ပင်စင် ရာသီ

in HIVE-MYANMAR2 years ago

img_0.7621092795142147.jpg

ယနေ့ ပင်စင်သွားထုတ်သည်။ ထုံးစံအတိုင်း
မြို့ထဲသွားရသည်။ မြို့ထဲသွားသည့်အခါ
အိုးဝေငှားသွားသည်။ အိုးဝေငှားသည့်အခါ
သက်သာရန် သုံးဦးပေါင်းစီးသည်။ သို့မှ
အိုးဝေခ သက်သာမည်။ သုံးဦးအနက်
ကျန်နှစ်ဦးက အစိုးရဘဏ်၌ ပင်စင်ထုတ်
ရသည်။

မြို့ထဲ ရောက်သည့်အခါ ကျွန်တော်က ဘူတာကြီး
နှင့် နီးသည့်နေရာ၌ ဆင်းနေရစ်သည်။
ဘဏ်သွားထုတ်သူ နှစ်ဦးက ဆက်လက်
စီးသွားကြသည်။ ကျွန်တော်က ပင်စင်ထုတ်ပြီး
မိတ်ဆွေအိမ်သို့ အလည်သွားနေစဉ် ဖုန်းဝင်လာသည်။
ဘဏ်ထုတ်သူများက သူရို့ပြန်လာ
နေသည်ဟု ဖုန်းဆက်သည်။

ထိုအခါ မိတ်ဆွေအိမ်သို့သွားနေသည့်
လမ်းတဝက်မှ ပြန်လှည့်လာရသည်။
ဘဏ်ထုတ်သူများက ဒီတခါ မြန်လှသည်ဟု
အောင်းမေ့မိသည်။ ယခင်လများက သူတို့ကို
နာရီဝက်ခန့်တော့ စောင့်နေရတတ်သည်။
ယခုတော့ ကိုယ်တွေ ပင်စင်ထုတ်ပြီးလို့
မကြာသေး ဖုန်းဆက်လာသည်။ ထို့ကြောင့်
မိတ်ဆွေအိမ်သို့ သွားနေရာမှ ဆုံးရန် ချိန်းထား
သည့်နေရာသို့ ပြန်လာခဲ့ရသည်။

သူတို့ရောက်လာသည့်အခါ ပင်စင် မထုတ်
ခဲ့ရကြောင်း ကားရပ်ရပ်ခြင်း ပြောကြသည်။
ဘဏ်၌ လူအရမ်းများကြောင်း၊ စောင့်ပြီး
ပင်စင်ထုတ်ပါက ညနေသုံးနာရီအချိန်
ခန့်မှသာ ရမည့်အကြောင်းများ ပြောပြကြသည်။
မနက်ဖန်မှ တခါသွားရောက်ထုတ်ရအုံးမည်
ဟု ပြောကြသည်။

ယခုလ လူများရသည်မှာ တနင်္လာနေ့ပင်စင်
ထုတ်ရက်ကို ‌ဒေပါဝလီနေ့ပိတ်ရက်ဖြစ်သွားသည်။
ထို့ကြောင့် လူများသွားခြင်းဖြစ် ပေမည်။
မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်သူ
သက်ကြီးရွယ်အိုများစွာ စီးတန်းထုတ်ယူ
နေကြသည်။ ကျန်းမာရေးမကောင်းသူများ
လည်း တုတ်ကောက်များ လက်ကိုင်ဒေါက်
များဖြင့် တန်စီးစောင့်နေကြသည်။ ထိုသူတို့ကို
တွေ့ရ မြင်ရသည်မှာ စိတ်မချမ်းသာစွာ ဖြစ်ခဲ့
ရကြောင်းများ ပြောရင်းအိမ်ပြန်ခဲ့ကြသည်။

@htwegyi
25-10-2022

Sort:  

ပင်စင်လေး ရနေလို့ အသက်ရှူချောင်သေးလား
ဝမ်းသာပါတယ်။
!LUV

အဖေ သေလို့ အမေရတဲ့ပင်စင်ပါဗျာ။
အမေ့ပင်စင်လေး ကပ်စားနေရတာ။

🍕 PIZZA !

I gifted $PIZZA slices here:
@ansoe(4/5) tipped @htwegyi (x1)

Send $PIZZA tips in Discord via tip.cc!

ပင်စင်တစ်ခါထုတ် တစ်ပို့စ်တင် ဟုတ်နေတာပဲ
!LOL

You can never trust an artist
Theyre super sketchy

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @golden.future

Use the !LOL or !LOLZ command to share a joke and an $LOLZ
(3/4)

အဲ့သလို ရှာကြံရတာပါလေ။

!MEME


Credit: fashtioluwa
Earn Crypto for your Memes @ hiveme.me!

တော်သေးတာပေါ့။ စပ်ငှားရမယ်သူရှိလို့။
နို့မို့မချောင်ဘူး။

ဟုတ်တယ်

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

ဒီထက်ပိုကောင်းပီး လွယ်ကူတဲ့ စနစ်လေးလုပ်ပေးရင် ပိုကောင်းမှာနော်။