အညာနွေက မသိမသာရော သိသိသာသာရော
ပူလာ ပေသည်။ တပေါင်းလပြည့်ကျော်ခဲ့ပြီ
ဖြစ်သည်။ နေ့ပူလို့ ညချမ်း တပေါင်းလဆန်း
လား၊ တပေါင်လ သရမ်းလားမသိပါ အဲ့သလို
တော့ ကြားဖူးသည်။ ယနေ့ ဆယ့်လေးရက်ဆိုတော့
ပီအိုင်နေ့ဖြစ်သည်။ ပီအိုင် ပြုလုပ်သူများ
ယနေ့မှာတော့ လှုပ်လှုပ်ရွရွဖြစ်ကြသည်။
ပီအိုင်ကို ဟိုးလွန်ခဲ့သော သုံးလေးနှစ်ကစ၍
ကျွန်တော်ပြုလုပ်ခဲ့သည်။
ပီအိုင်ကို မည်သို့ မည်ပုံ စတင်ပြုလုပ်ခဲ့သည်ကို
ပင် မမှတ်မိတော့ပေ။ တနေ့တခါ ဝင်နှိပ်ပေးယုံ
ဖြင့် ဒေါ်လာရမည်ဟု သိရှိရ၍ နှိပ်ဖြစ်ခဲ့သည်။
ထိုအပြင် ပီအိုင်ကို ကျွန်တော်တို့၏ Hive ဂရုမှ
ဦးမင်း ၏ ပြောဆိုမှုကြောင့်လည်း ကြာရှည်စွာ
နှိပ်ဖြစ်ခဲ့သည်။ ဦးမင်းက Steemit မှ Hive
ထိ ပါလာခဲ့လား မမှတ်မိပြန်ပေ။ ဦးမင်း က
နေပြည်တော်မှ အရာရှိတဦးဖြစ်မည်ဟု
ခန့်မှန်းရပါသည်။ ယခုအချိန်မှာတော့ သူ
ရှိ၊ မရှိ မသိတော့ပါ။
Hive မှာ သူ့ကို မတွေ့ရတော့ပါ။ ယခုလို
ပီအိုင်များ Exchange များပေါ်ရောက်
ရှိနေသည့်အခါ သူ့ကို သတိရမိပါသည်။
သို့ပေသိ ဝမ်းနည်းစရာကောင်းသည်က
ကျွန်တော်၏ ပီအိုင်များက KYC တင်မရပေ။
KYC တင်၍ရသော တူမ၏ အကောင့်
သည်လည်း နံပါတ်ကိုးမှာ မစိမ်းသဖြင့်
ပြဿနာတွေ့နေသည်။
ထိုသို့သော ပီအိုင်၏ ပြဿနာများကြောင့်
ပီအိုင်ကို အချို့ကအပြစ်ပြောသည်။
အောင်မြင်သူတို့ကတော့ ပီအိုင် ကောင်း
ကြောင်း ပြောကြသည်။ ပီအိုင် ကိုကြည့်၍
တရားသဘောရပေသည်။ ပီအိုင်ကြောင့်
ပျော်သူ၊ ခံပြင်းသူနှင့် တဝက်တပြတ်ဖြစ်သူ
အားလုံးကို တွေ့မြင်ရသည်။ ဒါတောင်
ပီအိုင်ဈေးက တဒေါ်လာကျော်သာရှိသည်။
နောင်တချိန် မည်သည့်ဈေးဖြစ်မည်မသိပေ။
ကိုယ်တွေကတော့ ပီအိုင် ကေဝိုင်စီမှာ
Review Progress ဖြင့် ပိတ်မိနေ၍
မည်သို့ရေးသားရမည်မသိပေ။ ကိုယ်တွေက
ပီအိုင် မှာ တဝက်တပြတ်ဖြစ်သူများမှာ
ပါဝင်ပေသည်။ ဝမ်းနည်းရမှာလား၊
ဝမ်းသာရမှာလား မသိပေ။ ပီအိုင် သည်က
Hive နောက်မှ ကိုယ်တွေက ပြုလုပ်ခဲ့ခြင်း
ဖြစ်သည်။
ဆိုတော့ Hive နောက်မှ PI သည်ပင်
$1ကျော်သွားသည်။ ကိုယ်တွေရဲ့ Hive
သည်က နောက်ကောက်ကျလွန်သည်ဟုပင်
ပြောရမည်။ ပြားငါးဆယ်မှာပင် ကြာရှည်စွာ
မနေနိုင်ရှာသော အနှီး ဟိုက်သည်က
မည်သို့သော အကြောင်းများရှိနေပါသနည်း။
Hive သည်ပင်မက ယခုအချိန်မှာ အခြား
Crypto များသည်လည်း အနီရောင်သန်း
နေသည်ဟု ပြောကြပေမည်။ ကမ္ဘာ့အခင်းအကျင်း
များကြောင့်ဟုဆိုရပါသော်လည်း။ အခြားသော
အချိန်များမှာလည်း Hive က ငုတ်တုတ်မေ့သူ
ဖြစ်သည်။ ဖြစ်စေချင်တာက Steemit
မှာကဲ့သို့ $10 မရောက်သည့်တိုင် $5 သို့
တော့ ရောက်ဖြစ်အောင် ရောက်စေချင်စမ်း
လှပါသည်။
March 14, 2025@htwegyi
!hiqvote
Pi က no.9 စိမ်းဖို့အတွက် Testnet pi တွေကို အချင်းချင်းအလွှဲအပြောင်းလုပ်ပေးရတယ်ဗျ။ ဒါမှ မြန်မြန်စိမ်းမှာ
အချင်းချင်း လွှဲပေးနေပါတယ်ဗျာ။
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !COFFEE from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our