရသဖြင့် စိတ်ပင်ပန်း
ရသည်။ ထိုသို့သော အကြောင်းများကြောင့်
ကျွန်တော်က သောကြာနေ့ကပင် ဆွမ်းဟင်းကိုအပြီးအစီး ချက်ပြုတ်ခြင်းဖြစ်သည်။ အဲ
အမှတ်သညာကနေ ချော်ထွက်ပြန်ပေါ့။
ဒီလိုဗျ ယနေ့ ဝက်သားဝယ်ဖို့ ဈေးသွားမည်စိတ်ကူး
စဉ်။ အမက သူဝယ်နေကျ ဝက်သားသည်ထံ
ဝယ်ဖို့ပြောသည်။ ဈေးမှာ ကျွန်တော်ဝယ်နေကျ
ဖောက်သည်ရှိသည်။ ယခု အမက ပြောသဖြင့်
သူ့ဖောက်သည်ထံဝယ်ဖို့ စိတ်ကူးသည်။
စက်ဘီးစီး၍ အမဖောက်သည်ထံ ဝက်သား
ဝယ်ယူခဲ့သည်။ ဝက်သားသည်က ပိုထဲ့ပေးလိုက်သည်ဟုပြော၍ ကျေးဇူးတင်ကြောင်းပင် ပြောခဲ့သည်။
အိမ်ရောက်၍ ချက်ပြုတ်သည့်အခါမှာ
ဝက်သားအခေါက်များက နူးသင့်သည့်အချိန်မှာ
မနူးပေ။ ထိုကြောင့် အမ ရေ နင့်ဖောက်သည်က
ငါ့ကို လုပ်ချလိုက်ပြီထင်တယ်။ ဝက်သားအရင့်
တွေ ပေးလိုက်တယ်ထင်ပ။ ခုထိ ဝက်သားက
မနူးအိသေးဘူး။
"နင်ကိုးက အမှတ်သညာ မရှိတာ။ ဝက်သားကို
ကြည့်ပြီးဝယ်ပါလား၊ ရင့်သလား နုသလား၊
ကိုင်ကြည့်ပြီး ဝယ်မှပေါ့"
အင်း သူပြောလည်း ပြောစရာပင်၊ ကျွန်တော်က
ဝက်သားဝယ်သည့်အခါတိုင်း ဈေးသည်ပေးသည့်အသားကိုသာ ယူလာတတ်သူဖြစ်သည်။ အမှန်
ကလည်း ဝက်သားအနု၊ အရင့်ကို ကျွန်တော်မသိပါ။
ဈေးဝယ်ယူမှုကိုလည်း အမှန်အတိုင်းပြောပါမူ
ကျွန်တော်က စိတ်ပါဝင်စားမှု နည်းပါသည်။
@htwegyi
November 22, 2024
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIMP from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻