ငါတို့နေရာ ဤကမ္ဘာ
တဏှာ အုပ်စိုးသည်။
တဏှာ စေရာ
မနေသာ ဖွေရှာဆက်ရမည်။
တဏှာ ဆိုသည့်စကားလုံးကို လူတို့သည်
မနှစ်မြို့သော်လည်း နှုတ်ဖျားကပြောကြသည်။
သူ့ကြိုးဆွဲရာ လိုက်ပါကြသည်။ ဘဝ ဆိုသည့်
အရာနှင့်အတူ တဏှာသည်က တွဲပါလာသည်။
စားဝတ်နေရေးမှာလည်း ထိုတဏှာက ပါဝင်
သည်။ နေရာတကာပါလို့ သူ့ကို အုပ်စိုးသူလို့
အမည်ပေးရမည်။
ကျွန်တော့်ဖုန်းရဲ့ စတိုးက တဖြည်းဖြည်းနေရာယူလာ၍
စာရေးဖို့ပင် အတော်ရှင်းနေရပေသည်။
ဖုန်းလေးတလုံးလောက် ရချင်သည်။ အဲ့သဟာ
ကလည်း တဏှာဟုခေါ်ရလေမလား။
တဏှာကောင်ကြီးဟု ခေါ်ခံရလျှင် စိတ်ဆိုး
သည်။ အမှန်က လူတိုင်းနီးပါး တဏှာကောင်များ
ဖြစ်သည်။
ယောင်္ကျား၊ မိန်းမ ဆက်ဆံသည်မှ တဏှာဟု
ပြေးမြင်ကြသည် မဟုတ်ပါ။ သို့ပေသိ
တဏှာကောင်ဟု ပြောပါလျှင် ထိုသဘောကို
ပြေးမြင်ကြသည်က များသည်။ အချစ်ရဲ့
နောက်မှာ တဏှာက ကပ်လျှက် လိုက်ပါလာသည်။
အချစ်နဲ့ တဏှာက best friend တွေပေ့ါဗျာ။
အဲ့မှာ အချစ်သူရဲကောင်ကြီး၊ ချစ်မေတ္တာကြီးသူ
ကြီးဟု ပြောဆိုပါလျှင် သဘောကျကြသည်။
ဆိုတော့ဗျာ အချစ်နဲ့ တဏှာက best friend
သူငယ်ချင်းတွေဆိုတော့ တဏှာ သူရဲကောင်ကြီး၊
တဏှာ ကြီးသူကြီးလို့ ခေါ်သလိုဖြစ်နေမလားလို့။
ရာသီပြောင်းချိန်မှာ တောင်တွေး၊ မြောက်တွေး
အတွေးနယ်ချဲ့မိတာ ချရေးတာပါပဲလေ။
တော်ကြာ ဆယ်ကျော်သက် ကလေးတွေက
ကျုပ်တို့ရဲ့ နုနုယွယွ အနုအလှ စကားလုံးလေး
တွေကို ခင်ဗျာမို့ ပေါက်ကရ တွေးရက်၊
ရေးရက်ပလေဟု မြည်းတွန်းတောက်တီး
ကြရင်ဖြင့် ခံရပေမည်။ အပေါ်က စာသား
များကြောင့် တရားသဘောပေါက်သည်ဟု
မထင်ပါလေနဲ့။
ယခု စာရေးနေသည်ကပင် တဏှာကောင်ကြီးက
ခိုင်းလို့ စာရေးပိုစ့်တင်နေရတာ။ အဲ့ အကောင်က
နင် စာရေးနော်၊ ပိုစ့်တင်နော် ဒါမှ ဒေါ်လာရမှာ။
နိုမို့ စာမရေး၊ ပိုစ့်မတင်ရင် ဒေါ်လာမရဘူး။
အဲ့သလို သူက ကိုယ့်ရဲ့ စိတ်ကို တိတ်တိတ်လေး
တိုးတိုးလေး လာပြောသွားသလား အောင်းမေ့
ရတာပါပဲ။ အဲ့အကောင်ကြီး ခိုင်းတိုင်း ကျုပ်လည်း
တကုပ်ကုပ်နဲ့။ ဖုန်းနဲ့ မျက်နှာ မခွါတမ်း
လက်မလေး နှစ်ချောင်းနဲ့ တတောက်တောက်
စာရေးရတာပဲဗျို့။
January 19, 2025@htwegyi
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !LOL from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our
lolztoken.com
They're always taking things literally.
Credit: lofone
$LOLZ on behalf of hiq.smartbot
(1/8)
PLAY & EARN $DOOM
@htwegyi, I sent you an