မန္တလေးက ဟိုယခင်ကတော့ စက်ဘီးမြို့တော်
ယခုတော့ ဆိုင်ကယ်မြို့တော်ဖြစ်နေသည်။
မန္တလေးက မြေပြန့်ဖြစ်ပြီး ကုန်းချိုင့်ဝှမ်း
နည်းပါး၍ စက်ဘီးစီး၍ကောင်းသည်။
အေးအေး ဆေးဆေး သွားလာမည်ဆိုပါက
မန္တလေးတခွင် စက်ဘီးလေးစီးပြီးသွားပါက
ပိုကောင်းသည်။
သို့သော် ယခုအခါ များပြားလာသော ကား၊
ဆိုင်ကယ်များကြား စက်ဘီးစီးရတာ အသည်း
ထိတ်စရာကောင်းသည်။ အချိန်၊ ခရီးကွာဝေးမှု၊
လျှင်မြန်ခြင်းတို့အတွက် စက်ဘီးအစား
ဆိုင်ကယ်ကို အသုံးပြုကြသည်။ ဆိုင်ကယ်က
ပေါ့ပါး မြန်ဆန်သည်။ စက်ဘီးထက် ခရီးပိုတွင်
သည်။ အချိန်ခဏအတွင်း လိုရာခရီးကို
လျှင်မြန်လွယ်ကူစေသောကြောင့် ဆိုင်ကယ်
များက စက်ဘီးကို လွှမ်းမိုးသွားသည်။
ဟိုယခင် စီးခဲ့သော စက်ဘီးများကို ချောင်
ထိုးထားခဲ့ကြသည်။ တရုတ်ပြည်မှ ဆိုင်ကယ်များက
မန္တလေးမြို့အနှံ့နေရာယူလာသည်။ ဟိုယခင်က
အိမ်တအိမ် စက်ဘီးတစီးရှိသလို။ ယခုအခါမှာလည်း
အိမ်တအိမ်မှာ အနည်းဆုံး ဆိုင်ကယ်တစီးရှိသည်။
ကျွန်တော်က ဆိုင်ကယ်ကို စီးတတ်သလိုလို၊
မစီးတတ်သလိုလိုပါ။
ဟိုယခင် ဂျပန်ဆိုင်ကယ်များခေတ်က
ဇီးရောင် ဆိုင်ယ်တစီးရှိသည်။ ထိုဆိုင်ကယ်ကို
ဆီထုတ်ရောင်းရန်၊ စီးရန်အတွက်ဝယ်ခဲ့သည်။
ဝယ်စဉ်က ဆယ့်ငါးသိန်းကျော်ပေးရသည်။
ယခုပြန်ရောင်းသည့်အခါ တစ်သိန်းနှစ်သောင်း
ငါးထောင်သာရသည်။ ထိုဇီးရောင် စူပါကပ်
လေးရှိစဉ်က အနည်းငယ်စီးခဲ့သည်။
ယခုအခါ မစီးတာကြာတော့ မစီးရဲတော့ပါ။
သို့သော် ဆိုင်ကယ်များကို မြင်ပါက ငေးမိသည်။
အထူးသဖြင့် ဟာလီဆိုင်ကယ်များကို မြင်ပါက
မက်မက်မောမောကြည့်မိသည်။ ထိုဆိုင်ကယ်များ
က ဂိုက်ကောင်း၊ ဆိုက်ကောင်းဖြင့်စီးပါက
အင်မတန်ကြည့်ကောင်းသည်။ တနေ့က
များကို ကြည့်၍ သဘောကျသည်။
@nweoomon တို့အိမ်ဘေးက ဆိုင်ကယ်
အဆိုပါ ဆိုင်ကယ်များက မြဝတီဖက်မှ
လာသောဆိုင်ကယ်များကို ပြန်ပြုပြင်၍
ရောင်းချသည်။ ဆိုင်ကယ်များက
ကြည့်ရသည်မှာ စီးချင်စဖွယ်ကောင်းသည်။
ကိုယ်တွေက ဆိုင်ကယ်အကြောင်း မသိပါ။
လှပသည့် ဆိုင်ကယ်များကို မြင်ရတိုင်း
ငေးမောကြည့်မိသည်ကတော့ ဝါသနာပင်။
25-4-2022@htwegyi
စက်ဘီးက နေပူရင် စီးလို့ အဆင်ပြေလားဗျ။ ဆိုင်ကယ်နဲ့တောင် တော်တော်ပူသလားလို့ပါ။
နေပူရင်တော့ အဆင်မပြေဘူး။ သိုပေသိ ထီး၊ ဦးထုပ်လေး စီပြိးတော့ မောင်းကြတာပါပဲ။
သို့သော် ဆောင်းရာသီမှာတော့ စီးကောင်းပါတယ်။
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more, by @htwegyi.