ဘာလုပ်မယ်
ညာလုပ်မယ်နဲ့
မအလကတော့ သူလုပ်ချင်တာ လုပ်ပြီသွားပြီး။
သင်္ကြန်လည်ပြီးသွားပြီး ဟု အကို စနေသားက
ပြောသည်။ သူပြောတော့ ကိုယ်က မခံချင်။
သင်္ကြန်က ပြီးတာသွားတာ လူမရှိဘူး၊
လူမစည်ဘူးဟု ကိုယ်ကပြောမိသည်။
လူစည်စည် မစည်စည် သူကတော့ သူလုပ်ချင်
တာလုပ်နေတာပဲလေ။ သေချင်သူသေ။
ကျွန်တော့် အကိုက စကားကို ကြံဖန်ပြောတတ်သည်။
သူနှင့် စကားပြိုင်မပြောချင်ပါ။
သင်္ကြန်ကတော့ ပြီးသွားတာ အမှန်ပင်။
မိချော တို့အုပ်စုက တဖွဲ့။ ဘုန်းကြီးဝတ်သူက
တဖွဲ့ သင်္ကြန်အတွင်း အဖွဲ့များကို တွေ့ရသည်။
ဒါတောင် ဆပ်ပြာမြုပ်နဲ့ရေစိမ်ချိုသူကြီးတောင်
နာမည်ကြီးသွားသေး ဆိုသလို။
အင်း လာမည့် 1384 ခုနှစ်သစ်ကြီးကရော
ဘာတွေများ ဆက်ဖြစ်လာမလဲ။ စောင့်ကြည့်ရင်း
ကိုယ်ကူညီနိုင်သည့် နေရာက ပါဝင်နွဲကြရပေမည်။
မြန်မာပြည် ငြိမ်းချမ်းပါစေ၊ သာယာပါစေဟု
ဆုတောင်းရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါသည်။
ကာကွယ်ရေ ဝန်ကြီးကတော့ ငါးဆယ်ရာခိုင်နှုန်း
ထိန်းချုပ်ထားနိုင်ပြီဟုပြောသည်။
အမြန်ထိန်းချုပ်၍ ပြည်သူအပေါင်း
ဘေးအန္တရာယ် အမြန်ကင်းဝေးကြပါစေ။
ဆုလည်းတောင်း၊ လူ တွေလည်း အမြင်မှန်
အသိမှန်ရကြပါစေ။ ဒုက္ခရောက်နေသည့်
တိုင်းရင်းသားများနှင့် အခြားတိုင်းဒေသများမှ
ပြည်သူများ ဒုက္ခမှ အမြန်ကင်းဝေး၍
အေးချမ်းသည့်ဘဝတွေ ပြန်လည်ပိုင်ဆိုင်
နိုင်ကြပါစေရန် ကိုယ်စိတ်နှစ်ပါးဖြင့်
ဆန္ဒပြုလိုက်ပါသည်။
18-4-2022@htwegyi
နှစ်သစ်မှာ အမှန်တရား ဒီမိုကရေစီ မြတ်နိုးသူတွေ အောင်ပွဲရကြပါစေ။
ဟုတ်တယ် ကိုတင်အောင်စိုးရေးတဲ့ အတိုင်းပ 😁
ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတော့မည့် ရွှေမြန်မာပြည်ကြီးပါ
!PIZZA
မှန်ပေသဗျို့ အောင်စည်သံကြားရင် ပြည်တော်ဝင်ကြမယ်ပ။
PIZZA Holders sent $PIZZA tips in this post's comments:
(3/5) @tin.aung.soe tipped @htwegyi (x1)
Join us in Discord!
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more, by @htwegyi.
ခြောက်ကပ်ကပ် သင်္ကြန်ပါဗျာ။
ဟုတ်တယ် သင်္ကြန်ဖြစ်တယ်ဆိုယုံ။