ခြောက် တစ် ၆ (၁)

in HIVE-MYANMARyesterday

ကျွန်တော့်အကို တာယာပွကြီးက သစ်သားချောင်း
အဟောင်းများမှ အိမ်ရိုက်သံဟောင်းများကို
နှုတ်နေသည်။ ထိုနှုတ်ပြီးသံဟောင်းများကို
ပိဿချိန်ဖြင့်ရောင်းရန်စိတ်ကူးသည်။
သံဈေးများကလည်း ယခုအခါမှာ အတော်
ဈေးကောင်းသည်။ အိမ်တိုင်ရာ‌ရောက်
လာဝယ်သော ပုလင်းခွံ၊ အိတ်ခွံဝယ်သူများက
သံဟောင်းတပိဿာ နှစ်ထောင်၊ ထောင့်ငါးရာ
ဈေးပေးဝယ်သည်။ ပုလင်းခွံ၊ အိတ်ခွံဝယ်
ဒိုင်သို့ သွားရောက် ရောင်းပါမူ ထိုထက်ပို၍
ဈေးကောင်းရသည်။

အကိုပွကြီးက ဈေးပိုရရန် ဒိုင်သို့ သွားရောင်း
သည်။ ထိုသို့ရောင်းရာတွင် သူရောင်းသည်ကို
လူသိမည်လည်း ရှက်သေးသည်။ ထိုကြောင့် သံချောင်း
များကို သူယမကာဝယ်ယူရာ၌ ထုပ်ပိုးပေးလိုက်သော
ကြွပ်ကြွပ်အိတ်အမဲဖြင့် ထုပ်ပိုး၍ သွားရောင်းသည်။
သူ့ရဲ့ ယမကာ ပုလင်းများကိုလည်း
စု၍ ရောင်းချတတ်သေးသည်။ ထိုသို့ အကိုပွကြီး
သံရောင်းသည်ကို မြင်မိတော့ ငယ်စဉ်ဘဝကို
သတိရမိသည်။

ကျွန်တော်တို့ငယ်စဉ်က သံတို သံစများ အင်မတန်
ပေါသည်။ ပေါဆို ကျွန်တော်တို့အဖေက
မီးရထားဌာနမှ ပန်းပဲဆရာဖြစ်သည်။
ထိုခေတ်အခါက အသုံးမပြုသော သံတိုသံစ
များကို မြေမြုပ်ခြင်း၊ ရေထဲသို့မြုပ်ခြင်းဖြင့်
ဖျက်စီးပစ်သည်။ နောက်ပိုင်းမှာ မန္တလေးမြို့
အနောက်အရပ် စိန်ပန်းသံရည်ကြိုလုပ်ငန်း
များမှ ဝယ်ယူသဖြင့် သံတိုသံစများကို ရောင်းရ
မှန်းသိလာသည်။

ထိုအခါ သံတိုသံစများကို ကလေး၊ လူကြီးမကျန်
တူးဖော်ရောင်းချကြသည်။ မန္တလေးမြို့အနောက်အရပ်
စိန်ပန်းနှင့် ဂေါ်ဝိန်တို့မှ ကုလားကြီးတဦးက
မြင်းလှည်းတစီးဖြင့် လာရောက်ဝယ်ယူသည်။
ထိုခေတ်က သံပေါသည့်အပြင် ပြန်လည်ရောင်း
ချဖို့မသိခြင်း၊ ဝယ်ယူသူလည်း မရှိသဖြင့်
မီးရထားသံလမ်းပြင် လုပ်သားများကလည်း
မူလီအကျိုး အပဲ့များကို လမ်‌ဘေးသို့ ပစ်ထား
ခဲ့သည်။

သံအဟောင်းများ ရောင်းချမှု တွင်ကျယ်လာသော
အခါ မီးရထားဌာနမှ ဝန်ထမ်းများကလည်း
ရောင်းချလာသည်။ ထိုခေတ်က ပါတီကောင်စီ
ခေတ်ဖြစ်သည်။ ကျွန်တော့်အဖေက ပါတီကောင်စီ
လူကြီးလုပ်သေးသည်။ အဖေက ပန်းပဲဆရာဆို
တော့ သံတိုအစ ပေါသည်။ အဖေသည်က
ယမကာလုလင်အပြင် ကုလားပါ ပါးရိုက်တတ်သည်။
ဒီတော့သူ့ရဲ့ ပန်းပဲဖိုက သူ့အတွက် ငွေတွင်းကြီးဖြစ်သည်။

စိန်ပန်းမှ သံရည်ကြိုသူတစ်ဦးဆို အမြဲတမ်အဖေ့
ဖောက်သည်ကြီးဖြစ်သည်။ သူက အမြဲလိုလို
အဖေ့ထံသို့ လာနေတတ်သည်။ တခါက ကျွန်တော့်တို့
မီးရထားဝင်းကို ရထားသံလမ်းနှင့်ခြား၍
ဝန်းထရံကာသည်။ ထိုသို့ကာရာမှာ ဝန်းထရံတိုင်ကို
သံလမ်းတိုင်ဖြင့်လုပ်ပြီး သံဆူးကြိုးကာရံသည်။
ထိုသံဆူးကြိုးများလည်း သိပ်မကြာပါ
ကျွန်တော့်တို့ ကလေးများနဲ့ အမျိုးသမီး အချို့က
ဖြတ်တောက်၍ ရောင်းစားကြသည်။

ဝန်းထရံတိုင် သံလမ်းကြီးများကိုမူ မနိုင်၍
ရောင်းမစားကြပေ။ အဲ သို့ပေသိ ထိုသံလမ်တိုင်
များကို နှုတ်၍ရောင်းစားကြသူများရှိသည်။
ထိုသူများက ကျွန်တော့် အဖေ့ဖက်မှ အမျိုး
ဖြစ်သူ အဖေ့အမ၏ သားကဖြုတ်၍ ရောင်းစားသည်။
အဖေက သူ့တူရောင်းစား၍ တဝက်နီးပါး
ရှိနေသည့် သံလမ်းတိုင်များကို မကုန်ခင် နှုတ်၍
သိမ်းဆည်းရလေသည်။ ထိုခေတ်က ပြည်သူပိုင်
ပစ္စည်းခိုးယူပါက ခြောက်၊ တစ် ၆ (၁) ဖြင့်
အမှုဖွင့် အရေးယူနိုင်သည်ကိုလည်းမသိပေ။
သို့ပေသိ နောက်ပိုင်းမှာ ထိုသို့ယူ၍ ရောင်းစား
ပါက ဖမ်းဆီးနိုင်ကြောင်းသိရ၍ တခုခုလုပ်မည်ဆို
ခြောက်တစ်ဟု ပြောဆိုကြပေတော့သည်။


January 23, 2025@htwegyi

Sort:  

ပုဒ်မ ၆၁ 😁😁😁

ဟုတ်သဗျို့။

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our

နှစ်လုံး ပေးတာလားလို့
!LOLZ
!MEME