မိုးဇော်နှင့် မြေးအဖွား။

in HIVE-MYANMAR2 years ago

img_0.7621092795142147.jpg

ရေးစရာက စဉ်းစားမရဘူး။ စဉ်းစားမရဆို
ရာသီက ပူ၍ ခြောက်သွေ့လာချေပြီ။
ရာသီက ပူသည်ဟုဆိုသော်လည်း ခြံပြင်
မြောင်းမှာ ချိုးရေ၊ သုံးရေများကြောင့်
မြောင်းက ရေပြည့်နေသည်။ ယခင်နှစ်က
ခြောက်သွေ့နေသောမြောင်းသည် ယခုတော့
ရေများဖြင့် စိမ်းစိုနေသည်။

ညအချိန်ဆို အဆိုပါမြောင်းမှ ဖားအော်သံများ
ကြားရသည်။ ဟမလေးဗျို့ အဲဖားအော်သံကို
ကျုပ်အကို တာယာပွကြီးစနေသား က
ရှက်သတဲ့။ အဘယ်ကြောင့်ဆိုသော်
ထိုဖားတို့သည် မြေကြီးမြောင်းရှိသော
နေရာမှသာရှိသည်။ ဒီတော့ သူ့အိမ်က
မြေကြီးမြောင်းရှိသော အိမ်ဖြစ်ကြောင်း
လူတွေ သိလို့တဲ့ဗျာ ရှာရှာ ပေါက်ပေါက်
တွေးတတ်တဲ့လူ။

ယခင်က ကျွန်တော်တို့ ခြံပတ်လည်တွင်
လူနေအိမ်နည်းသည်။ ခြံထောင့် လေးထောင့်တွင်
ခြံဝင်းလေးဝင်း၌ နှစ်ခြံသာလူနေသည်။
ကျန်ခြံများက နေအိမ်ရှိသော်လည်း လူမရှိပေ။
ယခုတော့ လူများလာရောက်နေပြီဖြစ်သည်။

ဆိုတော့ လူနေများ၍ ရေသုံးများသည်။
ရေသုံးများ၍ မြောင်းမှာ ရေရရှိလာသည်။
ရေမြောင်းက ရေကြောင့် ကန်စွန်းနှင့် ကနဖော့တို့
ပျော်စံရာဖြစ်နေသည်။ နွေရာသီဦးမှာ
ခြောက်သွေ့သည့် မြင်ကွင်း၌ မြောင်းအတွင်းက
စိမ်းစိုနေသည်။ မြင်ရတာ မျက်စိအေးသည်။

ရှေ့လျှောက် ရာသီက ပူတော့မည်။ ပို၍
မပူမှီ သူငယ်ချင်းများအိမ် အလည်သွားသည်။
ရေးစရာက စဉ်းစားမရတော့ ရောက်ခဲ့သော
@nweoomon အိမ်အကြောင်းရေးပါမည်။
သူမ ဖြစ်ပုံ အလုံးစုံကို ပြောရမည်ဆိုပါမူ။

အပူမရှာချင်၍ တကိုယ်တည်းနေသူ
သူမ၏ ဖြစ်ထွေအလီလီက အောချရသည်။
တူ၏ ကလေးကို ထိန်းနေပုံကို အကျယ်တဝင့်
ရေးသားရပါမူ အဟမ်း။ အဟမ်း ရေးလိုက်ပါပြီနော်။

တူ၏ သား၊ သူမ၏မြေးကို နေ့လယ်ခင်း
အိပ်အောင်သိပ်ပုံက ဒီလိုဗျို့။ မြေးအကြီးကောင်၏
စကိတ်စီးသည့် ဘီးတပ် စကိတ်ပြားပေါ်
ကလေးတဝက် သူမတဝက်ထိုင်သည်။
ကလေးကို ခေါင်းအုံးဖြင့် ပက်လက်ထား
သိပ်သည်။ ကလေးကို နို့ဗူးတိုက်ထားသေး
သည်။

သူမက စကိတ်ပေါ်မှ ထိုင်ကာ လက်ဖြင့်
စကိတ်ကိုလွှဲ၍ မောင်းသည်။ ဘေးမှာ
ကုတင်ပုလေးရှိသည်။ ထိုကုတင်ပုလေး
ပေါ်တွင် ဖုန်းဖြင့် ကျောက်ဆည်မိုးဇော်
ဆင်မင်းသား သီချင်းဖွင့်ထားပေးသည်။

ကလေး က အိပ် မအိပ်တော့ မသိပေ။
သူရို့ မြေးအဖွားကို ကြည့်၍ ကျွန်တော်ပင်
အိပ်ချင်လာ၍ နှုတ်ဆက်ပြီး အိမ်ပြန်
လာခဲ့ရပေသည်။

@htwegyi
25-2-2023

Sort:  

ဒါလည်း ပြီတာပဲ
!LOL

ဟုတ်သဗျို့။

ဒါ...ဒါ လူယုံသတ်တာ။ ကြည့်စမ်း အမလေး
ရှက်လိုက်ထာ။😁🫣

အဟီး နည်းနည်း ရေးမယ်လေ နော့။