ပြာသိုလပြည့် အမေ့နေ့ဖြစ်သည်။
အမေ့နေ့မှာ အမေ ကိုလက်ဆောင်ပေးကြရန်
ဆရာမက သူ့ တပည့်များကို ပြောနေသည်။
ကျွန်တော့်အိမ်မြောက်ဖက် ကပ်လျှက်ခြံက
ကိုယ်ပိုင်မူလတန်းကျောင်းဖြစ်သည်။
သုံးတန်း၊ လေးတန်းနှင့် ငါးတန်းကလေးများကို
သင်ကြားသည့် ကျောင်းဖြစ်သည်။
ထိုသို့ အမေကို အမှတ်တရလက်ဆောင်ပေးရန်
အတွက် ဆရာမက ကျောင်းသား/သူများကို
ပြောကြားနေသည်အသံအား သောကြာနေ့ကတည်းက
ကြားရသည်။ လက်ဆောင်ပေးရာတွင်
တန်ဘိုးကြီးသောပစ္စည်းများ မဟုတ်ဘဲ
တန်ဘိုးနည်းသော ပစ္စည်းဝယ်ပေးရန် ပြောသည်။
ဥပမာ - ကလစ်၊ ပိုက်ဆံအိတ်သေးသေးလေး၊
အခြားတန်ဘိုးနည်းသော ပစ္စည်းလေးများ
ဝယ်ရန်လည်း ဆရာမက ပြောကြားနေသည်။
"ပြာသို လပြည့် အမေ့နေ့မှာ ကိုယ်ကိုမွေးဖွား
ပေးတဲ့ ကိုယ်ရဲ့မေမေကို အမှတ်တရဖြစ်အောင်
အံ့ဩသွားအောင်၊ ပျော်ရွှင်ကြည်နူးသွားအောင်
သားတို့ သမီးတို့က ပြုလုပ်ပေးရအောင်လို့
ဆရာမတို့က ဒီအစီစဉ်လေးကို စီစဉ်ထားတာ"
တဖက်ခြံမှ ဆရာမ၏ မိုက်မှ ပြောသံကြား
သဖြင့် ကိုယ်ပိုင်ကျောင်းများ၏ လုပ်ငန်း
ဆောင်တာများကို သဘောကျမိသည်။
မိမိတို့ကျောင်း၊ ကျောင်းသား/သူများရရှိရေး
အတွက် အစီစဉ်များကို တမျိုးပြီးတမျိုး
ပြုလုပ်ကြသည်။ ဘယ်လိုပြောရမလဲပေါ့။
ဈေးကွက်စီးပွားရှာခြင်းဟု ပြောရမလား။
ဆရာမများက ကလေးများကို အိုးရှင်းစင်တာသို့
ခေါ်သွားကြသည်။ ဆရာမတဦးကို ကလေး
ဆယ်ယောက်ကျော် တာဝန်ယူရသည်။
ကလေးများကို မနက်ပိုင်း တသုတ်၊ နေ့လယ်
ပိုင်းတသုတ် အသုတ်ခွဲ၍ အိုးရှင်းစင်တာသို့
ပို့ပေးသည်။ ကလေးများက ကျောင်းတံဆိပ်ပါ
အင်ကျီများဝတ်ထားကြသည်။ ထိုသို့ ကလေးများက
ကျောင်းတံဆိပ်ပါ အင်ကျီဝတ်ထားခြင်းဖြင့် မိမိကျောင်းကို ကြော်ငြာထားခြင်းလည်းဖြစ်ပေသည်။
တဖက်ခြံကျောင်းမှ ဆရာမ၏ အမေများနေ့
ပြောကြားသဖြင့် ကျွန်တော်လည်း အားကျမခံ
အမေ့ကို အမှတ်တရပြုလုပ်ပေးရပါသည်။
မနက်ပိုင်းမှာ အမေ့ကြိုက်သော အီကြာကွေးနှင့်
လက်ဘက်ရည်တိုက်သည်။ အီကြာကွေး
မစားခင် ထမင်းပူပူလေးနဲ့ စားတော်ပဲပြုတ်
ကိုကျွေးသည်။ နေ့လယ်ခင်းမှာ အမေကြိုက်သော
မုန့်ဟင်းခါးဖတ် (နန်းသေး) ကို ကြက်သားချက်
ရေကျဲလေးဖြင့် သုပ်ကျွေးသည်။ အမေက
သာဓုခေါ်ကာ စားပါသည်။ မြန်မာသက္ကရာဇ်
၁၃၈၆ ခုနှစ် ပြာသိုလပြည့် အမေနေ့အတွက်
အမှတ်တရဖြစ်ပါသည်။
January 13, 2025@htwegyi
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our
!LUV
(6/10) sent you LUV. | tools | discord | community | HiveWiki | <>< daily@htwegyi, @ydaiznfts