ဒုက္ခများ ပြီးဆုံးမည့် အချိန်။

in HIVE-MYANMAR3 days ago

ကျွန်တော် ဈေးသွား ဈေးပြန်လုပ်သည့် ရပ်ကွက်မှာ
ညအိပ်စောင့်ရသော ကင်းတဲလေးများကို တွေ့ရသည်။
ပထမတစ်ခု စတွေ့ရသည်။
နောက်သိပ်မကြာမီမှာ နောက်ထပ်
နှစ်ပြကျော်မှာ ကင်းတဲတစ်ခု
စသဖြင့် ထပ်မံတွေ့လာရသည်။ ကျွန်တော်က
ဈေးသွားသည့်အခါ ခြေလျှင်သွားသည်။ ပတ်ဝန်းကျင်ကို
ကြည့်ရှုရသမို့ဖြစ်သည်။
ဆိုင်ကယ်က မစီးတာကြာတော့ မစီးရဲတော့ပေ။
စက်ဘီးဖြင့် သွားပါက အဆင်ပြေသည်။
သို့သော် စက်ဘီးကို ဈေးအပြင်မှာထားခဲ့ဖို့က
သူခိုးပူရသဖြင့် ခြေလျှင်သွားသည်က
ပိုကောင်းပြီး ကျန်းမာရေးလည်း ကောင်းသည်။

ကျွန်တော် ဈေးကိုသွားရသည့်အခါ ဖြတ်သန်း
သွားရသော ရပ်ကွက်သည် အိမ်ခြေစိပ်သည်။
ထိုရပ်ကွက်များက ပေသုံးဆယ်၊ ဆယ့်ငါးပေနှင့်
ဆယ်ပေပတ်လည် မြေကွက်များဖြစ်သည်။
ထိုကြောင့် ထိုရပ်ကွက်များက အိမ်ခြေစိပ်၍
လူစည်ကားသည်။ ကင်းတဲလေးများကို အချို့က
သပ်ယပ်စွာဆောက်သည်။ အချို့ရပ်ကွက်က
အဆင်ပြေသလိုဆောက်ထားသည်။

လူနေစိပ်သော လူစည်ကားသော ထိုရပ်ကွက်
များတွင် ဓမ္မာရုံများကလည်း တစ်လမ်းခြား
ပါက တရုံနီးပါးရှိသည်။ တခါတရံ ဟိုဖက်လမ်းထိပ်
ဒီဖက်လမ်းထိပ်မှာပင် ဓမ္မာရုံတခုစီရှိနေတတ်သည်။
ကျွန်တော် ဈေးသွားသည့် ဈေးထိပ်မှာပင်
ဓမ္မာရုံနှစ်ခု ကပ်လျှက်ဆောက်ထားသည်ကို
တွေ့ရသည်။ တလောဆီက ကျူးမြေများ
ဖျက်ရမည်ဆို၍ အချို့သော ဓမ္မာရုံများ ဖျက်
လိုက်ရသည်။

‌မအလ လက်ထက်လေးနှစ်အတွင်း ဖျက်သိမ်း
ခဲ့ရသည့် အိမ်မြေများက မနည်းပါပေ။
ဖျက်သိမ်းရသောအိမ်များ၊ မီးရှို့ခံရသော အိမ်များ
မှ အိမ်ပိုင်ရှင်များ မည်သို့နေရှာမည်မသိပေ။
မြင်ရ၊ ကြားရသောသူတွေပင် စိတ်မကောင်းခြင်း
ဖြစ်ကြရသည်။ ဓမ္မာရုံများကမူ ယခုအခါ
မူလနေရာများမှာ ပြန်လည်ဆောက်နေသည်။
ဓမ္မာရုံဘုရားပွဲများပင် အပြိုင်အဆိုင် ကျင်းပ
နေကြပေသည်။

ကင်းတဲများအကြောင်း ပြန်ဆက်ပါအုံးမည်။
ကျွန်တော်မနက် ဈေးသွားသည့်အခါ
ထိုကင်းတဲလေးများမှာ ကင်းစောင့်သူများ
မရှိတော့ပေ။ ကင်းတဲအပေါ်မှာ ရေသန့်ဘူး၊
ဓာတ်ဘူးနှင့် အိပ်ရာခင်းအချို့ကို လိပ်ထားသည်။
ကောဇောကြမ်းများကို ကင်းတဲမှာ ခင်းထားသည်။
ကင်းတဲဘေးမှာ မီးခိုးအူနေသော မီးဖိုနှင့်
ထင်းတုံးအချို့ကို တွေ့ရသည်။

ဈေးသို့လမ်းလျှောက်သွာစဉ် ကျွန်တော့်ရှေ့မှ
အမျိုးသမီးနှစ်ဦး၏ ပြောသံကို ကြားရသည်။

"ယောင်္ကျားလေးမရှိတဲ့ အိမ်တွေက ကင်းဘယ်လို
စောင့်ရတာလဲ။ ကင်းကြေးပေးရတာလား"

"ကင်းကြေးပေးတဲ့အိမ်က ပေးရတယ်။
မပေးနိုင်တဲ့ အိမ်က အချို့မိန်းမတွေက သူတို့
ကိုယ်တိုင်း ကင်းစောင့်မလိုတဲ့ ပြောသံ
ကြားတာပဲ။ ဘယ်လိုလုပ်ကြမလဲ မသိပါဘူး။
ဒုက္ခများချက်ပါအေ"

အမျိုးသမီး နှစ်ဦး၏ ပြောစကားများကြောင့်
အခက်အခဲဖြစ်ကြသူများအတွက် စိတ်မကောင်း
ဖြစ်ရပြန်သည်။ အမျိုးမျိုးအစုံစုံ ဒုက္ခပေး
နှိပ်စက်သူများ အမြန်ဆုံးသာ။ မြန်စွာမသွေး
အမြန်ပါလေ အနိစ္စ သဘောသာမက။
ကိစ္စချောဖို့ ဆိုပါမူ မြန်နိုင်သမျှ အမြန်ဆုံးပါ
ဟုသာ။


February 20, 2025@htwegyi

Sort:  

@ansoe, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

!LOLZ
!MEME

What's the difference between a glutton and a hungry man?
One eats too long, the other longs to eat.

Credit: reddit
$LOLZ on behalf of golden.future

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.@htwegyi, I sent you an

အောင်ပါစေ။
!LUV
!HUG