ကျွန်တော်သည် Trade ခြင်းကို ဟိုကနေကလိ၊
ဒီကနေကလိ ကလိနေမိသည်။ တနေ့က
Binance မှာ ကလိသည်။ Binance က
ယခုအခါ သူ့ထံဝင်ရောက်ရာမှာ လွယ်ကူနေသည်။
ဟိုစဉ်ကလို Auth မှ ဂဏန်းများကို သွားယူ၍
ထဲ့စရာမလိုတော့ပေ။ အီမေးလ် တခုတည်းဖြင့်
ဝင်ရောက်၍ ရပေသည်။ ဒီတော့ ဝင်ရောက်ရတာ
အဆင်ပြေသည်။ အဆင်ပြေတော့ ကလိမိ
သည်။
သို့ပေသိ ကိုယ်တွေက လောဘသားကောင်
ဆိုတော့ အနည်းငယ် အမြတ်ရသည်ကို
လောဘမသတ်နိုင်ပေ။ များများ အမြတ်ရချင်
သည်။ Hive ဈေးတက်ချိန်မှာ ရောင်းလိုက်ပါမူ
ကိုယ်ရဲ့ ဝေါလက်မှ USDT သည် 13 မှ 20 သို့
ရောက်ပေမည်။ 7 USDT မြတ်သည်ကို
လောဘ မသတ်နိူင်သဖြင့် ယခုတော့ တပြားမှ
ပင် မရတော့ပေ။
နောက်တခါ နောက်တချီ အလှည့်
ရောက်ပါရင်ဖြင့် လောဘသတ်နိုင်အောင်
ကြိုးစားရပေအုံးမည်။ ရေးသာ ရေးရ
လောဘဆိုသည့်အရာကလည်း လူကို
ဝါးမြိုတတ်တာကလား။ သူ့ထံမှ ရုန်းထွက်ဖို့က
အတော်ခက်တာကလား။ ငွေဆိုတာ
ဒုတိယဘုရားသခင်ဖြစ်သည်။ လူ၏
စိတ်ကို ပြောင်းလဲစေသည်။
မှန်ပါသည်။ တနေ့က အမေသည် ပင်စင်
ထုတ်ယူခဲ့သည်။ အမေ့ပင်စင်က တစ်လကို
ရှစ်သောင်းကျော်ရသည်။ ပင်စင်ကို နှစ်လပေါင်း
ထုတ်သည်။ ထိုကြောင့် အမေသည် ပင်စင်ငွေ
နှစ်လပေါင်း တစ်သိန်းခုနှစ်သောင်းခန့်ရသည်။
အမေ့ပင်စင်ငွေကို သူ့လက်ထဲ ထည့်ပေးသည့်
အခါ အမေသည် အသံစာစာဖြင့် စကား
များစွာပြောလာသည်။
ကျွန်တော်တို့ကိုလည်း ပိုက်ဆံထုတ်ပေးကာ
လက်ဘက်ရည်နှင့် မုန့်ဝယ်ကျွေးသည်။
အကိုတာယာပွကြီးကိုလည်း
"ငါ့သား ပိုက်ဆံ ယူအုံးမလား"
ပြောသည်။ အမေ့က သူ့လက်ထဲ ငွေကိုင်
ရသောအခါ စိတ်ကြည်လင်နေသည်။ ငွေ က
လူ့စိတ်ကို အမှန်ပြောင်းလဲစေသည်။
ဒီတော့ဗျာ ငွေရအောင် ကျွန်တော်က
Trade မိတာပေါ့။ ယခုတဖန် Trade
တာကတော့ Hive နှင့် HBD ကို ပြုလုပ်သည်။
2HBD ကို Hive သို့ ပြောင်းသည်။
HBD ဈေးက တဒေါ်လာကို နည်းနည်းကျော်
သည်။
ယခင်က ထိုသို့ ပြောင်းလဲပါက ချက်ချင်း
ရသည်။ ယခုတော့ ဈေးက အတက်အကျ
ဖြစ်၍လားမသိပေ။ တစ်ရက်ကျော်သည့်အထိ
ပြောင်း၍ မရပေ။ ထိုကြောင့် Cancel
လုပ်ကာ ပြန်ဖျက်လိုက်သည်။ ကိုယ်တွေ
Trade တာက အဲ့သလိုပါဆို။ Trade
သောလမ်းမှာ စမ်းတဝါးဝါး ဆိုသလိုပါလေ။
December 26, 2024@htwegyi
!hiqvote
များများထရိတ် များများမြတ်ပါစေ
!LUV
!LOL
(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily@htwegyi, @walarhein
lolztoken.com
A receding hare line.
Credit: marshmellowman
$LOLZ on behalf of walarhein
(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@htwegyi, I sent you an
ခုမှ စမ်းတဝါးဝါး။
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our