ကြံကြံဖန်ဖန် ဆော့ပါပေ့။

in HIVE-MYANMAR2 years ago

img_0.7621092795142147.jpg

ညနေခင်း လမ်းမလျှောက်ဖြစ်တာ ငါးရက်ခန့်
ကြာပြီဖြစ်သည်။ ဆောင်းရာသီမှာ ညနေငါးနာရီ
အချိန်ဆိုပါရင် လမ်းလျှောက်ဖို့ အဆင်ပြေသည်။
ယခုတော့ တဖြည်းဖြည်နှင့် နေဝင်တာ နောက်ကျလာသည်။
ငါးနာရီခွဲ အချိန်မှသာ လမ်းလျှောက်
ကောင်းသည်။ ထိုအချိန်မှသာ နေစွယ်ကျိုးသည်။

နေစွယ် ဟုသော စကားက တမျိုးဖြစ်သည်။
နေညိုချိန် နေကျချိန်ကို နေစွယ်ကျိုးသည်ဟု
သုံးနှုန်းသည်။ ကိုယ်တွေ ညနေလမ်းလျှောက်ပါက
ကျူးအိမ်မှ ကလေးများသည်လည်း လမ်မပေါ်ထွက်
ဆော့သည်။ ကျူးနေသူ က‌လေး တသိုက်က
လမ်းမပေါ် စွန်လွတ်သူရှိသလို တဦးနှင့် တဦး
ခဲဖြင့် ပစ်ပေါက်တန်း ဆော့နေသည်။

ခဲဖြင့် ပစ်ပေါက်တမ်း ဆော့သူ ကလေးတစု
အနီးသို့ မရောက်ခင် အဝေးကပင် ခဏ ရပ်ပေး
ကြပါအုံး ဘော်ဒါတို့ဟု ချော့ပြောရသည်။
ကလေးတဦး ကတော့ စက်ဘီးသေးသေးဖြင့်
လမ်းမ အလယ်‌ခေါင်တည့်တည့်တွင်
စက်ဘီးရော ၊ လူရော လှဲပြီးနေသည်။
ကိုယ်တွေ သူ့အနီး ရောက်သွားသည့် အခါ။

"ဘယ်ကောင်လာမလဲ လာစမ်း၊ လာကျုံးစမ်းပါ၊
သတ္တိရှိတဲ့ကောင် လာခဲ့၊ မင်းမေ - ပဲ"

ဟု တဦးထဲပြော နေသည်။ ကျွန်တော် သူ့အနီး
ရောက်သောအခါ ပြုံးစိစိလုပ်နေသည်။
ထိုကလေးသည် ထိုအမူအရာ၊ အပြောအဆိုကို
အနီးပတ်ဝန်းကျင်မှ မြင်ခဲ့ ကြားခဲ့သဖြင့်
ပြန်လည် အတုယူ ပြောဆိုနေခြင်း ဖြစ်ပေမည်။

အိမ်အနီးသို့ ရောက်ရှိသောအခါ မိန်းခလေးနှင့်
ယောင်္ကျားလေးနှစ်ဦး ဆော့နေသည်ကို တွေ့ရ
ပြန်သည်။ သူရို့နှစ်ဦး ဆော့ရင်းပြောနေသည့်
စကား က ကျွန်တော့် တကိုယ်လုံး တောင့် သွား
မတက်ဖြစ်ပေသည်။ သူရို့ဆော့နေသည့်
စကားက။

"ညီမလေး ကိုကိုက ထောင်ကလွတ် လာတာကို
ညီမလေးက လာကြိုတဲ့ဟာမျိုး ဆော့ကြမယ်"

တဲ့ဗျာ။


13-2-2023@htwegyi

Sort:  

!MEME
!LOL

I know a woman who owns a taser.
She is stunning.

Credit: reddit
$LOLZ

Use the !LOL or !LOLZ command to share a joke and an $LOLZ
(1/6)@htwegyi, I sent you an on behalf of @walarhein

ကြံကြံဖန်ဖန်ဗျာ
!LOL
!PIZZA

What do you call an airline full of bald people?
Receding airlines.

Credit: reddit
$LOLZ

Use the !LOL or !LOLZ command to share a joke and an $LOLZ
(2/6)@htwegyi, I sent you an on behalf of @golden.future

ဟုတ်သဗျို့။

🍕 PIZZA !

I gifted $PIZZA slices here:
(4/5) @golden.future tipped @htwegyi (x1)

Join us in Discord!

ကလေးတွေလဲ ဒါမျိုးကိုဆော့စရာလို့မှတ်နေကြပြီလား