မန္တလေးမြို့ မြေကွက်များသက်တမ်းတိုးသည်နှင့်ပတ်သက်၍မြေကွက်ရောင်းထားသူ၊ မြေကွက်ဝယ်ယူထားသူတို့၏ အဖြစ်အပျက်များကို မြင်တွေ့ရသည်။
ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဖြစ်ပျက်သွားသည့်
မြေကွက်ရောင်းချသွားသူအကြောင်း
ပြီးခဲ့သည့် ပိုစ့်မှာ ရေးသားခဲ့ပြီဖြစ်သည်။
ယခုအခါ မြေကွက်ဝယ်ယူထားသူတစ်ဦးအကြောင်း
ရေးသားပြပါမည်။ သူမသည်ကျွန်တော်တို့လို
ဝန်ထမ်းတဦးဖြစ်သည်။ သူမ အဖေရရှိခဲ့သည့်
မြေကွက်ကိုရောင်းချပြီး မောင်နှမခြောက်ယောက်
ခွဲဝေယူကြသည်။ သူမနှင့် မောင်အငယ်နှစ်ဦးက
အမွေရသည့်ငွေအနက်မှ သိန်း200တန်
မြေကွက်ကို တစ်ကွက်ပြန်ဝယ်ယူလိုက်သည်။
ထိုမြေကွက်တွင်အိမ်ဆောက်၍ အိမ်ငှားထားကြသည်။ ယခုအခါ မြေကွက်မှာ နှစ်(30)သက်တမ်း
ပြည့်၍ မြေဂရန် သက်တမ်းတိုးရတော့မည်
ဖြစ်သည်။ ထိုအခါ မြေကွက်မူလပိုင်ရှင်ကို
လိုက်ရှာရသည်။ ကျွန်တော်ပထမပိုစ့်တွင်
ရေးခဲ့သည့်အတိုင်း ဂရန်သက်သမ်းတိုးသည့်အခါ
မူလပိုင်ရှင်၏ GP ကိုရယူရပါမည်။
သို့မှသာ မြေဂရန်သက်တမ်းတိုးခြင်းလုပ်ငန်း
ဆောင်ရွက်၍ရပါမည်။ သူမတို့သည် မူလပိုင်ရှင်ကိုရှာတွေ့သည့်အခါ GP လွှဲပေးမည် အဆင်ပြေ
ရစေပါမည်ဟု ပြောသည်။ အမှန်တကယ်
တေ့တေ့ဆိုင်ဆိုင်ပြောကြသည့်အခါမှာတော့
GP လွှဲခ သိန်း 50 ပေးရမည်ဟုပြောသည်။
သိန်း200တန် မြေကွက်ဝယ်ထားပြီးမှ
သိန်း50ပေးနိုင်မှာပါ ဟုပြောသည်။
မြေကွက်က ပေ60 ပေ40အကျယ်မဟုတ်ပါ
ပေ30ပေ20အကျယ်သာဖြစ်သည်။
ပေ60 ပေ40အကျယ်မူလပိုင်ရှင်များသည်ပင်
GP လွှဲခ 15သိန်းသာပေးရသည်။ ယခု
အဆိုပါမြေကွက်၏ တစ်ဝက်သာရှိသည့်
မူလပိုင်ရှင်က သိန်း 50 တောင်းသည်
ဆိုတော့ကာ။ အော် လောဘ လောဘ
အတောမသတ်နိုင်တော့ ပရိတ်သတ်ကြီးရေ
ကိုင်တုတ်သာ အော်ဆဲချင်မိတော့တာပဲဟု။
ကိုယ်ချင်းစာတရား ခေါင်းပါးကုန်ကြပြီကော
ဟုတ်တယ် မူလပိုင်ရှင်က စစ်တပ်ကတဲ့ သူတို့စစ်တပ်ထုံးစံအတိုင်းတောင်းတာလို့ပြောသေးတဲ့။
လူတွေ လောဘဖတ် အတောမသတ်နိုင်ကြပါလား
ဟုတ်တယ်ဗျာ ရသလောက်နဲ့မတင်းတိမ်နိင်ဘူး။
အိမ်ခြံမြေ ဝယ်တာ အတော်လေးကို လိုက်လုပ်နိုင်မှ။ တကယ်တော့ ကိုယ့် အမည် ဂရမ် မပေါက်သေးရင်း မြေဝယ်ကတည်းက GP ကို ကိုယ့်နာမည်နဲ့ လွဲပေးကြောင်း စာချုပ်ထဲမှာ တခါတည်း ချုပ်ရသလို အဲဒီမြေဟာ ကိုယ့်အမည်နဲ့ GP ပေါက်မှ နောက်တကြိမ် ဂရမ် သက်တမ်း တိုးရင် အဆင်ပြေမှာ။ အမှန်ဆိုရင် လက်ရှိ GP ကိုင်ထားသူတွေက အဲဒီ ခြံမြေ ရောင်းလိုက်ကတည်းက GP ကို တခါတည်းလွဲပေးရမှာ။ နှစ်ကြာသွားရင်လည်း ကိုယ့်မြေ မဟုတ်တော့ ဝယ်ယူသူဖက်ကို နားလည်မှု ပေးပြီး သေချာလုပ်ပေးရမှာ။ အခုမှ GP လွဲ ခ သိန်း ၅၀ ဆိုတော့။ ဒါဟာ သက်သက် ယုတ်မာ တာပါ။
မူလပိုင်ရှင်ထံက ပထမဦးဆုံးဝယ်သူကတော့ GP နဲ့ဝယ်တာပါ။
နောက် ပထမကနေ ဒုတိယ တတိယ စတုတ္ထထိ လူတွေကျတော့
မူလပိုင်ရှင်ရဲ့ GP မရှိတော့ဘူး။ မန်းလေးမှာက နေဖို့ထက် မြတ်ရင်
ပြန်ရောင်းဖို့ ဝယ်တဲ့သူတွေကများတယ်။ အမှန်တကယ်နေသူက
ငါးဦးမြောက် ခြောက်ဦးမြောက်ဝယ်ယူသူဖြစ်နေတာ။ အဲ့မှာ
သက်တမ်းတိုးဖို့ မူလပိုင်ရှင်ရှာတာနဲ့ တိုင်ပတ်ကုန်ပါရော။
ဦးထွေးခင်ဗျ
ယောက်ျားနာမည်ပေါက် ဂရန်ရှိမြေကိုယောက်ျားဆုံးသွားလို့ မိန်းမ အမည်ပြောင်းတဲ့ခါ ဘယ်လောက်လောက်ကုန်ကျနိုင်လဲဗျ
ဂရန်သက်တမ်းက 6 နှစ်လောက်ကျန်သေးတယ်တဲ့ဗျ။ ဦးထွေးက လမ်းကြောင်းကြီးပေါ်လျှောက်နှင့်နေပြီး ကျွန်တော်လည်း မကြာခင်လျှောက်ရင်လျှောက်ရမှာမို့မေးထားရတာ ဦးထွေးရေ 😁
ဟာ ကျုပ်တို့နဲ့တူတူပဲလေ။ မိန်းမအမည်ပြောင်းရင် မကုန်ပါဘူး။
မိန်းမက တရားဝင်းတစ်ဦးတည်းသောဇနီးဖြစ်ကြောင်း ရပ်ကွက်ထောက်ခံစာ ယူပြီး တရားရုံးမှာကျမ်းကျိန်၊ ပြီးရင် စည်ပင်မှာဆက်လုပ်ရုံပဲ။ ကျွန်တော့် ပထမပိုစ့်တွေမှာသွားဖတ်လိုက်ပါ။