ချစ်ခြင်းရနံ့သင်းသော ပန်းကလေးများ။

in HIVE-MYANMAR11 months ago (edited)

ကလေးများက ရာနှုန်းပြည့် ချစ်စရာကောင်းသည်။
ကိုယ့်ကလေး၊ သူ့ကလေး မည်သူ၏ကလေးဖြစ်ပါစေ
ကလေးဆိုသည်နှင့် အင်မတန်ချစ်စရာ ကောင်း
သည်။ သို့ပေသိပေါ့လေ ကိုယ့်ရဲ့ကလေးက
ပို၍ ချစ်ရာစရာကောင်းသည်ဟု လူတိုင်းစိတ်မှာ
ဖြစ်ပေါ်သည်။ ဒါကတော့ လူတွေ၏ အများ
အားဖြင့် ဖြစ်တတ်သော သဘောဖြစ်ပေသည်။

ကိုယ့်ရဲ့ သား၊ သမီးက ကိုယ့်မျက်စိမှာ
အမြဲထာဝရ ချစ်စရာကောင်းနေသည်။ အဲ
ဒါက မိဘဖြစ်သူများ၏ ကြည်လင်နေသော
စိတ်အခြေအနေမှာဖြစ်သည်။ စိတ်မကြည်လင်၍
စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး အခြေအနေ
အခက်အခဲများဖြစ်ပေါ်လာပါမူ သားသမီးအပေါ်
ကြည်လင်စိတ်က အပြည့်အဝမရှိနိုင်တော့ပေ။

အချို့မိသားစုများတွင် သားသမီးများကို
လိုအပ်သည်ထက်ပို၍ အလိုလိုက်သည်။
ထိုကြောင့် မလိုလားအပ်သော ပြဿနာများ
ဖြစ်ပေါ်လာရသည်။ သားသမီးကို ချစ်တတ်အောင်
မိဘများက သတိထား ဆင်ခြင်ကြရပေမည်။
ကလေးများက သူတို့ကို အလိုလိုက် ဂရုစိုက်သူ
များကို ပို၍တွယ်တာတက်သည်။

မိဘထက် အဘွားဖြစ်သူကို ပို၍တွယ်တာသော

ရေးရပေအုံးမည်။ အဖွားလေးဖြစ်သူက မိဘ
များထက် ကလေးကို ပိုဂရုစိုက်သဖြင့် ကလေးက
လက်သာသောသူကို ပို၍စုံမက်သည်။ ချစ်ခင်

တီတီတာတာပြောဆိုနေပါမူ ကလေး၏မိဘနှင့်
သူ့ဒေါ်လေး တို့က အမြင်ကပ်လောက်အောင်ဖြစ်ရသည်။ @nweoomon တို့မြေးအဖွားအကြောင်း သည်။ @nweoomon တို့မြေအဖွား ပလီပလာ

မှန်ပါသည် သူရို့အိမ်သို့ အလည်သွားစဉ်
မြေးအဖွား ပလီနေသည်ကို ကိုယ်တိုင် မြင်ခဲ့ရ
သည်။ ကလေးက လက် သာသော သူ့ဖွားလေးကို
ချစ်တာ မဆန်းပေ။ မြေအဖွားက အတိုင် အဖောက်
ညီကြသည်။ တနှစ်ခွဲအရွယ်ကလေးက သူ့ဖွားလေး
လက်ကျ အကုန်ရသည်။ စကားသင်ကာစ
မပီကလာ ပီကလာပြောဆိုမှုကလည်း ချစ်စရာ
ကောင်းသည်။

သူ့ဖွားလေးက နောင်ကြောတွေတက်လိုက်တာဟု
ပြောသောအခါ။ မြေးဖြစ်သူက ဖင်ကလေး
ယမ်းကာ ယမ်းကာဖြင့် ထွန်ရွှေဝါဗူး ယူလာကာ
သူ့ဖွားလေးဂုတ်ကို သူ့လက်ပေါက်စလေးဖြင့်
လူးပေး၊ နှိပ်ပေးသည်။ ထိုအရာကို မြင်ကြသော
အခြားမိသားစုများကလည်း နောက်ကြော
တက်သည်ဟု စ နောက်သည်။

"တို့တွေလည်း နောက်ကြော တက်လိုက်တာ
သားဘုန်းရေ၊ ဆေးလေး လူးပေးပါအုံး"

ဟုပြောသည့်အခါ ကလေး၏ နှုတ်မှ
တခွန်းတည်းသော မပီကလာ ပီကလာ
စကားလုံးက "နိုး" ဟူ၍ဖြစ်သည်။ သူမကြိုက်တာ
ဆိုလျှင် "နိုး" "နိုး" ဟု ပြောဆိုနေသည်ကို
သဘောကျ၍ ကလေး မခံချင်အောင် စ
နောက်ကြပြန်သည်။ ကလေးများကို ပန်းကလေး
များနှင့် ခိုင်နှိုင်းကြသည်။ မှန်ပါသည်
အပြစ်ကင်းသန့်စင်သည့် ချစ်ခြင်းရနံ့သင်း
သော ပန်းကလေးများဖြစ်ကြပါပေသည်။


February 28, 2024@htwegyi

Sort:  

!hiqvote

@htwegyi, the HiQ Smart Bot has recognized your request (1/1) but the mana is too low. Try again later.

As a consolation, @htwegyi gets !WEED from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

!hiqvote

@ansoe, the HiQ Smart Bot has recognized your request (2/2) but the mana is too low. Try again later.

As a consolation, @ansoe gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

အပြစ်ကင်းသော ပန်းခလေးများ !PIZZA

ဟုတ်တယ်ဗျို့။

PIZZA!

$PIZZA slices delivered:
(3/10) @kachinhenry tipped @htwegyi

!lolz

!hug


I sent 1.0 HUG
(1/3)Dear @htwegyi, you just got hugged. on behalf of @walarhein.

I really love video games where you go for an deep sea adventuring.
They're just so immersive.

Credit: reddit
$LOLZ on behalf of walarhein

(1/10)
ENTER @WIN.HIVE'S DAILY DRAW AND WIN HIVE!@htwegyi, I sent you an

!hug
!meme


I sent 1.0 HUG
(1/3)Dear @htwegyi, you just got hugged. on behalf of @golden.future.