ငလျင် ခံစားချက်။

in HIVE-MYANMAR7 days ago

၁၃၈၆ ခု၊ တပေါင်းလကွယ်၊ သောကြာနေ့။
2025 ခုနှစ် မတ်လ 28 ရက်နေ့ 12 နှစ်နာရီ
မိနစ်ငါးဆယ်အချိန်ဖြစ်သည်။ ကျွန်တော်သည်
နေ့လယ်စာ ထမင်းစားပြီးဖြစ်သည်။ ထမင်း
စားကောင်းသဖြင့် ထမင်းက နည်းနေသည်။
အကို တာယာပွကြီးအတွက် ထမင်းမကျန်ပေ။
အိမ်မှာရှိသော လူအားလုံးတက်ညီ လက်ညီစား
ကြသည်။ စနေတာယာပွကြီးက ယမကာမှီဝဲ
နေသဖြင့် ထမင်းစားနောက်ကျသည်။

ထိုကြောင့် ထမင်းအိုးတည်ရန် ထမင်းပေါင်းအိုး
အားဆေးကြောနေသည်။ ထမင်းအိုးဆေးရင်း
ညနေစာပါ ပေါင်းတည်ရမလာဟု စဉ်းစား
နေသည်။ လျှပ်စစ်မီးကလည်း အဆင်သင့်
လာနေသည်။ ကျွန်တော်က ထမင်းပေါင်းအိုး
ဆေးနေစဉ် တူမက ရေချိုးနေသည်။
ထမင်းပေါင်းအိုးကို ဆပ်ပြာရည်လောင်း၍
ဆေးနေသည့် အချိန်လေးအတွင်းမှာ ဗြန်းဗြန်း
ဗြုန်းဗြုန်း အသံပြု၍ ကျွန်တော်ခန္ဓာကိုယ်က
ယိမ်းထိုးလှုပ်ရှားနေသည်။

ထိုအတောအတွင်း ငလျင်လှုပ်တာ‌ဟေ့ဟု
အော်ဟစ်ပြောဆိုကြသည်။ တဝုန်းဝုန်း
တဝေါင်းဝေါင်း အသံများဖြင့် မဟာပထဝီ
မြေကြီးက တုန်ဟီးလှုပ်ခတ်ကာ ရှေ့ထိုးနောက်ငင်
အထက်အောက်မြေပြင် ကြမ်းတမ်းစွာလှုပ်လေသည်။
ကျွန်တော်က မတ်တပ်ရပ်လျက် အနီး
မှာရှိသော သရက်ပင်ပျိုကို ကိုင်သည့်အခါ
ကိုင်သည်။ တဖန် ‌ဖိုက်ဘာရေတိုင်ကီပေပါကို
ကိုင်သည့်အခါ ကိုင်၍ ဆောက်တည်ရာ မရဖြစ်
နေပေသည်။

ရေတိုင်ကီ ပေါ်မှာ ဖုံးအုပ်ထား‌သော သံပြား၊
ထိုသံပြားပေါ်မှ ဆပ်ပြာခွက်၊ သွားတိုက်ဆေးနှင့်
သွားတိုက်တံများကို ထဲ့ထားသောခွက်က လှုပ်ခပ်မှုကြောင့်
ပေပါအတွင်းပြုတ်ကျသည်။ ထိုပြုတ်ကျသော ခွက်နှင့်
ဆပ်ပြာခွက်၊ သွားတိုက်ဆေးနှင့်
သွားတိုက်တံများကို နှစ်ကြိမ်၊ သုံးကြိမ်ဆယ်ယူနေမိသည်။
ထိုသို့ ဆယ်ယူရာ လက်ကို ပေပါဖုံး
ထားသော သံပြားက ရှမိသည်။

ရေချိုးနေသော တူမကလည်း ရေချိုးတန်းလန်း
ဖြင့် လေးဖက်ထောက်သွားကာ ရေမော်တာစက်ကို
သွားပိတ်သည်။ ထိုငလျင်လှုပ်ခတ်နေသာ
အချိန်အတွင်း လူတိုင်းဆောက်တည်ရာမရ
ဖြစ်ကုန်ကြသည်။ ဘာလုပ်၍ ဘာကိုင်ရမှန်း
မသိဖြစ်ကာ ကယောင်ကတန်း သတိလက်လွတ်
ဖြစ်နေကြသည်။ ငလျင်ငြိမ်သွားသည့်အခါမှာတော့
အိမ်အတွင်ရှိ ကြောင်အိမ်က မှောက်လျက်ဖြစ်သည်။
ထောင်ထားသော ဆန်အိတ်က လဲကျနေသည်။
တော်သေး ဆန်များက အိတ်အပြင်သို့ ထွက်မကျပေ။
တိုင်၌ ချိတ်ထားသော နာရီက ပြုတ်ကျသည် မကွဲ
၍တော်ပေပြန်သေး။

ကြောင်အိမ်နှင့် ကပ်လျှက် ခုံပေါ်တင်ထားသော
တီဗီသည်က ပြုတ်မကျ၍ တော်ပေပြန်သည်။
ကြောင်အိမ်ပေါ်တင်ထားသော မီးအားမြှင့်စက်
လည်း ပြုတ်ကျသည်။ တော်သေး ငလျင်လှုပ်ချိန်မှာ
အိမ်အတွင်း၌ မည်သူမျှမရှိပေ။ အိမ်အောက်သို့
အိမ်သား အားလုံးရောက်ရှိနေကြသည်။
ငလျင်ငြိမ်သွားသည့်ခဏ ခြံအပြင်သို့ထွက်လေ့လာ
မိသည်။ အနီးပတ်ဝန်းကျင် ဘာများဖြစ်ကြသေးလဲ
ဟု လမ်းလျှောက်ကြည့်ရင်း။ ဘေးအိမ်ခြံမှ
လူများကလည်း သူတို့နေအိမ်များရှေ့သို့ ထွက်ကာ
စကားပြောဆိုနေကြသည်။

ငလျင်က အတော်ပြင်းသည်ဟု ပြောဆိုနေကြစဉ်
တဝေါဝေါမြည်းကာ နောက်တကြိမ် ငလျင်က
ထပ်မံလှုပ်ခတ်လာသည်။ ထိုနောက်တကြိမ်
သည်လည်း အတော်ပြင်းထန်သည်။ မတ်တပ်
ရပ်နေနိုင်မှုမရှိ၍ ဖင်ထိုင်ချလိုက်ရသည်။
ကျွန်တော်တို့ လမ်းထိပ်ရှိ လမ်းမကြီးပေါ်မှ
ဆယ်ထပ်တိုက်ကြီး၏ အပေါ်ဆုံးထပ်မှ ရေလှောင်
ကန်များက ပြုတ်ကျသည်က ပြုတ်ကျ။
ရေများဖိတ်လျှံကျသည်က ဖိတ်ကုန်သည်။
ဆယ်ထပ်တိုက်က ပြိုမကျပေ အောက်ခြေ
အနည်းငယ်အက်သွားသည်။ ဆောက်ပြီးသည်က
မကြာသေးပါ။

ထိုနောက်တကြိမ်က ပထမအကြိမ်လောက်
မကြာပေ။ ငလျင်လှုပ်ခတ်ပြီသည့်နောက်
လူတွေက ငလျင်ချက်မိသည်ဟု ဆိုလေမလား။
ခေါင်းများက မူးနောက်နောက်၊ ခြေ‌ထောက်
များက ကောင်းစွာ မရပ်နိုင်သလိုလို
ချာလည်လည် ဖြစ်နေသည်။ အနီးဝန်ကျင်ရှိ
တိုက်များအားလုံးသည် အပ်ကြောင်းများ
ဖြစ်ကုန်သည်။ လမ်းမကြီးပေါ်ရှိ တရုတ်စားသောက်
ဆိုင် တိုက်ကြီးကတော့ ကားလမ်းမပေါ်သို့
ဟပ်ထိုးယိုင်ကျနေသည်။

ဆက်လက်ရေးသားပါအုံးမည်။


April 1, 2025@htwegyi

Sort:  

ဘေးကင်းလို့ တော်သေးတာပေါ့။

!HUG
!LUV ဦးစိုး @ansoe တော့ ဆက်သွယ်မရသေး။

(2/10) sent you LUV. | tools | discord | community | HiveWiki | <>< daily@htwegyi, @tin.aung.soe

"The best way to find yourself is to give yourself away."

If you'd like to suggest a quote to be included in the LUVshares reply, go here.
Made with LUV by crrdlx

စစ်ကိုင်းက အတော်ဆိုးတယ်ဗျို့။

တော်သေးတယ်။
အစစ အရာရာ ဂရုစိုက်ပါဗျ။

သေမင်းက ကိုယ်တွေကို အလှည့်မပေးသေး။

မြင်ရတာတေ စိတ်မကောင်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ
!LOLZ. !MEME. !LUV

(4/4) sent you LUV. | tools | discord | community | HiveWiki | <>< daily@htwegyi, @chanmin

"Love is not only something you feel, it is something you do. - David Wilkerson"

If you'd like to suggest a quote to be included in the LUVshares reply, go here.
Made with LUV by crrdlx

Archaeology
Now there is a career in ruins.

Credit: reddit
$LOLZ on behalf of chanmin

(5/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.@htwegyi, I sent you an